ထရပ်ကားအောက်မှာ ကင်မရာတွေ တပ်ပြီး စကတ်အောက် ဓာတ်ပုံ ပင့်ရိုက်တဲ့ ဂျပန်အမျိုးသားကို ဖမ်းဆီး

25.7.23-yyl-5.jpg

စကတ် ဝတ်ထားတဲ့ မိန်းကလေးငယ်တွေကို အောက်ကနေ ဓာတ်ပုံပင့်ရိုက်ဖို့အတွက် ထရပ်ကားအောက်မှာ ကင်မရာတွေ တပ်ဆင်ထားတဲ့ အမျိုးသားတစ်ဦးကို ဂျပန်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သံသယရှိသူဟာ ကျိုတိုမြို့မှာ နေထိုင်တဲ့ အသက် ၄၄ နှစ်အရွယ် နီရှီမူရာဖြစ်ပါတယ်။ သူ့ရဲ့ထရပ်ကားအောက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားတာ တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့ က သူ့အိမ်ကို စီးနင်းရှာဖွေရာမှာ မဖွယ်မရာ ဗီဒီယိုဖိုင် ရာနဲ့ချီ သိမ်းဆည်းထားတဲ့ hard drive အလုံး ၃၀ တွေ့ရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ ထိခိုက်နစ်နာရသူ ထောင်ချီ ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ နီရှီမူရာဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကနေ ဒီဇင်ဘာလအတွင်း ကျိုတိုနဲ့ အူဂျီမြို့တွေမှာ မိန်းကလေးငယ်တွေကို မဖွယ်မရာ ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ခဲ့တယ်လို့ ယူဆထားပါတယ်။ ဗီဒီယိုမှတ်တမ်းတွေအရ သူ ဒီလို ဗီဒီယိုရိုက်နေတာ ၁၁ နှစ်ကျော် ကြာမြင့်နေတာ တွေ့ရပါတယ်။

သူ့ရဲ့ မဖွယ်မရာ ဗီဒီယိုဖိုင်တစ်ခုကို မြင်တွေ့ခဲ့ပြီးနောက်မှာ မသင်္ကာတဲ့ အမျိုးသမီးက နီရှီမူရာကို တိုင်ကြားခဲ့တာပါ။ နီရှီမူရာကတော့ စွဲချက်တွေကို ငြင်းဆန်ခဲ့ပြီး လမ်းကျဉ်းထဲမှာ ကားရပ်ဖို့ နေရာရှာရင်း ကားကို ဖြည်းဖြည်းချင်း မောင်းသွားခဲ့တာလို့ ဖြေရှင်းခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဖြေရှင်းချက်ထဲမှာ ထရပ်ကားအောက် ကင်မရာ တပ်ဆင်ထားတဲ့ အကြောင်းပြချက် ပေးခဲ့ခြင်းမရှိပါဘူး။

နီရှီမူရာရဲ့ နေအိမ်မှာ တွေ့ခဲ့ရတဲ့ hard drive ထဲမှာ ဗီဒီယိုဖိုင်တွေထဲမှာ မူလတန်းနဲ့ အထက်တန်းကျောင်းသူတွေပါ ပါဝင်နေတယ်လို့ ဆိုပါတယ်။

အခုနှစ် အစောပိုင်းမှာ ဂျပန်လွှတ်တော်အမတ်တွေက မဖွယ်မရာ ဓာတ်ပုံ၊ ဗီဒီယိုဖိုင် ရိုက်ကူးမှုကို ရာဇဝတ်မှုအဖြစ် ပြဋ္ဌာန်းပြီး ထောင်ဒဏ် ၃ နှစ် သို့ ဒဏ်ငွေ ယန်း ၃ သန်းအထိ ချမှတ်နိုင်ဖို့ လုပ်ဆောင်ခဲ့ဖူးပါတယ်။

Ref: Pervert Installed Cameras Under His Truck to Film Under Girls’ Skirts

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top