Chery Automobile ရဲ့ TIGGO Family ကားမော်ဒယ်များ စမ်းသပ်မောင်းနှင်မှုကို ကမ္ဘာတစ်ဝန်းမှ အရောင်းကိုယ်စားလှယ်တော်များ လာရောက်ကြည့်ရှု

28.4.2023-yyl-iamge-1.jpg

ဧပြီလ ၂၀ ရက်နေ့က Chery Automobile ရဲ့ ပင်မ Model တွေ စမ်းသပ်မောင်းနှင်ပြတဲ့ပွဲမှာ ကမ္ဘာတစ်ဝန်းက ကားအရောင်းကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ စမ်းသပ်မောင်းနှင်ပြခဲ့တဲ့ Model တွေထဲမှာ TIGGO မိသားစုဝင် PHEV (ဟိုက်ဘရစ်လျှပ်စစ်ကား) နှစ်မျိုးဖြစ်တဲ့ TIGGO 8 PRO e+ နဲ့ TIGGO 7 PRO e+ တို့လည်း ပါဝင်ခဲ့ပြီး စွမ်းအင် အသုံးပြုမှု လျော့နည်းခြင်း၊ ပါဝါပိုအားကောင်းခြင်း အစရှိတဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ ဟိုက်ဘရစ်နယ်ပယ်မှာ Chery ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ဦးဆောင်နိုင်စွမ်းကို ပြသနိုင်ခဲ့ပါတယ်။

စမ်းသပ်မောင်းနှင်ပွဲမတိုင်ခင် Chery ဝန်ထမ်းတစ်ဦးက Chery ကားတွေရဲ့ PHEV နည်းပညာကို နည်းစနစ်ပိုင်းဆိုင်ရာ ရှုထောင့်ကနေ ပြသခဲ့ပါတယ်။ အင်ဂျင် ၃ လုံး၊ ဂီယာ ၃ ခု၊ လုပ်ဆောင်မှုပုံစံ ၉ ခု၊ speed ratio ၁၁ ခု ဆိုတဲ့ ကမ္ဘာ့ပထမဆုံး DHT နည်းပညာအရ Chery ဟာ dual motor ၊ motor controller နဲ့ transmission ကို ပထမဆုံးအကြိမ်အဖြစ် တစ်ခုတည်း ပေါင်းစည်းထားပါတယ်။ 1.5T ဟိုက်ဘရစ်အင်ဂျင်နဲ့ စွမ်းအင်သိုလှောင်နိုင်စွမ်းမြင့်မားတဲ့ ဘက်ထရီကြောင့် စွမ်းအင်အသွင်ကူးပြောင်း မောင်းနှင်ရာမှာလည်း စွမ်းဆောင်ရည်ကောင်း ပြသနိုင်ပြီး ကီလိုမီတာ ၁၀၀၀ အကွာအဝေးနီးပါး မောင်းနှင်နိုင်စွမ်း ရှိပါတယ်။

စမ်းသပ်မောင်းနှင်မှုမှာ 1.5T ဟိုက်ဘရစ်အင်ဂျင် တပ်ဆင်ထားတဲ့ TIGGO 8 PRO e+ ကားဟာ ၇.၅ စက္ကန့်အတွင်း ကီလိုမီတာ ၁၀၀ နှုန်းအထိ အရှိန်တင်နိုင်စွမ်း ရှိပါတယ်။ Chery ရဲ့ PHEV ဟာ ဂီယာ ၃ ခု ပါတဲ့ ကမ္ဘာ့တစ်ခုတည်းသော ကားမော်ဒယ်ပြါ။ ဂီတယာ ၃ ခု၊ အင်ဂျင် ၃ လုံးက အလိုက်သင့် ပြောင်းလဲနိုင်တဲ့ speed ratio အတိုင်း လည်ပတ်နေတာဖြစ်ပြီး dual motor နဲ့ ပေါင်းစပ်လိုက်တဲ့အခါ မြင့်မားတဲ့ စွမ်းဆောင်ရည် ရရှိစေမှာပါ။ ဒါ့အပြင် ကုန်းဆင်းအတိုင်း မောင်းနေချိန် (သို့မဟုတ်) ဘရိတ်နင်းထားချိန်မျိုးမှာ ဘက်ထရီ အားပြန်ပြည့်စေနိုင်ပါတယ်။

စမ်းသပ်မောင်းနှင်မှု ၁၀ ခုကျော်ကို စောင့်ကြည့်လေ့လာခဲ့ပြီးနောက်မှာတော့ ကားအရောင်းကိုယ်စားလှယ်ကြီးတွေဟာ Chery ရဲ့ PHEV နည်းပညာကို အားရကျေနပ်ခဲ့ကြပါတယ်။ TIGGO 8 PRO e+ ဟာ ၁၂.၃ လက်မရှိတဲ့ LCD instrument panel ၊ ၁၂.၅ လက်မရှိတဲ့ central control screen နဲ့ ၈ လက်မရှိတဲ့ AC LCD touchscreen တွေ တပ်ဆင်ထားပြီး မျက်နှာပြင် ၃ ခုကို သက်သောင့်သက်သာ ကြည့်နိုင်ခြင်းအားဖြင့် သူ့ရဲ့ အဆင့်အတန်းမြင့်မားမှုကို ပြသထားပါတယ်။ကားပါကင်ထိုးတဲ့အခါနဲ့ ကျဉ်းမြောင်းတဲ့ အကွေ့အကောက်တွေကြား ဖြတ်သန်းမောင်းနှင်တဲ့အခါ ဘေးပတ်လည် ၃၆၀ ဒီဂရီ မြင်ကွင်းပုံရိပ်ကြောင့် အရေးပေါ်အခြေအနေတွေကို ရှောင်လွှဲနိုင်မှာပါ။


TIGGO 8 PRO e+ မှာ ADAS(ယာဉ်မောင်းအထောက်အကူပြု အဆင့်မြင့်စနစ်)ရဲ့ လုပ်ဆောင်ချက် ၁၀ ခုကျော် တပ်ဆင်ထားလို့ ဘေးကင်းလုံခြုံရေးကို အင်မတန်ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဇိမ်ခံကားတစ်စီးရဲ့ အရည်အသွေးတွေကိုလည်း တွေ့ရပြီး SONY brand 8-speaker ၊ အရောင်အသွေးစုံတဲ့ atmosphere light၊ အလွန်ကြီးမားတဲ့ panoramic skylight တွေ တပ်ဆင်ထားပါတယ်။

TIGGO 8 PRO e+ ဟာ လျှပ်စစ်စွမ်းအင်နဲ့ ၇၅ ကီလိုမီတာ မောင်းနှင်နိုင်ပြီး အရှိန်နှေးနှေး၊ အရှိန်အလယ်အလတ်မောင်းနှင်ရင် ပတ်ဝန်းကျင် ဆူညံမှု သက်သာစေကာ လျှပ်စစ်ကား အစစ်ပုံစံမျိုး ခံစားရစေမှာပါ။ အရှိန်တင်ဖို့၊ ကုန်းတက်မောင်းနှင်ဖို့ လိုအပ်လာတဲ့အခါ အင်ဂျင်အလုပ်လုပ်လာမှာဖြစ်ပြီး အကောင်းဆုံး စွမ်းအင်အထွက်နှုန်း ရရှိစေမှာပါ။

Chery ရဲ့ ပထမဆုံး PHEV ကားမော်ဒယ်ဖြစ်တဲ့ TIGGO 7 PRO e+ ကတော့ နည်းပညာနဲ့ ဖက်ရှင်ကို ပေါင်းဖက်ထားတဲ့ ဇိမ်ခံ SUV ကားငယ်အမျိုးအစားဖြစ်ပါတယ်။ ကားသွင်ပြင်လက္ခဏာ၊ နည်းပညာ၊ ဘေးကင်းလုံခြုံမှုနဲ့ သက်သောင့်သက်သာဖြစ်မှုအဖြစ် TIGGO 7 PRO e+ကလည်း ကားအရောင်းကိုယ်စားလှယ်ကြီးတွေရဲ့ အသိအမှတ်ပြုမှု ရရှိထားပါတယ်။ အထူးသဖြင့် စိန်ပွင့်ပုံ ပုံဖော်ထားတဲ့ ကားအရှေ့ဇကာက LED မီးတွေရဲ့ ပိုမိုအားကောင်းစေပြီး ဒီအချက်ကြောင့်ပဲ ဖက်ရှင်ရဲ့ အငွေ့အသက်ကို စတင်ခံစားရစေတာပါ။

နှစ်ရောင်စပ် ကားဘော်ဒီ၊ ကြွတက်နေတဲ့ အမိုးဒီဇိုင်း၊ ပွတ်တိုက်မှု နည်းပါးအောင် ဖန်တီးထားတဲ့ ဘီးတွေ၊ ပြိုင်ကားပုံစံ ကားအနောက်ပိုင်းတွေကြောင့် လူငယ်တွေ ပိုအကြိုက်တွေ့ကြတဲ့ကားပါ။ ၂၄.၆ လက်မ dual screen ၊ အလွယ်တကူအဖွင့်အပိတ်လုပ်နိုင်တဲ့ ကားနောက်ဖုံး၊ ကြိုးမလိုတဲ့ ဖုန်းအားသွင်းကိရိယာတွေကလည်း TIGGO 7 PRO e+ ရဲ့ နည်းပညာကြွယ်ဝမှုကို ပြသနေပါတယ်။
Chery ရဲ့ စွမ်းအင်နည်းပညာသစ်ကို ထင်ဟပ်ပြသရာရောက်တဲ့ TIGGO မိသားစုဝင် ကားမော်ဒယ် ၂ မျိုးကတော့ ကမ္ဘာတစ်ဝန်းမှ ကားအရောင်းကိုယ်စားလှယ်ကြီးတွေရဲ့ ချီးကျူးထောပနာပြုမှုတွေ ရရှိခဲ့ပါတယ်။ Chery ဟာ ခေတ်ရေစီးအလိုက် ကမ္ဘာ့ဈေးကွက်မှာ စွမ်းအင်နည်းပညာသစ် ထုတ်ကုန်တွေ ဆက်ထုတ်သွားမှာဖြစ်ပြီး BEV ၊ အခြားပုံစံတွေနဲ့လည်း စွမ်းအင်နည်းပညာသစ် ထုတ်ကုန်တွေ ထုတ်လုပ်သွားဖို့ ရှိပါတယ်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top