Huawei က ကမ္ဘာ့အမြန်ဆုံး 5G Foldable ဖုန်းဖြစ်တဲ့ Mate X ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ပြသ

mate.jpg

၂၀၁၉ ခုနှစ် – ဖေဖော်ဝါရီလက ကျင်းပခဲ့တဲ့ Mobile World Congress (MWC) 2019မှာ ကမ္ဘာ့အမြန်ဆုံး 5G Foldable ဖုန်းဖြစ်တဲ့ HUAWEI Mate X ကို ထုတ်ဖော်ပြသခဲ့ပြီး ကမ္ဘာတစ်လွှားရှိ လူအများအပြားရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ အခုလို လူစိတ်ဝင်စားမှု အများအပြား ရရှိခဲ့တဲ့ HUAWEI Mate X ကို Huawei Consumer Business Group က ဧပြီလ ၂၉ ရက်နေ့မှာ Huawei Head Office တည်ရှိတဲ့ မြန်မာပလာဇာမှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

HUAWEI Mate Seriesရဲ့ DNA ဖြစ်တဲ့ တီထွင်ဆန်းသစ်မှုကို ပေါ်လွင်စေမယ့် Falcon Wing Mechanical Hinge ဒီဇိုင်း ၊ 7nm multi-mode modem chipset Balong 5000 ၊ ကမ္ဘာ့အမြန်ဆုံး 55W HUAWEI SuperCharge ကို ထောက်ပံ့နိုင်တဲ့ 4500 mAH ဘက်ထ္ထရီ နဲ့ နောက်ဆုံးပေါ် Interstellar Blue ကိုယ်ထည်အရောင်တွေ ပါဝင်ပါတယ်။ ခေါက်ထားတဲ့အချိန်မှာ Mate X က 6.6” အရွယ်ရှိတဲ့ စမတ်ဖုန်းအဖြစ် အသုံးပြုနိုင်မှာဖြစ်ပြီး ဖြန့်ချလိုက်သည့်အခါမှာ 8” အရွယ်ရှိတဲ့ ပါးလွှာတဲ့ တတ်ဘလက် အဖြစ်သို့ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခုလို ပုံစံပြောင်းလဲအသုံးပြုနိုင်ခြင်းမှာ မိုဘိုင်းထုတ်ကုန်တွေက ပေးစွမ်းနိုင်တဲ့ ထုတ်ကုန်စွမ်းအား နဲ့ ဖျော်ဖြေမှုပိုင်းဆိုင်ရာ အတွေ့အကြုံတွေကို အဆင့်မြှင့် ပြောင်းလဲစေနိုင်မှာဖြစ်ပါတယ်။

Falcon Wing Mechanical Hinge ဒီဇိုင်းက နည်းပညာ နဲ့ အလှအပကြား ချိန်ညှိ မှု တစ်ခုကို ဖန်တီးနိုင်ခဲ့ခြင်း

ဝတ္ထုပုံသဏ္ဍာန်ဆောင်တဲ့ စမတ်ဖုန်းထုတ်လုပ်တာနဲ့ ပတ်သတ်ပြီး Huaweiရဲ့ ရဲရင့်တဲ့ စမ်းသပ်မှုတွေကြောင့် အခု စမတ်ဖုန်း နှင့် တတ်ဘလက် အဖြစ် နှစ်မျိုးစလုံး အသုံးပြုနိုင်တဲ့ HUAWEI Mate X ကို ထုတ်လုပ်နိုင်ခဲ့ပြီး အဲဒီ Mate X မှာ လွယ်ကူစွာပုံစံပြောင်းလဲနိုင်တဲ့ OLED panel နှင့် falcon wing mechanical hinge ဒီဇိုင်းကို ထည့်သွင်းနိုင်ခဲ့ပါတယ်။

6.6” ရှိပြီး Dual Display Panel ထည့်သွင်းထားတဲ့ HUAWEI Mate X က စစ်မှန်တဲ့ FullView Display ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဖြန့်လိုက်တဲ့အခါ HUAWEI Mate X က 8” မျက်နှာပြင်အရွယ် နှင့် 5.4mm အထူသာရှိတဲ့ တတ်ဘလတ် အဖြစ်သို့ ပြောင်းလဲသွားပါတယ်။ ပုံရိပ်တွေကိုလည်း ပိုမိုတိကျကြည်လင်စွာ ဖော်ပြနိုင်မှာဖြစ်ပြီး panel မှလည်း လုံခြုံစိတ်ချရပြီး ကြာရှည်ခံတဲ့ လုပ်ဆောင်ချက်ကောင်းတွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ အဲဒီ Foldable စမတ်ဖုန်းက နည်းပညာရဲ့အနှစ်သာရကို အဓိပ္ပါယ်ဖော်ဆောင်တဲ့ Interstellar Blue အရောင်နဲ့ ထုတ်လုပ်ထားပြီး အဲဒီအချက်မှာ စမတ်ဖုန်းတွေအပေါ်မှာ သုံးစွဲသူတွေထားရှိတဲ့ စံချိန်စံနှုန်း သတ်မှတ်ချက်အသစ်တစ်ခု ကို ချမှတ်နိုင်ခဲ့ပါတယ်။

