အမျိုးသမီးတွေရဲ့၈ဝရာခိုင်နှုန်းလောက်ကသူတို့ရဲ့ဘဝမှာHPV ( ကာလသားရောဂါ ) ဖြစ်ဖူးကြပါတယ်။
ဒီ HPV အမျိုးအစားတွေက လူတွေကို ကြောက်ရွံ့ထိတ်လန်႔စေတဲ့ကင်ဆာတွေဖြစ်နိုင်ပါတယ်။သင့်ကျန်းမာရေးမှာ တစ်ခုခုမူမမှန်တာ တွေ့တာနဲ့ ဆရာဝန်ဆီသွားပါ။
အသက်ရှူမဝခြင်း
ချက်ချင်းဆိုသလို အသက်ရှူမဝနေတာက ပုံမှန်မဟုတ်ပါဘူး။ ဒါပမယ့်ဒါကသားအိမ်ခေါင်းကင်ဆာ တစ်ခုတည်းရဲ့ရောဂါလက္ခဏာလို့တော့ ပြောလို့မရပါဘူး။ ဒါကသင့်ကျန်းမာရေးအခြေအနေဆိုးလာကြောင်းအချက်ပြနေတာပါ။ တကယ်လို့သင်ဟာမကြာခဏဆိုသလို အသက်ရှူမဝဖြစ်နေရင် သင့်ဆရာဝန်ကိုပြောပါ။
ရင်ပူခြင်း၊အစာမကြေခြင်း
အဆီပါတဲ့ အစာတွေစပ်တဲ့ အစာတွေအများကြီးစားမိတဲ့အခါ သက်တောင့်သက်သာမဖြစ်ဘဲ နာကျင်တာကပုံမှန်ဆိုပေမယ့် တကယ်လို့မကြာခဏ ဒီလိုခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်ဆီသွားပြသင့်ပါတယ်။
မိန်းမကိုယ်အကြောင်းမဲ့သွေးယိုခြင်း
ရာသီလာချိန်ကြားမှာ သွေးဆင်းတာက ကိုယ်ဝန်တားဆေးတွေကြောင့်ပုံမှန်ဖြစ်ပေမယ့် လိင်ဆက်ဆံပြီးပြီးချင်း သွေးယိုတာ၊ သွေးဆုံးပြီးမှသွေးယိုတာတွေကဆရာဝန်နဲ့သေချာပြသင့်ပါတယ်။
အသံဝင်ခြင်း၊အသံပြောင်းခြင်း
အသံဝင်တာတွေ အသံပြောင်းတာတွေက အအေးမိရင် အဖြစ်များပါတယ်။ တကယ်လို့ ဒါတွေကအပတ်ပေါင်းများစွာမပျောက်ဘဲ ဆက်ဖြစ်နေရင်တော့ ဆရာဝန်ဆီသွားသင့်ပါပြီ။
အစာမြိုရခက်ခြင်း
ကျန်းမာရေးအခြေအနေတွေ အမျိုးမျိုးက အစားအစာမြိုရခက်စေပေမယ့် သင့်မှာဒီလိုမြိုရခက်တာက ရက်သတ္တပတ်ကြာတဲ့ထိ မပျောက်ဘူးဆိုရင်တော့ဆရာဝန်ဆီ သွားသင့်ပါပြီ။
မကြာခဏလေပွခြင်း
အမျိုးသမီးတွေမှာ လေပွတာကဖြစ်ပြီးရင် ပျောက်သွားတာပုံမှန်ပါဘဲ။တကယ်လို့ ဒါကဖြစ်နေတာ ရက်သတ္တပတ်ကြာနေပြီဆိုရင်တော့ ဆရာဝန်ဆီသွားပါ။
အနာမကျက်ခြင်း
အရေပြားဟာထိခိုက်မှုတွေဖြစ်ရင် တစ်ပတ်လောက်နဲ့ပြန်ကျက်ပါတယ်။တကယ်လို့အနာက အပတ်များစွာထိ မကျက်ဘူးဆိုရင်တော့ ဆရာဝန်ဆီသွားသင့်ပါပြီ။
ညဘက်ချွေးထွက်လွန်ခြင်း
ညဘက်ချွေးထွက်လွန်တာက ရောဂါပိုး ဝင်ခြင်းကြောင့်ဖြစ်နိုင်သလို တချို့ဆေးတွေရဲ့ ဓာတ်ပြုမှုကြောင့် လည်းဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေက သွေးဆုံးချိန်တဝိုက်မှာလည်း ညဘက်ချွေးထွက်များကြပါတယ်။ ဒါပေမယ့် ညဘက်ချွေးအလွန်အကျွံထွက်ခြင်းက ကင်ဆာရဲ့လက္ခဏာလည်း ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီသွားသင့်ပါတယ်။
ပါးစပ်နဲ့ ခံတွင်းပြည်တည်နာတွေ အပူတွေမကျက်ခြင်း
သင့်ပါးစပ်မှာအပူတွေ ပြည်တည်နာတွေ ဖြစ်တာကပုံမှန်ပါ။ ပါးစပ်ရဲ့မျက်နှာပြင်သားက၂ပတ်တစ်ခါလောက် သူ့အလိုလိုအသစ်ဖြစ်ပါတယ်။ ဒါကြောင့်အပူတွေပြည်တည်နာတွေက ဒီအချိန်လောက်ဆိုကျက်သင့်ပါပြီ။ တကယ်လို့ ၃ပတ်မြောက်တဲ့ထိ အနာမကျက်ဘူးဆိုရင်တော့ သင့်ဆရာဝန် သို့မဟုတ် သွားနဲ့ခံတွင်းဆရာဝန်ဆီသွားပါ။
ရင်သားများပြောင်းလဲခြင်း
