ယောက္ခမလောင်းတွေနဲ့ သွားတွေ့ဖို့ ဘာတွေပြင်ဆင်သွားသင့်လဲ

gg2.jpg

အမျိုးသားတွေရဲ့ဘဝမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးနေ့တွေထဲက တစ်ခုကတော့ ချစ်သူကောင်မလေးရဲ့ မိဘတွေနဲ့ တွေ့ဆုံတဲ့နေ့ပါပဲ။ မတွေ့ဆုံခင် တစ်ရက်ကတော့ ဘယ်လို မိတ်ဆက်ရမလဲ၊ မကြာခင် တော်ရတော့မယ့် ယောက္ခမတွေရှေ့မှာ မျက်စိဆံပင်မွေးမစူးအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာတွေ စဉ်းစားရင်းနဲ့ပဲ တစ်ညလုံး အိပ်မပျော်ဖြစ်နေမှာပါ။ တွေ့ဆုံပြီးသွားရင်တော့ ဘာမှမဟုတ်ပေမဲ့ တွေ့ဆုံနေစဉ်အတွင်းမှာတော့ အမှတ် (၁၀၀) ရအောင် ကောင်းတဲ့အရာတွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအတွက် ချစ်သူကောင်မလေးရဲ့မိဘတွေနဲ့ တွေ့ဆုံတဲ့အခါ ဘယ်လိုပြင်ဆင်သွားရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။

ကောင်မလေး မိဘတွေရဲ့ အချစ်ဇာတ်လမ်းအကြောင်းကို နည်းနည်းသိထားပါ

ကောင်မလေးရဲ့မိဘတွေ ကြိုက်တဲ့အရာတွေ၊ မကြိုက်တတ်တဲ့အရာတွေကို သိထားကောင်းသိထားပေမဲ့ သူတို့ရဲ့အချစ်ဇာတ်လမ်းအကြောင်းကို နည်းနည်းသိထားမယ်ဆိုရင် အကူအညီဖြစ်မှာပါ။ သူတို့ကို အိမ်ကပေးစားထားတာလား၊ အချင်းချင်းချစ်ခင်နှစ်သက်ပြီးယူထားကြတာလားဆိုတာပါပဲ။ ဒါကို သိခြင်းက အချစ်၊ ဘဝတွေနဲ့ ပတ်သတ်ပြီး သူတို့ရဲ့ခံယူချက်ကို သိအောင် သင် ပြင်ဆင်သွားနိုင်မှာဖြစ်ပါတယ်။

ဘယ်လိုမျိုး ဝတ်ဆင်သွားသင့်လဲ

ပထမဆုံးအပြုအမူက သင် ဝတ်လာတဲ့အဝတ်အစားပေါ်မှာလည်း မူတည်ပါတယ်။ သင်နဲ့ စကားမပြောခင်မှာ ဝတ်ပုံစားပုံကို ကြည့်ပြီး အကဲဖြတ်လို့ရတာကြောင့်ပါပဲ။ ထသွားထလာအဝတ်အစား (ဒါမှမဟုတ်) အရမ်းကြီး သားသားနားနားဖြစ်တဲ့အဝတ်အစားတွေကို ရှောင်ပါ။ တော်သင့်ရုံ ဝတ်ဆင်ခြင်းကလည်း အကောင်းဆုံးရွေးချယ်မှုပါပဲ။ ကျွန်တော်တို့ ကြိုက်တဲ့အရာတစ်ခုခုကို မြင်ရတာက ကျွန်တော်တို့ကို ပျော်ရွှင်စေတာကြောင့် ကောင်မလေးရဲ့ မိခင်ကြိုက်နှစ်သက်တဲ့အရောင်ကို မေးပြီး အဲဒီအရောင်နဲ့ အဝတ်အစားကို ဝတ်ဆင်ပါ။

လက်ဆောင်ယူသွားပါ

ကောင်မလေး မိဘတွေရဲ့အိမ်မှာ တွေ့ဆုံမယ်ဆိုရင် လက်ဆောင်ယူသွားဖို့ မမေ့ပါနဲ့။ ဒါပေမဲ့ သေသေချာချာ ရွေးချယ်ပါ။ ဈေးကြီးတဲ့လက်ဆောင်တွေ မဝယ်ဖြစ်အောင်တော့ ဂရုစိုက်ပါ။ အကောင်းဆုံး ရွေးချယ်ချက်ကတော့ ချောကလက်၊ စာအုပ် (စာအုပ်ဖတ်တာကြိုက်မယ်ဆိုရင်)၊ ပန်းစည်းတွေပါပဲ။

မာမီ၊ ဒယ်ဒီလို့ မခေါ်မိပါစေနဲ့

ဒီအချက်က ကောင်မလေးရဲ့ မိဘတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတဲ့အခါ အမျိုးသားတွေ လုပ်မိကြတဲ့ အကြီးမားဆုံးအမှားတွေထဲက တစ်ခုပါပဲ။ မာမီ၊ ဒယ်ဒီလို့ သုံးမယ့်အစား ဦးဦး၊ဒေါ်ဒေါ်လို့ ရိုသေသမှုနဲ့ ခေါ်တာ အကောင်းဆုံးပါပဲ။ သူတို့က အဲလိုခေါ်တာ မကြိုက်ဘူးဆိုရင် ဘယ်လိုခေါ်ရမယ်ဆိုတာ သူတို့ ပြောပြမှာပါ။

ဖုန်းပိတ်ထားပါ

ဒါက ကျိုးကြောင်းမဆီလျော်တဲ့အကြံပေးချက် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့တွေ့ဆုံပွဲဖြစ်တာကြောင့် သင့်ဖုန်းကို ပိတ်ထားသင့်ပါတယ်။ ဖုန်းပိတ်ထားဖို့ အဆင်မပြေရင်တော့ Silent Mode လုပ်ထားလို့ရပါတယ်။

သူတို့ ရိုင်းရင်တောင် သူတို့အပေါ် ကောင်းပေးပါ

တွေ့ဆုံပွဲက ကောင်းတာတွေဖြစ်လာနိုင်သလို မကောင်းတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ကောင်မလေးရဲ့မိဘတွေက သင်တို့ရဲ့relationshipကို လက်ခံလိုက်မယ်ဆိုရင်တော့ ဝမ်းသာစရာပါပဲ။ တကယ်လို့ သဘောမတူပဲ သင့်ကို ရိုင်းပျစွာ ဆက်ဆံခဲ့မယ်ဆိုရင် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး ယဉ်ကျေးစွာနဲ့ပဲ ဆက်ဆံသင့်ပါတယ်။ အချစ်ဇာတ်လမ်းအားလုံးက ဖြောင့်ဖြူးတယ်လို့ မရှိပါဘူး။ သူတို့က သင့်ချစ်တဲ့ကောင်မလေးရဲ့ မိဘတွေဖြစ်တာကြောင့် ရိုးသားလေးစားမှုနဲ့ ယဉ်ကျေးစွာ ဆက်ဆံရမှာပါ။

ဒီအကြာင်းအရာလေးက ချစ်သူကောင်မလေးရဲ့မိဘတွေနဲ့ သွားတွေ့စရာရှိတဲ့သူတွေအတွက် အကူအညီဖြစ်စေမှာပါနော်။

Ref: Are you planning to meet your girlfriend’s parents? Here’s what you need to do first
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top