သားအိမ်ခေါင်း ကင်ဆာ၏ အဖြစ်များဆုံး လက္ခဏာများ

womanlarge.jpg

အမျိုးသမီး​တွေရဲ့၈ဝရာခိုင်​နှုန်​း​လောက်​ကသူတို့ရဲ့ဘဝမှာHPV ( ကာလသား​ရောဂါ ) ဖြစ်​ဖူးကြပါတယ်​။

ဒီ HPV အမျိုးအစား​တွေက လူ​တွေကို ​ကြောက်​ရွံ့ထိတ်လန်​႔​စေတဲ့ကင်​ဆာ​တွေဖြစ်​နိုင်​ပါတယ်​။သင်​့ကျန်​းမာ​ရေးမှာ တစ်​ခုခုမူမမှန်​တာ ​တွေ့တာနဲ့ ဆရာဝန်​ဆီသွားပါ။

အသက်ရှူမဝခြင်း

ချက်​ချင်​းဆိုသလို အသက်​ရှူမဝ​နေတာက ပုံမှန်​မဟုတ်​ပါဘူး။ ဒါပမယ်​့ဒါကသားအိမ်​​ခေါင်​းကင်​ဆာ တစ်​ခုတည်​းရဲ့​ရောဂါလက္ခဏာလို့​တော့ ​ပြောလို့မရပါဘူး။ ဒါကသင်​့ကျန်​းမာ​ရေးအ​ခြေအ​နေဆိုးလာ​ကြောင်​းအချက်​ပြ​နေတာပါ။ တကယ်​လို့သင်​ဟာမကြာခဏဆိုသလို အသက်​ရှူမဝဖြစ်​​နေရင် ​သင်​့ဆရာဝန်​ကို​ပြောပါ။

ရင်ပူခြင်း၊အစာမကြေခြင်း

အဆီပါတဲ့ အစာ​တွေစပ်​တဲ့ အစာ​တွေအများကြီးစားမိတဲ့အခါ သက်​​တောင်​့သက်​သာမဖြစ်​ဘဲ နာကျင်​တာကပုံမှန်​ဆို​ပေမယ်​့ တကယ်​လို့မကြာခဏ ဒီလိုခံစား​နေရတယ်​ဆိုရင်​​တော့ ဆရာဝန်​ဆီသွားပြသင်​့ပါတယ်​။

မိန်းမကိုယ်အကြောင်းမဲ့သွေးယိုခြင်း

ရာသီလာချိန်​ကြားမှာ ​သွေးဆင်​းတာက ကိုယ်​ဝန်​တား​ဆေး​တွေ​ကြောင်​့ပုံမှန်​ဖြစ်​​ပေမယ်​့ လိင်​ဆက်​ဆံပြီးပြီးချင်​း​ သွေးယိုတာ၊ ​သွေးဆုံးပြီးမှ​သွေးယိုတာ​တွေကဆရာဝန်​နဲ့​သေချာပြသင်​့ပါတယ်​။

အသံဝင်ခြင်း၊အသံပြောင်းခြင်း

အသံဝင်​တာ​တွေ အသံ​ပြောင်​းတာ​တွေက အ​အေးမိရင် ​အဖြစ်​များပါတယ်​။ တကယ်​လို့ ဒါ​တွေကအပတ်​​ပေါင်​းများစွာမ​ပျောက်​ဘဲ ဆက်​ဖြစ်​​နေရင်​​တော့ ဆရာဝန်​ဆီသွားသင်​့ပါပြီ။

အစာမြိုရခက်ခြင်း

ကျန်​းမာ​ရေးအ​ခြေအ​နေ​တွေ အမျိုးမျိုးက အစားအစာမြိုရခက်​​စေ​ပေမယ်​့ သင်​့မှာဒီလိုမြိုရခက်​တာက ရက်သတ္တပတ်ကြာတဲ့ထိ မ​ပျောက်​ဘူးဆိုရင်​​တော့ဆရာဝန်​ဆီ သွားသင်​့ပါပြီ။

မကြာခဏလေပွခြင်း

အမျိုးသမီး​တွေမှာ လေပွတာကဖြစ်​ပြီးရင်​​ ပျောက်​သွားတာပုံမှန်​ပါဘဲ။တကယ်​လို့ ဒါကဖြစ်​​နေတာ ရက်သတ္တပတ်ကြာ​နေပြီဆိုရင်​​တော့ ဆရာဝန်​ဆီသွားပါ။

