Song- song couple ဆိုပြီး ပရိသတ် အချစ်တွေကို အပြည့်အဝ ရရှိထားတဲ့ ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေဂျိုတို့ နှစ်ဦးရဲ့ မင်္ဂလာပွဲကိုတော့ အောက်တိုဘာ ၃၁ ရက်နေ့မှာ ကျင်းပတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါပြီ။ သူတို့ရဲ့ မင်္ဂလာပွဲကိုတော့ တောင်ကိုရီးယားနိုင်ငံ၊ ရှီလာဟိုတယ်မှာ ကျင်းပ ပြုလုပ်သွားမှာပါ။ ရှီလာဟိုတယ်ဟာ ဆိုရင်တော့ တောင်ကိုရီးယားနိုင်ငံရဲ့ မင်္ဂလာပွဲ ကျင်းပရာ မင်္ဂလာနေရာတွေထဲ အခမ်းနားဆုံး နေရာ တစ်ခု ဖြစ်ပါတယ်။ မင်္ဂလာပွဲမှာ အခမ်းအနားမှူးအဖြစ် တာဝန်ယူဆောင်ရွက်ပေးမယ့်သူကတော့ နာမည်ကျော်အနုပညာရှင်တွေထဲက မဟုတ်ဘဲ ဆောင်ဂျွန်ကီရဲ့ ငယ်သူငယ်ချင်း ဖြစ်မယ်လို့ သိရပါတယ်။ ဒါ့ပြင် ဆောင်းဟေဂျို ရဲ့ အချစ်ဆုံး သူငယ်ချင်း အုတ်ဂျူဟွန်းက မင်္ဂလာ သီချင်း သီဆိုပေးမှာ ဖြစ်ပါတယ်။ ဟန်းနီးမွန်း ခရီး အနေနဲ့တော့ ဥရောပကို သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ကြင်စဦး ဇနီးမောင်နှံ အနေနဲ့ နေထိုင်မယ့်အိမ်ကိုတော့ ဇန်နဝါရီလကတည်းက ဝယ်ယူခဲ့တာ ဖြစ်ပြီး အဆိုပါ အိမ်ကိုတော့ မကြာသေးခင်ကမှ ပြင်ဆင်လို့ ပြီးခဲ့တာပါ။ လက်ထပ်မယ့် သတင်းကို တရားဝင်ကြေညာပြီးတဲ့ နောက် ဘယ်တော့ လက်ထပ်မလဲဆိုပြီး အားလုံးက စောင့်ကြည့်နေကြတဲ့ ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေဂျိုတို့ရဲ့ မင်္ဂလာပွဲကတော့ နောက်ထပ် ရက်သတ္တပတ် တစ်ခု အကြာမှာ ကျင်းပ ပြုလုပ်တော့မှာပဲ ဖြစ်ပါတယ်။ Ref: Soompi: Song Joong Ki And Song Hye Kyo’s Wedding And Honeymoon Details Revealed Zym (ရိုးရာလေး)
အောက်တိုဘာ ၃၁ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပမယ့် ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေဂျို
