အာနိုးကြီး တကယ်ပြန်လာခဲ့ပါပြီ။ မင်းသားကြီးအာနိုးပါဝင်သရုပ်ဆောင်ထားတဲ့ Terminator ဇာတ်ကားအသစ်ဖြစ်တဲ့ Dark Fate ရုပ်ရှင်ကို လာမယ့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှာ ကမ္ဘာတစ်ဝှမ်း ရုံတင်ပြသသွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီ Terminator: Dark Fate ဇာတ်ကားမှာ ပါဝင်မယ့်် ဇာတ်ကောင်ခြောက်ဦးရဲ့ First Look ပုံရိပ်တွေဟာလည်း ပူပူနွေနွေးထွက်ရှိလာခဲ့ပြီဖြစ်တာမို့ ပရိသတ်တွေ ကြိုတင်ရင်ခုန်စိတ်လှုပ်ရှားနိုင်ဖို့ တင်ဆက်ပေးပါရစေ။
ပါရာမောင့်ရုပ်ရှင်ကနေ ရိုက်ကူးထုတ်လုပ်တဲ့ Terminator: Dark Fate ရုပ်ရှင်မှာ နဂို Terminator ဇာတ်ကားတွေက ပရိသတ်တွေရဲ့အသည်းစွဲပုံရိပ်တွေ ဖြစ်ခဲ့တဲ့ မင်းသားအာနိုးနဲ့ မင်းသမီး လင်ဒါဟာမီလ်တန် (Linda Hamilton) တို့နဲ့အတူ ပရိုဂျူဆာအဖြစ် တာဝန်ယူထားတဲ့ ဒါရိုက်တာကြီး ကင်မရွန်းတို့ဟာ ၁၉၉၁ ခုနှစ် နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ပေါင်းဆုံစည်းကြမှာဖြစ်ပြီး ရိုက်ကူးတဲ့ဒါရိုက်တာကတော့ တင်မ်မေလာ (Tim Miller) ဖြစ်ပါတယ်။
![](https://yoyarlay.com/wp-content/uploads/2019/04/ar2-1-1024x1024.jpg)
အာနိုးကြီးပြန်လာတော့မယ့် လက်ရှိ Terminator: Dark Fate ဟာ Terminator ရုပ်ရှင်ကားတွဲတွေရဲ့ ခြောက်ကားမြောက်ဖြစ်လာမှာဖြစ်ပြီး မင်းသမီး နာတာလီရေးယက်စ် (Natalie Reyes) နဲ့ Agents of S.H.I.E.L.D မှာ နာမည်ကြီးခဲ့တဲ့ လူနာ (Luna) တို့ကလည်း ထူးထူးခြားခြား ဇာတ်ရုပ်အသစ်တွေအနေနဲ့ ထပ်မံပေါင်းစပ်လာဦးမှာဖြစ်ပါတယ်။
![](https://yoyarlay.com/wp-content/uploads/2019/04/ar3-1024x1024.jpg)
1991 ခုနှစ်က Terminator:Judgement Day ဇာတ်ကားအပြီးမှာ အနားယူသွားခဲ့တဲ့ အသက် (၆၁) နှစ်အရွယ် မင်းသမီးလင်ဒါ ပြန်လည်ပါဝင်လာခြင်းက ဒီရုပ်ရှင်ရဲ့ အရေးအပါဆုံးအရာဖြစ်ခဲ့ပြီး Terminator:Judgement Day ဇာတ်ကားနဲ့ပြန်လည်ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။ ဇာတ်လမ်းဇာတ်အိမ်တည်ဆောက်မှုအရ ဆာရာကော်နာဇာတ်ကောင်နေရာဟာ မင်းသမီးကြီးနဲ့မှသာ အလိုက်ဖက်ဆုံးဖြစ်နိုင်မှာ လို့ ဒါရိုက်တာတင်မ်က အခုလို မှတ်ချက်ပေးသွားခဲ့ပါတယ်။
![](https://yoyarlay.com/wp-content/uploads/2019/04/ar4-1024x1024.jpg)
“လင်ဒါက သူ့ရဲ့ အရင်က ဇာတ်ရုပ်တန်ဖိုးကိုလည်းမပျောက်အောင်၊ လက်ရှိဇာတ်ရုပ်မှာလည်း ပိုပြီးဆန်းသစ်လာအောင် ဖန်တီးပြခဲ့ပါတယ်။ တစ်စုံတစ်ရာ အသစ်အဆန်းကို ခံစားကြရပါလိမ့်မယ်” လို့ တင်မ်ကဆိုခဲ့ပါတယ်။
![](https://yoyarlay.com/wp-content/uploads/2019/04/ar5-1024x1024.jpg)
![](https://yoyarlay.com/wp-content/uploads/2019/04/ar6-1024x1024.jpg)
![](https://yoyarlay.com/wp-content/uploads/2019/04/ar7-1024x1024.jpg)
Ref: DailyMail “Arnold Schwarzenegger and Linda Hamilton are back! ….. “
AI (ရိုးရာလေး)