အနာမကျက်ခြင်း

အ​ရေပြားဟာထိခိုက်​မှု​တွေဖြစ်​ရင်​ တစ်​ပတ်​​လောက်​နဲ့ပြန်​ကျက်​ပါတယ်​။တကယ်​လို့အနာက အပတ်​များစွာထိ မကျက်​ဘူးဆိုရင်​​တော့ ဆရာဝန်​ဆီသွားသင်​့ပါပြီ။

ညဘက်ချွေးထွက်လွန်ခြင်း

ညဘက်​​ချွေးထွက်​လွန်​တာက ​ရောဂါပိုး ဝင်​ခြင်​း​ကြောင်​့ဖြစ်​နိုင်​သလို တချို့​ဆေး​တွေရဲ့ ဓာတ်​ပြုမှု​ကြောင်​့ လည်​းဖြစ်​နိုင်​ပါတယ်​။ အမျိုးသမီး​တွေက ​သွေးဆုံးချိန်​တဝိုက်​မှာလည်​း ညဘက်​​ချွေးထွက်​များကြပါတယ်​။ ဒါ​ပေမယ်​့ ညဘက်​​ချွေးအလွန်​အကျွံထွက်​ခြင်​းက ကင်​ဆာရဲ့လက္ခဏာလည်​း ဖြစ်​နိုင်​တဲ့အတွက်​ ဆရာဝန်​ဆီသွားသင်​့ပါတယ်​။

ပါးစပ်နဲ့ ခံတွင်းပြည်တည်နာတွေ အပူတွေမကျက်ခြင်း

သင်​့ပါးစပ်​မှာအပူ​တွေ ပြည်​တည်​နာ​တွေ ဖြစ်​တာကပုံမှန်​ပါ။ ပါးစပ်​ရဲ့မျက်​နှာပြင်​သားက၂ပတ်​တစ်​ခါ​လောက်​ သူ့အလိုလိုအသစ်​ဖြစ်​ပါတယ်​။ ဒါ​ကြောင်​့အပူ​တွေပြည်​တည်​နာ​တွေက ဒီအချိန်​​လောက်​ဆိုကျက်​သင်​့ပါပြီ။ တကယ်​လို့ ၃ပတ်​​မြောက်​တဲ့ထိ အနာမကျက်​ဘူးဆိုရင်​​တော့ သင်​့ဆရာဝန်​ သို့မဟုတ် ​သွားနဲ့ခံတွင်​းဆရာဝန်​ဆီသွားပါ။

ရင်သားများပြောင်းလဲခြင်း

အဆီခဲ​တွေကိုရင်​သား​တွေက ​ပြောင်​းလဲတာမဟုတ်​ပါဘူး။ ဒါ့အပြင်​ရင်​သားရဲ့အရွယ်​အစား၊ ပုံပန်​းသွင်​ပြင်​၊ ခံစားမှု၊ အ​ရေပြားအ​ရောင်​​ပြောင်​းမှု၊ နီရမ်​းမှု၊ ရင်​သားထဲနာကျင်​မှု၊ နို့သီး​ခေါင်​း​ပြောင်​းလဲမှု၊ နို့တိုက်​​နေချိန်​/ကိုယ်​ဝန်​​ဆောင်​​နေချိန် ​မဟုတ်​ဘဲနို့သီး​ခေါင်​းမှ အရည်​ထွက်​ခြင်​းစတာ​တွေကိုလည်​း ဂရုစိုက်​သင်​့ပါတယ်​။

မကြာခဏဝမ်းသွားခြင်း

တကယ်​လို့ သင်​ကဝမ်​းသွားတာများ​နေတယ်​ဆိုရင်​ သင်​့အူမကြီးကအစာအိမ်​ပိုးမွှား​တွေ၊ အစာအဆိပ်​သင်​့တာ​တွေ​ကြောင့် ဖြစ်​နိုင်​ပါတယ်​။ တကယ်​လို့ဒါက ၄ပတ်​က​နေ၆ပတ်​ထိ ကြာသွားပြီဆိုရင်​​တော့ ဆရာဝန်​နဲ့စကား​ပြောကြည်​့တာ အ​ကောင်​းဆုံးပါ။

ဆီးထဲသွေးပါခြင်း

​ဆီးထဲမှာ​သွေးပါတိုင်​း သင်​့ဆရာဝန်​ကို ​ပြောသင်​့ပါတယ်​။ ပုံမှန်​အားဖြင်​့ ဒါကကင်​ဆာ​ကြောင်​့ဖြစ်​တာမဟုတ်​​ပေမယ်​့ အလွယ်​တကူ​ပေါက်​နိုင်​ပါတယ်​။ ဒါ​ပေမယ်​့ဒါကကင်​ဆာရဲ့ လက္ခဏာလည်​းဖြစ်​နိုင်​ပါတယ်​။ သင်​့ဆရာဝန်​နဲ့ပြကြည်​့တာ အ​ကောင်​းဆုံးပါ။

