ဂဠုန်ဦးစောဇာတ်ရုပ်အတွက် သရုပ်ဆောင်လျှောက်ထားနိုင်

8-6-2020-yyl-016.jpg

အောင်ဆန်းရုပ်ရှင်မှာ ဂဠုန်ဦးစောဇာတ်ရုပ်ကို သရုပ်ဆောင်ရန် စိတ်ဝင်စားသူတွေအနေနဲ့ ဇွန် လ (၃၀) ရက်နေ့ နောက်ဆုံးထားကာ လျှောက်ထားနိုင်တယ်လို့ အောင်ဆန်းရုပ်ရှင် facebook စာမျက်နှာမှာ ကြေညာထားပါတယ်။

စိတ်ပါဝင်စားသူတွေအနေနဲ့ ပို့စ်မှာ ဖော်ပြထားတဲ့ လျှောက်လွှာပုံစံကို Download ယူကာ အချက်အလက်များဖြည့်ပြီး (5″x7″) အရွယ် ကိုယ်တစ်ပိုင်းပုံ၊ တစ်ကိုယ်လုံးပုံတစ်ပုံစီနဲ့ အတူ အောင်ဆန်းရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေးလုပ်ငန်းကော်မတီ သို့ လျှောက်ထားနိုင်သလို ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာမှတစ်ဆင့်လည်း ပေးပို့ လျှောက်ထားနိုင်တယ်လို့ ဇွန်လ (၆) ရက်နေ့ က ကြေညာချက်အရသိရပါတယ်။

‘‘လျှောက်ထားသူရဲ့ အသက်အရွယ်၊ အရပ်အမောင်း အနည်းငယ်ကွာဟမှုတွေ ရှိခဲ့ပါက ရုပ်ရည်ဆင်တူမှုနဲ့ အမူ အရာကောင်းမွန် (သရုပ်ဆောင်ခြင်းကို ဝါသနာကြီးသူဖြစ်ရမယ်) မှုအပေါ် မူတည်ကာ ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်တယ်လို့’’ ကြေညာချက် အရသိရပါတယ်။

ဂဠုန်ဦးစောဇာတ်ရုပ်ကို အရင်က ဂဠုန်ဦးစောရဲ့ မြစ်တော်စပ်သူ ဇော်ဇော်ပိုင်က သရုပ်ဆောင်ရန် သဘောတူခဲ့ပေမယ့်လည်း မကြာမီရက်ပိုင်းက မိဘအုပ်ထိန်းသူတွေရဲ့ သဘောဆန္ဒ အရ ပါဝင်သရုပ်ဆောင်ရန် မဖြစ်နိုင်တော့ကြောင်း အကြောင်း ကြားခဲ့တယ်လို့ ကြေညာချက်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

အောင်ဆန်းရုပ်ရှင်ကို ၂၀၁၉ စက်တင်ဘာ (၃၀) ရက် က စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး COVID-19 ကြောင့် ရိုက်ကူးရေး မရပ်နားမီ အချိန်အထိ ဇာတ်ကားရဲ့ ၈၀ ရာခိုင်နှုန်း ရိုက်ကူးပြီးစီးပြီ ဖြစ်တယ်လို့ သိရပါတယ်။

Cherry ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top