ခရီးသွားဧည့်သည်တွေကို အခက်အခဲ ဖြစ်စေတဲ့ တရုတ်နိုင်ငံက ဖန်တံတား

bi2.jpg

တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ်ကို လာရောက် လည်ပတ်တဲ့ ခရီးသွား ဧည့်သည်တွေကတော့ ဖန်တံတားပေါ်မှာ ဖြတ်သန်းသွားဖို့ အခက်ကြုံနေကြပါတယ်။ ကျင်းဟွာမြို့ ရဲ့ သဘာဝ အပန်းဖြေစခန်းမှာ တည်ဆောက်ထားတဲ့ မီတာ ၃၀၀ ကျော် အရှည်ရှိ ဖန်တံတားကြောင့် ခရီးသွားတွေ နှလုံးခုန် ရပ်မတတ် ကြောက်နေကြပါတယ်။ ဖန်တံတားက တောင်ချောက်ကမ်းပါး ၂ ခုကို ဆက်ထားပြီး တောင်ကြားကြမ်းပြင်အထက် မီတာ ၅၀၀ အမြင့်မှာ ဆောက်ထားတာ ဖြစ်လို့ ရင်သပ်ရှုမောဖွယ်ရာပါ။

ဖန်ပြင်ပေါ်မှာ မလျှောက်ရဲတဲ့ ခရီးသွားတွေကတာ့ အဖော်ဖြစ်သူကို အားကိုးပြီး ကြောက်ကြောက်နဲ့ ဖြတ်ကူးရပါတယ်။ တစ်ချို့ ခရီးသွားတွေကတော့ ကြောက်လွန်းအားကြီးလို့ တံတားပေါ်မှာ မတ်တပ် မရပ်ရဲသလို တောင်ကြားကို ငုံ့ကြည့်ဖို့လည်း မဝံ့ရဲကြပါဘူး။

အပန်းဖြေစခန်းမှာ ဖျော်ဖြေရေး အစီအစဉ်တွေ များစွာ ကျင်းပသလို အထူးလျှော့ဈေးတွေလည်း ရှိတာကြောင့် ခရီးသွားများစွာ လာရောက် လည်ပတ်ကြပါတယ်။

ဖန်တံတားကို သွားမယ်ဆိုရင် ကေဘယ်လ်ကားတွေ ( cable cars) နဲ့ သွားရတာဖြစ်ပြီး လက်မှတ်ဖိုးကတော့ တရုတ်ငွေယွမ် ၃၅ လောက်ကုန်ကျပါတယ်။

ခရီးသွားအများစု အလည်အပတ်သွားရောက်နေတဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့အတွက် တစ်နေ့နေ့တော့ ဒီနေရာကို ရောက်အောင်သွားဖို့သင့်ပါတယ်နော်။ စာဖတ်သူတွေအနေနဲ့ ဖန်တံတားကို သွားဖြစ်ခဲ့ရင် သတ္တိရှိရှိဖြတ်လျှောက်ရဲမယ်လို့ထင်ပါတယ်။

Reference: CGTN “tourists brave glass-bottomed bridge in east-china”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top