အသက် (၁၂) နှစ်အရွယ်နဲ့ ဘွဲ့ရခဲ့ကြတဲ့ ဉာဏ်ကြီးရှင်လေးများ

53792498_365902540926942_458276085679783936_n.jpg

မီချယ် ကာနေး (Michael Kearney)

တချို့ကလေးတွေ အထက်တန်းစာမေးပွဲဖြေဆိုဖို့ လုံးပမ်းနေကြချိန်မှာ အရွယ်တူတချို့ကလေးတွေကတော့ ကောလိပ်ဒီဂရီတောင် ယူလို့ပြီးသွားကြပါပြီ။ အသက်လေးတွေက အလယ်တန်းကျောင်းသားအရွယ်ပဲရှိသေးပေမဲ့ ဘွဲ့ဝတ်စုံကြီးဝတ်ပြီး ဘွဲ့နှင်းသဘင်စင်မြင့်ထက်ကိုရောက်လို့နေကြတာပါ။

ထူးထူးခြားခြား ဉာဏ်ကောင်းလွန်းကြတာကြောင့် ငယ်ငယလေးနဲ့ဘွဲ့ရခဲ့တဲ့ ကလေး (၁၂) ယောက်အကြောင်းကို ဒီဆောင်းပါးလေးကနေတစ်ဆင့် ဖော်ပြပေးချင်ပါတယ်။ ဆက်ကြည့်လိုက်ကြရအောင်ပါ။

မီချယ် ကာနေး (Michael Kearney)

၁။ မီချယ် ကာနေး (Michael Kearney)
ယခုအချိန်မှာတော့ အသက် (၃၄) နှစ်ရှိနေပြီဖြစ်တဲ့ မီချယ် ကာနေး (Michael Kearney) ဟာ အသက် (၁၀) နှစ်မပြည့်ခင်မှာပဲ မနုဿဗေဒဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူဟာ ကားတောင်မမောင်းတတ်သေးပါဘူး။

ရှီ ရာနို (Sho Yano)

၂။ ရှီ ရာနို (Sho Yano)
ရှီ ရာနိုကတော့ ၎င်းရဲ့ပထမဆုံးတက္ကသိုလ်ဘွဲ့ကို အသက် (၁၂) တည်းနဲ့ ရိုလိုရတက္ကသိုလ်ကနေရရှိခဲ့ပါတယ်။ ၎င်းဘွဲ့ကိုရရှိဖို့ရာ အချိန် (၃) နှစ်လောက်ပဲယူခဲ့ရပါတယ်။ သူအသက် (၂၁) နှစ်ရောက်တဲ့အချိန်မှာတော့ ချီကာဂိုတက္ကသိုလ်ကပေးတဲ့ မာစတာဒီဂရီကိုတောင် ရပြီးနေပါပြီ။

အရီယာ ဆာဘာ (Alia Sabur)

၃။ အရီယာ ဆာဘာ (Alia Sabur)
အရီယာ ဆာဘာဆိုတဲ့ကလေးမလေးကတော့ သူ(မ)အသက် (၁၀) နှစ်အရွယ်မှာတင် နယူးယောခ့်မှာရှိတဲ့ စတုန်းနီ ဘရောခ့်တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့ပါတယ်။ အသက် (၁၉) နှစ်အရွယ်မှာတော့ တောင်ကိုးရီးယားရဲ့တက္ကသိုလ်တစ်ခုမှာ တက္ကသိုလ်ပါမောက္ခအနေနဲ့ တာဝန်ထမ်းဆောင်နေပါပြီ။

တနီးရှား အဘ်ရာဟမ် (Tanishq Abraham)

၄။ တနီးရှား အဘ်ရာဟမ် (Tanishq Abraham)
တနီးရှား အဘ်ရာဟမ်ကတော့ အသက် (၁၁) လောက်မှာတည်းက ဒီဂရီ (၃) ခုကို ရရှိလေ့လာပြီးခဲ့သူဖြစ်ပါတယ်။ ၎င်းအသက် (၁၄) နှစ်ရောက်တဲ့အချိန်မှာတော့ ဇီဝဖြစ်စဉ်တွေကိုလေ့လာတဲ့ဘာသာရပ်မှာ စီနီယာတစ်ယောက်အနေနဲ့တောင် သင်ယူနေနိုင်ပြီ ဖြစ်ပါတယ်။

ရိုနန် ဖာရို (Ronan Farrow)

၅။ ရိုနန် ဖာရို (Ronan Farrow)
ရုပ်ရှင်သရုပ်ဆောင် မီယာ (Mia) ရဲ့သားဖြစ်သူ ရိုနန် ဖာရို ကတော့ အသက် (၁၁) နှစ်အရွယ်မှာတည်းက ဘတ်ကောလိပ်ကိုဝင်ခွင့်ရခဲ့ပါတယ်။ ၎င်းအသက် (၁၆) နှစ်အရွယ်မှာတော့ ဥပဒေပညာကို စလေ့လာခဲ့ပါတယ်။

မိုရှီ ကိုင် ကယ်ဗင်လင်း (Moshe Kai Cavalin)

၆။ မိုရှီ ကိုင် ကယ်ဗင်လင်း (Moshe Kai Cavalin)
မိုရှီ ကိုင် ကယ်ဗင်လင်းဆိုတဲ့ (၁၀) နှစ်သားလေးဟာ ၎င်းရဲ့ဉာဏ်ရည်သာလွန်မှုကြောင့် လော့စ်အိန်ဂျယ်လ်ကောလိပ်မှာ သင်္ချာဘာသာကိုသင်ယူခွင့်ရခဲ့ပါတယ်။ အသက် (၁၅) နှစ်မှာတော့ UCLA ကပေးတဲ့ တက္ကသိုလ်ပထမဘွဲ့ကိုရပြီး ဖြစ်ပါတယ်။

Ref: thisinsider.com “12 brilliant kids who started college by the time they were 12”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top