(၂၀၂၁) မှာ ထွက်ရှိလာမယ့် “Sherlock Holmes” နောက်ဆက်တွဲ ဇာတ်ကားအသစ်

shar1.jpg

နာမည်ကြီးစုံထောက်ဇာတ်ကား “Sherlock Holmes” ရဲ့တတိယမြောက်ဇာတ်ကားကို (၂၀၂၁) ခုနှစ်မှာ ထွက်ရှိတော့မယ်လို့ သိရပါတယ်။ အရင်တုန်းကတော့ (၂၀၂၀) ခုနှစ် ခရစ်စမတ်ကာလမှာ ထွက်ရှိဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ အရင်ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ ရောဘတ် ဒေါင်းနီ ဂျူနီယာ (Robert Downey Jr) နဲ့ ဂျူဒ် လော (Jude Law) တို့က ဗြိတိန်စုံထောက်ရှားလော့ခ်ဟုမ်းစ်နဲ့ ဒေါက်တာဂျွန် ဝက်ဆန်တို့ အဖြစ် နောက်ထပ်ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

Sherlock Holmes (1) နဲ့ (2) ကို Aladdin ကာတွန်းကားကို အသက်သွင်းရိုက်ကူးနေတဲ့ ဂိုင် ရစ်ချီ (Guy Ritchie) က ရိုက်ကူးခဲ့တာဖြစ်ပြီး Sherlock Holmes (3) ကို သူပဲ ရိုက်ကူးဖြစ်မလားဆိုတာတော့ မသိရှိရသေးပါဘူး။

ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ဂျူဒ် လော က ဒီဇာတ်ကားအကြောင်းနဲ့ ပတ်သက်ပြီး အနည်းငယ်ကိုတော့ ထုတ်ပြောပြခဲ့ဖူးပါတယ်။ “ကျွန်တော်တို့ ဇာတ်လမ်းကို ရှေ့ဆက်ဖို့ မျှော်လင့်ရပါတယ်။ အမြဲတမ်းအနေနဲ့တော့ ဇာတ်လမ်းရဲ့အနှစ်သာရက သူတို့ရဲ့စိတ်ခံစားမှုအပေါ်မှာ မူတည်ပါတယ်။ နှစ်တွေအများကြီးကတည်းက ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေရပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒုတိယမြောက်ကား “Sherlock Holmes ( A Game of Shadows)” ရုပ်ရှင်ကားကို ဂျိန်းစ် မော်ရီရာတီ (James Moriarty) နဲ့ ရှားလော့ခ် (Sherlock) တို့ သေဆုံးသွားတဲ့အခန်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမဲ့ အခု နောက်ဆက်တွဲ ဇာတ်ကားအသစ်မှာ ရှားလော့ခ်က အသက်ပြန်ရှင်လာမှာဖြစ်ပါတယ်။

စာရေးဆရာ အာသာကိုနင်ဒွိုင်း ဖန်တီးစာရေးဆရာကြီး ဆာအာသာကိုနင်ဒွိုင်း ဖန်တီးခဲ့တဲ့ Sherlock Holmes ဆိုတဲ့ ဇာတ်ကောင်က လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာကတည်းက ပေါ်ခဲ့တာကြောင့် မသိတဲ့သူမရှိသလောက်ပါပဲ။ ထွက်ရှိသမျှ Sherlock Holmes ဇာတ်ကားတွေကလည်း အောင်မြင်မှုရရှိခဲ့ပါတယ်။

Ref: New ‘Sherlock Holmes’ film to release in 2021
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top