မင်္ဂလာ ဆိုသည့် ဝေါဟာရကိုတော့ လူတိုင်း ရင်းနှီးပြီးသားပါ။ အခြေခံပညာကျောင်းတက်စဉ်က “မင်္ဂလာပါ ဆရာ/မ” ဆိုပြီး နှစ်ပေါင်းများစွာ ဆိုခဲ့ပြီး မဟုတ်ပါလော။ ဤယဉ်ကျေးသောဓလေ့ကို ကျောင်းပြင်ပမှာ အများစုက ပစ်ပယ်လိုက်ကြပြီး လူနည်းစုအချို့ကသာ ဆက်လက်ကျင့်သုံး နှုတ်ခွန်းဆက်ပါတော့သည်။
“မင်္ဂလာ” ကို “မင်္ဂံ ပါပံ လုနာတိ ဆိန္ဒတီတိမင်္ဂလံ” ဟု အနက်ဖွင့်ဆိုထားကြသည်။ ဆိုလိုရင်းမှာ “မကောင်းမှု အကုသိုလ်တရားကို ရိတ်ဖြတ်တတ်၏။ ထို့ကြောင့် မင်္ဂလာမည်၏။” ဖြစ်သည်။ အဖြောင့်အတိုင်း ပြောရသော် မကောင်းမှု အကုသိုလ်ကို ကိုယ်၊ နှုတ်၊ စိတ် သုံးပါးတို့ဖြင့် မပြုကျင့်သောအချိန်တိုင်းသည် မင်္ဂလာရှိသောအချိန်များ ဖြစ်သည်။ အကယ်၍ မိမိသည် မကောင်းမှု အကုသိုလ်ကို နံနက်၊ နေ့လည်၊ ည သုံးပါးလုံး ရှောင်ကျဉ်သည်ရှိသော် ထိုနေ့တစ်နေ့လုံးသည် မိမိအတွက် မင်္ဂလာရှိသောနေ့ပင် ဖြစ်တော့သည်။
မဟာစည်နာယက အသုတ်ဆရာတော် ဘဒ္ဒန္တသောပါက ဟောကြားသော “နှုတ်ဆက်ပါ၏ ကြိုဆိုပါ၏” တရားတော်မှ မင်္ဂလာအနက်ဖွင့်ဆိုချက်ကို မှီငြမ်းသည်။
Photo : unicef.org
ချမ်းမြေ့ (ရိုးရာလေး)