သမိုင်းဝင် စပိန်ရွက်သင်္ဘောပျက်ကနေ တွေ့ရှိခဲ့တဲ့ အဖိုးတန်ရတနာများ

5-8-2022-yyl22.jpg

စပိန်ရွက်သင်္ဘောပျက်ကနေ တွေ့ရှိခဲ့တဲ့ အဖိုးတန်ရတနာများ

၁၆၅၆ ခုနှစ်က သန္တာကျောက်တန်းနဲ့ တိုက်မိပြီး ဘဟားမားကျွန်းအနီးမှာ နှစ်မြုပ်သွားတဲ့ စပိန်ရွက်သင်္ဘောကြီး Nuestra Señora de las Maravillas (Our Lady of Wonders) ကနေ အံ့ဖွယ်ကောင်းတဲ့ ကျောက်မျက်ရတနာပစ္စည်းတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကနုတ်ထွင်း ရွှေကွင်း ၈၀ နဲ့ ပြုလုပ်ထားပြီး အလေးချိန် ၂ ပေါင်၊ အရှည် လက်မ ၇၀ ရှိတဲ့ ရွှေစလွယ်

Allen Exploration ရဲ့ ရတနာရှာဖွေသူ ရေငုပ်သမားတွေက ဘဟားမားအစိုးရရဲ့ ခွင့်ပြုချက် ရယူပြီး ရတနာတွေ ရှာဖွေခဲ့တာပါ။ အဲဒီရတနာတွေကို ပြီးခဲ့တဲ့တစ်ပတ်က ပထမဆုံးအကြိမ် ခင်းကျင်းပြသခဲ့တာပါ။

သူတော်စင်ဂျိမ်းစ်ရဲ့ ဆန်တီယာဂိုလက်ဝါးကပ်တိုင်ကို အလယ်ဗဟိုမှာ ထည့်သွင်းထားတဲ့ လည်ဆွဲ
မြကျောက်ကို ရွေကွပ်ထားတဲ့ လည်ဆွဲ

တွေ့ရှိခဲ့တဲ့ ရတနာတွေထဲမှာ ကနုတ်ထွင်း ရွှေကွင်း ၈၀ နဲ့ ပြုလုပ်ထားပြီး အလေးချိန် ၂ ပေါင်၊ အရှည် လက်မ ၇၀ ရှိတဲ့ ရွှေစလွယ်ကတော့ အထူးခြားဆုံးပဲလို့ ဆိုပါတယ်။

သူတော်စင်ဂျိမ်းစ်ရဲ့ ဆန်တီယာဂိုလက်ဝါးကပ်တိုင်ကို အလယ်ဗဟိုမှာ ထည့်သွင်းထားတဲ့ လည်ဆွဲ
ကိုလံဘီယာမြကျောက် ၆၅ လုံးကို ရွှေကွပ်ပြီး လက်ဝါးကပ်တိုင်ပုံစံ ပုံဖော်ထားတဲ့ ရတနာပစ္စည်း တစ်ခု
စပိန်ရွက်သင်္ဘောပျက်ကနေ တွေ့ရှိခဲ့တဲ့ အဖိုးတန်ရတနာများ

Ref: Priceless Lost Jewels From Legendary Maravillas Shipwreck Are Finally Found in Bahamas

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top