နည်းပညာ နှင့် အလှအပကို ပေါင်းစပ်ထားတဲ့ Falcon Wing Mechanical Hinge အမည်ရတဲ့ ဒီဇိုင်းက အလှအပ နှင့် နည်းပညာ အလုံးစုံကို ချိန်ညှိထားတဲ့ အတုယုဖွယ် ဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ ဖြန့်ချလိုက်တဲ့အခါ ပါးလွှာတဲ့ မျက်နှာပြင်ကိုရရှိနိုင်မည်ဖြစ်ပြီး ခေါက်လိုက်တဲ့အခါ အဲဒီ မျက်နှာပြင် နှစ်ခုက ချမှတ်ထားတဲ့ ဘောင်အတွင်းကို အပိုအလိုမရှိ အံဝင်ဂွင်ကျ နေရာကျသွားမှာဖြစ်ပါတယ်။ စမတ်ဖုန်း မှ တတ်ဘလတ် ၊ တတ်ဘလတ် မှ စမတ်ဖုန်း အဖြစ်ကို အခက်အခဲမရှိ ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။

ပိုမိုကြီးမားသောမျက်နှာပြင်နဲ့ 5G Smart Living ကို လျှောက်လှမ်းခြင်း

HUAWEI Mate Xက 5G နဲ့ ထုတ်ကုန်စွမ်းအား တို့ကို ဖျော်ဖြေမှုပိုင်းဆိုင်ရာ ပြန်လည်အဓိပ္ပါယ်ဖော်ဆောင်နေတဲ့ အခုလို အချိန်တွင် စာမျက်နှာသစ်ကို ဖွင့်လှစ်ပေးလိုက်နိုင်တဲ့ multi-form factor တစ်ခုဖြစ်ပါတယ်။ တီထွင်ဆန်းသစ်ပြီး လွယ်ကူစွာ ပုံစံပြောင်းလဲနိုင်တဲ့ OLED Foldable FullView Display ၊ ထူးခြားတဲ့ falcon wing mechanical hinge ဒီဇိုင်း နဲ့ အကောင်းဆုံး 5G modem chipset Balong 5000 တွေပါဝင်တဲ့ အခု မော်ဒယ်အသစ်က ကြီးမားတဲ့ မျက်နှာပြင်သုံးစွဲခြင်း အတွေ့အကြုံ နဲ့ လွယ်ကူစွာသယ်ဆောင်နိုင်မှုတို့ကို အချိုးကျစွာ တည်ရှိစေနိုင်မှာဖြစ်ပါတယ်။

အခုလို ကြီးမားတဲ့ မျက်နှာပြင် ပါဝင်ခြင်းက စာရွက်စာတမ်းပြင်ဆင်ခြင်းက အစပြုလို့ ပိုမိုကောင်းမွန်တဲ့ စာဖတ်ခြင်း အတွေ့အကြုံအထိ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေကို သူတို့ရဲ့ ဖုန်း gallery ထဲတွင်ရှိတဲ့ ဓာတ်ပုံတွေကို သူတို့ရဲ့ email ထဲကို split-screen mode အသုံးပြုပြီး ပို့ဆောင်စေနိုင်မှာဖြစ်ပါတယ်။ အခုလို ပိုမိုကြီးမားတဲ့ မျက်နှာပြင်က သုံးစွဲသူတွေကို သူတို့ရဲ့ အချိန်ကို ပိုမိုအကျိုးရှိစွာ အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။

