မိန်းကလေးတွေမှာဖြစ်တတ်တဲ့ ဟော်မုန်းဓာတ် မညီမျှခြင်းရဲ့ လက္ခဏာရပ်များ

hh1-2.jpg

စိတ်မတည်မငြိမ်ဖြစ်လို့နေလား။ နေထိုင်မကောင်းဖြစ်နေလား။ အဲဒါဆိုရင်တော့ စဉ်းစားစရာ အကြောင်းအရင်းတစ်ခုပဲရှိပါတယ်။ အဲဒါကတော့ ခန္ဓာကိုယ်မှာရှိတဲ့ ဟော်မုန်းဓာတ်ပါပဲ။ ဟော်မုန်းဓာတ်ကို ကျွန်မတို့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အန်တိုခရင်း (endocrine) ဆိုတဲ့ဟော်မုန်းစနစ်နဲ့ ဖန်တီးထားပါတယ်။ ဆာလောင်ခြင်းနဲ့ ဇီဝဖြစ်စဉ်တွေလို အခြေခံကိစ္စတွေကစပြီး စိတ်ခံစားချက်၊ စိတ်အခြေအနေလို ပိုပြီး ရှုပ်ထွေးလှတဲ့ ဖြစ်စဉ်တွေအထိ ခန္ဓာကိုယ် လုပ်ဆောင်ချက်အများစုကို ထိန်းပေးပါတယ်။

ရွှေဈေးလိုပဲ ဟော်မုန်းဓာတ်တွေက မတည်မငြိမ်၊ တက်လိုက်ကျလိုက် ဖြစ်တတ်ပါတယ်။ ဟော်မုန်းဓာတ်တွေ တတ်လိုက်ကျလိုက်နဲ့ မတည်မငြိမ်ဖြစ်ခြင်းက ကိုယ်အလေးချိန်တက်ခြင်း၊ ကျခြင်း၊ စိတ်အခြေအနေ မတည်ငြိမ်ခြင်းတွေရဲ့အကြောင်းအရင်း ဖြစ်နိုင်ပါတယ်။

ခန္ဓာကိုယ်မှာ ဟော်မုန်းအမျိုးအစား အများကြီးရှိပါတယ်။ တချို့ဟော်မုန်းဓာတ်တွေက အမျိုးသမီးတွေရဲ့ နေ့စဉ်ကျန်းမာရေးမှာ အဓိကကဏ္ဍအနေနဲ့ ပါဝင်ပါတယ်။ ဟော်မုန်းဓာတ်တွေ ညီမျှမှသာ ကျွန်မတို့ရဲ့ခန္ဓာကိုယ်က နေလို့ထိုင်လို့ကောင်းမှာပါ။ ကျွန်မတို့ န္ဓာကိုယ်မှာရှိတဲ့ ဟော်မုန်းဓာတ်တွေ မညီမျှမှုတွေ ဖြစ်လာတဲ့အခါ အဖြစ်များဆုံး လက္ခဏာရပ်တချို့ကို စာဖတ်ပရိသတ်တွေ သိရှိစေဖို့ မျှဝေပေးလိုက်ရပါတယ်။

  • ရာသီလာချိန်မမှန်ခြင်း၊
  • အိပ်မပျော်ဖြစ်ခြင်း၊
  • ဝက်ခြံခဏခဏပေါက်ခြင်း၊
  • ခေါင်းမကြည်ခြင်း၊
  • ပင်ပန်းနွမ်းလျခြင်း၊
  • အစာခြေပြဿနာတွေရှိလာခြင်း၊
  • စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေ ခံစားရခြင်း၊
  • စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊
  • ခဏခဏဆာလောင်ခြင်း၊
  • ကိုယ်အလေးချိန်တက်ခြင်း၊
  • ရာသီလာခါနီး (သို့) ရာသီလာချိန်အတွင်း ခေါင်းကိုက်ခြင်း၊
  • သားအိမ်လမ်းကြောင်းကျိန်းစပ်ခြင်း၊
  • အရိုးပွရောဂါရှိလာခြင်း၊
  • ဆံပင်တွေပါးလာခြင်း၊
  • ကလေးမရနိုင်ခြင်း၊
  • ရင်တုန်ပန်းတုန်ဖြစ်ခြင်း

တချို့ ဟော်မုန်းဓာတ် မညီမျှခြင်းက ဆေးသောက်ဖို့ လိုအပ်နိုင်ပေမဲ့ နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနဲ့လည်း ဟော်မုန်းဓာတ် ညီမျှအောင် လုပ်လို့ရပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသောက်တာ၊ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပြုလုပ်ပေးတာ၊ အိပ်ရေဝဝ အိပ်စက်တာတွေက ဟော်မုန်းဓာတ် မညီမျှမှုတွေ ဖြစ်မလာအောင် ထိန်းပေးနိုင်မှာပဲ ဖြစ်ပါတယ်။

Ref: Signs of a Hormonal Imbalance

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top