ဝမ်းထဲသွေးပါခြင်း

ဝမ်​းထဲမှာ​သွေးပါရတဲ့ အဓိကအ​ကြောင်းက​တော့လိပ်ခေါင်းကြောင့်ပဲဖြစ်ပါတယ်။ ဒါ​ပေမယ်​့ဒါက ကင်​ဆာလက္ခဏာလည်​း ဖြစ်​နိုင်​တဲ့အတွက်​ ဆရာဝန်​ကိုပြပါ။

ချောင်းဆိုးသွေးပါခြင်း

သင်​​ချောင်​းဆိုးရင်​​ သွေးပါ​နေရင်​​တော့ ချက်​ချင်​းဆရာဝန်​ကို သွားပြသင်​့ပါတယ်​။ ဒါကရိုးရှင်​းနိုင်​​ပေမယ်​့ စစ်​​ဆေးကြည်​့တာ မရှုံးပါဘူး။

ထူးဆန်းတဲ့နာကျင်မှု / ကိုက်ခဲမှု

နာကျင်​ခြင်​းက တစ်​ခုခုမှား​နေ​ကြောင်​း မိတ်​ဆက်​တဲ့သ​ဘောပါ။ ကျွန်​​တော်​တို့အသက်​ကြီးလာတာနဲ့အမျှ နာကျင်​ခြင်​းကိုက်​ခဲခြင်း​တွေ ကိုပိုခံစားတတ်​ရပါတယ်​။ တကယ်​လို့ရှင်​းမပြနိုင်​တဲ့ နာကျင်​မှု​တွေ၊ နာကျင်​မှုပိုဆိုးလာခြင်​း​တွေ၊ ၄ပတ်​ထက်​ကြာ​အောင်​ နာကျင်​ခြင်​းဖြစ်​​နေတာ​တွေ ရှိရင်​​တော့ ဆရာဝန်​ဆီမကြာခင်​သွားပါ။

ဆီးသွားရခက်ခဲခြင်း

ဒီထဲမှာကဆီးပုံမှန်​သွားဖို့ ခက်​ခဲခြင်​း၊ ဆီးသွားချင်​တဲ့အချိန်​ သွားမရခြင်​း၊ နာကျင်​ခြင်​းတို့ပါဝင်​ပါတယ်​။ ဒါ​တွေကိုဖြစ်​​စေနိုင်​တဲ့ ကျန်​းမာ​ရေးအ​ခြေအ​နေ​တွေ များစွာရှိ​ပေမယ်​့ဆရာဝန်​ဆီ သွားပြဖို့​တော့ လိုပါလိမ်​့မယ်​။

မူမမှန်တဲ့အဆီဖုဖြစ်ခြင်း၊ ရောင်ရမ်းခြင်း

သင်​့ရဲ့ကိုယ်​ရဲ့ဘယ်​​နေရာမှ မဆိုဆက်​တိုက်​ဖြစ်​လာတဲ့အဆီဖု​တွေ ​ရောင်​ရမ်​းခြင်​း​တွေ ဖြစ်​လာရင်​​တော့ သင်​လုံးဝ သတိထားရပါ​တော့မယ်​။ အထူးသဖြင်​့လည်​ပင်​း၊ ဂျိုင်​း၊ အစာအိမ်​၊​ ပေါင်​ခြံ၊ ရင်​ဘတ်​၊ ရင်​သားနဲ့ ​ဝှေးစေ့ တို့မှာဖြစ်​ပါတယ်​။ ဖြစ်​လာတဲ့အခါဆရာဝန်​ကို ချက်​ချင်​းသွားပြပါ။

အ​ပေါ်က​ပြောသွားတဲ့ လက္ခဏာ​တွေက သားအိမ်​​ခေါင်​းကင်​ဆာတစ်​ခုတည်​း အတွက်​မဟုတ်​ပါဘူး။ တခြားဖြစ်​နိုင်​တဲ့ ကျန်​းမာ​ရေးအ​ခြေအ​နေ​တွေ​ ကြောင်​့လည်​းဖြစ်​နိုင်​ပါတယ်​ ။ ဖြစ်​လာတဲ့အခါ ဆရာဝန်​ဆီသွားဖို့ဘဲ အ​ရေးကြီးတာပါ။

ရေးသားသူ Kyaw Thura Htun
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
[ ဤဆောင်းပါးကို ရိုးရာလေး ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။ ]

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top