Huawei ရဲ့ Flagship Smartphone တွေက အမြဲဆိုသလို အင်အားကြီးမားတဲ့ ကင်မရာတွေ ပါဝင်လေ့ရှိပြီး ယခု HUAWEI Mate X ကလည်း အစဉ်အလာမပြတ် အင်အားကြီးမားတဲ့ကင်မရာတွေ ပါဝင်လာပါတယ်။ ပါးလွှာတဲ့ စမတ်ဖုန်းကိုယ်ထည်မှာ နောက်ဆုံးပေါ် Leica ကင်မရာတွေပါဝင်လာပြီး အဆင်မြင့် ပုံရိပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။ အဲဒီ foldable ဒီဇိုင်းကြောင့် ပါဝင်တဲ့ ကင်မရာစနစ်ကို အရှေ့ နှင့် အနောက် ကင်မရာ နှစ်မျိုးစလုံးအဖြစ် အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ ခေါက်ထားတဲ့အခါ HUAWEI Mate Xက မျက်နှာပြင် နှစ်ဖက်နှစ်ချပ် လုံးမှာ ရိုက်ကူးနေတဲ့ ပုံရိပ်ကို ပြသနိုင်မှာဖြစ်ပြီး ရိုက်ကူးခံနေတဲ့သူမှလည်း ရိုက်ကူးနေသူနဲ့ အတူအတူ ဓာတ်ပုံရိုက်ကူး ဖန်တီးခွင့်ကို ရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် HUAWEI Mate X မှာ ဘက်ပေါင်းဆုံးမှ သုံးစွဲနိုင်တဲ့ Fingerprint Power Button ပါဝင်ပြီး သုံးစွဲသူတွေက ထုတ်ကုန်ကို လက်ဖြင့်တစ်ချက်ထိလိုက်ရုံဖြင့် ပွင့်စေမှာဖြစ်ပြီး ပိုမိုလုံခြုံစိတ်ချရပြီး သက်တောင့်သက်သာရှိတဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

မျိုးဆက်သစ် 5G Modem Chipset ကို အားဖြည့်ထားခြင်း

ကမ္ဘာ့ပထမဆုံး 7nm 5G multi-mode modem chipset Balong 5000 တပ်ဆင်ထားပြီး အဲဒီ chipset က Sub-6 GHz band ပေါ်မှာ 4.6 Gps ဖြင့် (သီအိုရီ အရ) မကြုံဖူးတဲ့ 5G download speed ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ Balong 5000က SA နှင့် NSA architecturesကို ထောက်ပံ့ပေးနိုင်တဲ့ ကမ္ဘာ့ပထမဆုံး chipset တစ်ခုဖြစ်ပြီး သုံးစွဲသူတွေက 5G ချိတ်ဆက်မှုအတွက် သူတို့ရဲ့ ထုတ်ကုန်ကို အဆင့်မြှင့်တင်မှုပြုလုပ်ရန် မလိုအပ်တော့ပါ။ Huawei Mate X က 4G နှင့် 5G နှစ်မျိုးစလုံးကို ထောက်ပံ့နိုင်တဲ့ Dual SIM လုပ်ဆောင်ချက်ပါဝင်ပါတယ်။

Huawei SuperCharge ကို ထောက်ပံ့နိုင်တဲ့ ကြီးမားသည့် ဘက်ထ္ထရီ

HUAWEI Mate X ရဲ့ 5.4mm အထူသာရှိတဲ့ ကိုယ်ထည်တွင် 4,500 mAH ဘက်ထ္ထရီကို ထည့်သွင်းထားတဲ့အပြင် AI Smart Power Saving နည်းပညာ ပါဝင်တဲ့အတွက် 5G ခေတ်တွင် လိုအပ်နေတေဲ့ ပိုမိုကောင်းမွန်သည့် ဘက်ထ္ထရီလုပ်ဆောင်ချက် နှင့် ပတ်သတ်တဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ 55W HUAWEI SuperCharge ပါဝင်တဲ့အတွက် မြန်ဆန်တဲ့ လူနေမှုဘဝမှာ နေထိုင်နေတဲ့ သုံးစွဲသူတွေအတွက် အချိန်တိုအတွင်း ဘက်ထ္ထရီကို ပြန်လည်ဖြည့်သွင်းပေးနိုင်မှာဖြစ်ပါတယ်။ HUAWEI SuperCharge လုပ်ဆောင်ချက်က ဘက်ထ္ထရီကို မိနစ် ၃၀ အတွင်းမှာပင် ၈၅ ရာခိုင်နှုန်းအထိ ပြန်လည်ဖြည့်သွင်းနိုင်စေမှာဖြစ်ပါတယ်။

MWC 2019 မှာ Huaweiက MateBook X Pro ၊ နောက်ဆုံးပေါ် notebook PC တွေ ဖြစ်တဲ့ HUAWEI MateBook 13 နှင့် HUAWEI MateBook 14 အပြင် HUAWEI 5G CPE Pro အစရှိတဲ့ များစွာသော ထုတ်ကုန်တွေကို မိတ်ဆက်ခဲ့ပါတယ်။ 5G စတင်ထွန်းကားနေတဲ့ ခေတ်မှာ Huaweiက သုံးစွဲသူတွေကို smart living အတွေ့အကြုံတွေ ပေးစွမ်းနိုင်တဲ့ ဘယ်လုပ်ဆောင်ချက်တွေကို မဆို ပေးအပ်နိုင်ရန် ဆုံးဖြတ်ချက်ချထားတယ်လို့သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top