ဂျိမ်းစ်ဒီဂေးကို အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ကို ပစ်မှတ်ထားလာတဲ့ ယူဘန့်ဂျူနီယာ

ss5.jpg

ဂျိမ်းစ်ဒီဂေးကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ ယူဘန့်ဂျူနီယာဟာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို စိန်ခေါ်နိုင်မယ့်သူစာရင်းမှာ ပါဝင်လာခဲ့ပါပြီ။ လန်ဒန်မြို့က O2 အားကစားရုံမှာ ကျင်းပခဲ့တဲ့ စူပါမစ်ဒယ်ဝိတ်တန်း ပွဲစဉ်မှာ ယူဘန့်ဂျူနီယာက ဒီဂေးကို နှစ်ကြိမ်တိုင်တိုင် လှဲသိပ်နိုင်ခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝမှာ
အကောင်းဆုံး နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

အသက် (၂၉) နှစ်အရွယ်ရှိတဲ့ ယူဘန့်ယူနီယာဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကတည်းက စူပါမစ်ဒယ်ဝိတ်တန်း(၁၆၈ ပေါင်-၇၆ ကီလိုဂရမ်)မှာ ထိုးသတ်နေပြီး မစ်ဒယ်ဝိတ်တန်း(ပေါင် ၁၆၀- ၇၂.၅ ကီလိုဂရမ်) ပွဲစဉ် ထိုးသတ်နိုင်ခြင်း မရှိသေးပါဘူး။ ယူဘန့်ဂျူနီယာအနေနဲ့ မစ်ဒယ်ဝိတ်တန်းမှာ ပြန်ထိုးနိုင်ရင် အောင်မြင်မှုရဖို့ အကောင်းဆုံးအခွင့်အရေး ပိုင်ဆိုင်လိမ့်မယ်လို့ သုံးသပ်ခံထားရသူပါ။

ဒီဂေးကတော့ ယူဘန့်ဂျူနီယာကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ လက်ဝှေ့လောကကနေ အနားယူဖို့ သေချာသလောက်ရှိသွားပြီလို့ အတည်ပြုခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top