မင်္ဂလာဝတ်စုံဝတ်ပြီး နိုင်ငံ (၃၃) ခုကို ဟန်နီးမွန်းထွက်ခဲ့တဲ့ သတို့သမီး

bb2-1-e1552446719733.jpg

နိုက်ခ် (Nick) နဲ့ ဇိုဝီ (Zoe) လို့အမည်ရတဲ့ အချစ်ငှက်လေးနှစ်ဦးဟာ မင်္ဂလာပွဲပြီးနောက် ၎င်းတို့နှစ်ဦးရဲ့ ဟန်နီးမွန်းခရီးစဉ်ကို အများနဲ့မတူဘဲ နိုင်ငံပေါင်း (၃၃) နိုင်ငံအထိသွားပစ်ခဲ့ပါတယ်။ အဲဒီလိုခရီးရှည်ထွက်ရဖို့အတွက် ဇိုဝီက သူ(မ)လက်ရှိလုပ်နေတဲ့အလုပ်ကနေတောင် နားပစ်ခဲ့ရတယ်လို့ဆိုပါတယ်။

နိုက်ခ်ရော၊ ဇိုဝီရောက အထက်တန်းကျောင်းတစ်ကျောင်းတည်းကို အတူတက်ခဲ့ကြပေမဲ့လို့ တစ်ဦးနဲ့တစ်ဦးသတိတောင်မထားခဲ့ကြဘူးလို့ဆိုပါတယ်။ နှစ်အနည်းငယ်ကြာပြီး ပြန်ဆုံဖြစ်တော့မှ ခရီးသွားရတာဘယ်လောက်နှစ်ခြိုက်ကြောင်းတွေကိုဝေမျှကြရင်းချစ်ကြိုးသွယ်ခဲ့ကြတာလို့ ဆိုပါတယ်။

“တစ်နှစ်ခွဲလောက်တွဲပြီးတဲ့နေ့မှာတော့ လာမယ့်အားလပ်ရက်အတွက် ခရီးစဉ်တွေကြိုဆွဲနေကြပါပြီ။ အစီအစဉ်ကတော့ ပထမဆုံးအိုက်စ်လန်း (Iceland) ကိုသွားမယ်။ အဲဒီကနေမှ ပဲရစ်ကိုဝင်ကြမယ်ပေါ့။ ပဲရစ်မှာရှိနေတုန်း သူကတစ်ရက်ကျွန်မကို မနက်စာစားဖို့နိုးပါတယ်။ ကျွန်မလည်းသွားစားဖို့လမ်းလျှောက်သွားနေတုန်းမှာမှ သူကရုတ်တရတ်ဒူးထောက်ထိုင်ချလိုက်ပြီး အီဖယ်တာဝါ (Eiffel towel) ရှေ့မှာ လက်ထပ်ခွင့်တောင်းတော့တာပါပဲ” လို့၎င်းတို့ရဲ့ရိုမန့်တစ်ဆန်တဲ့ဇာတ်လမ်းလေးကိုလည်း အခုလိုပဲ ကြည်နူးဖွယ်ပြောပြခဲ့ပါသေးတယ်။

 

ဒီလိုခရီးတွေအမြောက်အမြားထွက်နိုင်ဖို့ကိုလည်း နှစ်ယောက်လုံးက အချိန်နှစ်နှစ်လောက်ယူပြီး ငွေအတော်လေးစုခဲ့ကြရပါတယ်။ ခရီးစဉ်နဲ့ မင်္ဂလာပွဲအတွက် နိုက်ခ်ရဲ့ကုမ္မဏီကိုပါရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ “ကျွန်မအခုဆို အသက် (၂၈) နှစ်ရှိပါပြီ။ အခုမှမသွားရင် ဘယ်တော့သွားရတော့မှာပါလဲ။ ဒါကြောင့်ပဲ ဒီခရီးသွားမယ့်အစီအစဉ်ကို မြန်မြန်အကောင်အထည်ဖော်လိုက်တာလို့” ဇိုဝီကဆိုပါတယ်။

 

“နောက်ပြီး ကျွန်မတို့သွားခဲ့တဲ့အထင်ကရဘယ်နေရာတွေမှာမဆို မင်္ဂလာဆောင်တုန်းကဂါဝန်လေးနဲ့ပဲ ဓာတ်ပုံရိုက်ပြီး အမှတ်တရတွေကို စုဆောင်းခဲ့ပါတယ်။ ပုံတွေကလည်း တော်တော်လေးမိုက်ပါတယ်” လို့ဇိုဝီကပြောသွားခဲ့ပါတယ်။

Ref : thisinsider.com “A newlywed couple traveled to 33 countries for their honeymoon, and the bride wore her dress the whole time”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top