အဆီခဲတွေကိုရင်သားတွေက ပြောင်းလဲတာမဟုတ်ပါဘူး။ ဒါ့အပြင်ရင်သားရဲ့အရွယ်အစား၊ ပုံပန်းသွင်ပြင်၊ ခံစားမှု၊ အရေပြားအရောင်ပြောင်းမှု၊ နီရမ်းမှု၊ ရင်သားထဲနာကျင်မှု၊ နို့သီးခေါင်းပြောင်းလဲမှု၊ နို့တိုက်နေချိန်/ကိုယ်ဝန်ဆောင်နေချိန် မဟုတ်ဘဲနို့သီးခေါင်းမှ အရည်ထွက်ခြင်းစတာတွေကိုလည်း ဂရုစိုက်သင့်ပါတယ်။
မကြာခဏဝမ်းသွားခြင်း
တကယ်လို့ သင်ကဝမ်းသွားတာများနေတယ်ဆိုရင် သင့်အူမကြီးကအစာအိမ်ပိုးမွှားတွေ၊ အစာအဆိပ်သင့်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။ တကယ်လို့ဒါက ၄ပတ်ကနေ၆ပတ်ထိ ကြာသွားပြီဆိုရင်တော့ ဆရာဝန်နဲ့စကားပြောကြည့်တာ အကောင်းဆုံးပါ။
ဆီးထဲသွေးပါခြင်း
ဆီးထဲမှာသွေးပါတိုင်း သင့်ဆရာဝန်ကို ပြောသင့်ပါတယ်။ ပုံမှန်အားဖြင့် ဒါကကင်ဆာကြောင့်ဖြစ်တာမဟုတ်ပေမယ့် အလွယ်တကူပေါက်နိုင်ပါတယ်။ ဒါပေမယ့်ဒါကကင်ဆာရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ သင့်ဆရာဝန်နဲ့ပြကြည့်တာ အကောင်းဆုံးပါ။
ဝမ်းထဲသွေးပါခြင်း
ဝမ်းထဲမှာသွေးပါရတဲ့ အဓိကအကြောင်းကတော့လိပ်ခေါင်းကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမယ့်ဒါက ကင်ဆာလက္ခဏာလည်း ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ကိုပြပါ။
ချောင်းဆိုးသွေးပါခြင်း
သင်ချောင်းဆိုးရင် သွေးပါနေရင်တော့ ချက်ချင်းဆရာဝန်ကို သွားပြသင့်ပါတယ်။ ဒါကရိုးရှင်းနိုင်ပေမယ့် စစ်ဆေးကြည့်တာ မရှုံးပါဘူး။
ထူးဆန်းတဲ့နာကျင်မှု / ကိုက်ခဲမှု
နာကျင်ခြင်းက တစ်ခုခုမှားနေကြောင်း မိတ်ဆက်တဲ့သဘောပါ။ ကျွန်တော်တို့အသက်ကြီးလာတာနဲ့အမျှ နာကျင်ခြင်းကိုက်ခဲခြင်းတွေ ကိုပိုခံစားတတ်ရပါတယ်။ တကယ်လို့ရှင်းမပြနိုင်တဲ့ နာကျင်မှုတွေ၊ နာကျင်မှုပိုဆိုးလာခြင်းတွေ၊ ၄ပတ်ထက်ကြာအောင် နာကျင်ခြင်းဖြစ်နေတာတွေ ရှိရင်တော့ ဆရာဝန်ဆီမကြာခင်သွားပါ။
ဆီးသွားရခက်ခဲခြင်း
ဒီထဲမှာကဆီးပုံမှန်သွားဖို့ ခက်ခဲခြင်း၊ ဆီးသွားချင်တဲ့အချိန် သွားမရခြင်း၊ နာကျင်ခြင်းတို့ပါဝင်ပါတယ်။ ဒါတွေကိုဖြစ်စေနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေ များစွာရှိပေမယ့်ဆရာဝန်ဆီ သွားပြဖို့တော့ လိုပါလိမ့်မယ်။
မူမမှန်တဲ့အဆီဖုဖြစ်ခြင်း၊ ရောင်ရမ်းခြင်း
သင့်ရဲ့ကိုယ်ရဲ့ဘယ်နေရာမှ မဆိုဆက်တိုက်ဖြစ်လာတဲ့အဆီဖုတွေ ရောင်ရမ်းခြင်းတွေ ဖြစ်လာရင်တော့ သင်လုံးဝ သတိထားရပါတော့မယ်။ အထူးသဖြင့်လည်ပင်း၊ ဂျိုင်း၊ အစာအိမ်၊ ပေါင်ခြံ၊ ရင်ဘတ်၊ ရင်သားနဲ့ ဝှေးစေ့ တို့မှာဖြစ်ပါတယ်။ ဖြစ်လာတဲ့အခါဆရာဝန်ကို ချက်ချင်းသွားပြပါ။
အပေါ်ကပြောသွားတဲ့ လက္ခဏာတွေက သားအိမ်ခေါင်းကင်ဆာတစ်ခုတည်း အတွက်မဟုတ်ပါဘူး။ တခြားဖြစ်နိုင်တဲ့ ကျန်းမာရေးအခြေအနေတွေ ကြောင့်လည်းဖြစ်နိုင်ပါတယ် ။ ဖြစ်လာတဲ့အခါ ဆရာဝန်ဆီသွားဖို့ဘဲ အရေးကြီးတာပါ။
ရေးသားသူ Kyaw Thura Htun
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
[ ဤဆောင်းပါးကို ရိုးရာလေး ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။ ]