ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းဖြစ်တဲ့ Plank ထောက်ရတာ ခက်ခဲနေလား

3-6-2020-yyl-038.jpg

တစ်နေ့တာကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းမှာ Plank ထောက်တာကလည်း အရေးကြီးပါတယ်။ မှန်မှန်ကန်ကန်ထောက်မယ်ဆိုရင် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းမှာ ထိရောက်မှုရှိပါတယ်။ ဒီလေ့ကျင့်ခန်းက သင့်ပခုံး၊ ခြေထောက်၊ ကြွက်သားတွေကို တစ်ချိန်တည်းမှာပဲ လေ့ကျင့်ခန်းပေးနိုင်ပါတယ်။ ဒီPlank ထောက်တဲ့အနေအထားကို စက္ကန့်တော်တော်ကြာထိန်းထားနိုင်မယ်ဆိုရင် ကြွက်သားကြံ့ခိုင်ရမှာဖြစ်ပါတယ်။ တချို့ဆို စက္ကန့်(၃၀) လောက်တောင် Plank ထောက်ထားနိုင်ပါတယ်။ တချို့ကျတော့ Plank ထောက်ရတာက သူတို့အတွက် အဆင်မပြေတဲ့လေ့ကျင့်ခန်းလို့ဖြစ်နေပါတယ်။ Plank ထောက်တဲ့အခါ တစ်ခုခုက အဟန့်အတားဖြစ်နေသလို အဆင်မပြေဖြစ်နေရင် အောက်မှာဖော်ပြပေးထားတဲ့အချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။

သင့်ကျောရိုးက အမြဲကွေးနေရင် ကြွက်သားတွေဟန်ချက်မညီတာပါ

Plank ထောက်ဖို့အတွက် မှန်ကန်တဲ့နည်းလမ်းက ခန္ဓာကိုယ်ကို ပျော့ပျော့ပျောင်းပျောင်းလေးထားပါ။ ခေါင်းကနေခြေဖျားထိ တစ်ဖြောင်းတည်းဖြစ်နေရပါမယ်။ Plank ထောက်လို့မရဘူးဆိုရင် သင့်ကြွက်သားတွေ တစ်သားတည်းမဖြစ်လို့ပါပဲ။ သင့်ခန္ဓာကိုယ်ကြွက်သားတွေကို သတိမထားဘဲ ဘယ်လိုလေ့ကျင့်ခန်းဘဲလုပ်လုပ် အကူအညီဖြစ်မှာမဟုတ်ပါဘူး။ Plank ထောက်ရင်း ခေါင်းနဲ့ခြေထောက်ကို ဆန့်ထုတ်ထားတာက ကျောရိုး ဖြောင့်သွားအောင် ကူညီပေးနိုင်ပါတယ်။

လက်တွေ တုန်ယင်နေရင် အပေါ်ပိုင်းခန္ဓာကိုယ်ကြံ့ခိုင်မှုကို အာရုံစိုက်ဖို့ လိုတာပါ

Plank ထောက်တာက ခန္ဓာကိုယ်တစ်ခုလုံးကို လက်တွေ၊ ခြေထောက်တွေနဲ့ ထိန်းတာရတာပါ။ ဒီအနေအထားကို မှန်မှန်ကန်ကန်ထိန်းထားချင်ရင် အချိန်အကြာကြီး ထိန်းထားချင်ရင် အပေါ်ပိုင်းခန္ဓာကိုယ်ကြံ့ခိုင်မှုရှိရပါမယ်။ လက်တွေတုန်ယင်လာလို့ Plank ထောက်တာကို ခဏလေးနဲ့ရပ်လိုက်ရတယ်ဆိုရင် အပေါ်ပိုင်းခန္ဓာကိုယ်ကြံ့ခိုင်ဖို့အတွက် အာရုံစိုက်ဖို့လိုလာပါပြီ။ ဝိတ်မတာ၊ ထိုင်ထလုပ်တာတွေက သင့်ပခုံးနဲ့လက်မောင်းကြွက်သားတွေအတွက် ကောင်းတဲ့လေ့ကျင့်ခန်းတချို့ဖြစ်ပါတယ်။ ကြံ့ခိုင်တဲ့အပေါ်ပိုင်းခန္ဓာကိုယ်က ခန္ဓာကိုယ်အလေးချိန်ကို ဟန့်ချက်ညီအောင် အချိန်အကြာကြီး ကူညီပေးမှာဖြစ်ပါတယ်။

မူးဝေသလိုခံစားရင် အသက်အောင့်နေလို့ပါ

အားစိုက်လုပ်ရတဲ့လေ့ကျင့်ခန်းတွေလုပ်တဲ့အခါမှာ လူတော်တော်များများက အသက်အောင့်ထားကြပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် အချိန်အကြာကြီး အသက်အောင့်ထားမယ်ဆိုရင် မူးဝေသလို ခံစားရမှာဖြစ်ပါတယ်။ အထူးသဖြင့် သွေးဖိအားများတဲ့ပြဿနာကို ခံစားနေရမယ်ဆိုရင်။ ဒါကြောင့် Plank ထောက်တဲ့အခါ အသက်ရှုတာကို အာရုံစိုက်ပါ။အသက်ပြင်းပြင်းရှုပါ။

ခါးအောက်ပိုင်းနာကျင်တယ်ဆိုရင် အဓိကကြွက်သားတွေ အားနည်းတာပါ

အခြားသူတွေ Plank ထောက်တာကို ကြည့်လိုက်တဲ့အခါ အရမ်းလွယ်တာကို တွေ့ရမှာပါ။ သင် ကြိုးစားကြည့်တဲ့အခါမှာတော့ ထင်သလောက်မလွယ်ကူဘူးဖြစ်နေပါသလား။ လူတော်တော်များများ ငြီးငြူနေကြတာက ခါးနာကျင်တာပါပဲ။ Plank ထောက်ရင်း စက္ကန့်အနည်းငယ်လေးနဲ့ ခါးအောက်ပိုင်းနာကျင်လာတတ်ကြပါတယ်။ အဲဒီလိုဖြစ်ရတာက အဓိကကြွက်သားတွေအားနည်းတာကြောင့်ပါ။ ကြွက်သားတွေ လုံလုံလောက်လောက်မသန်မာဘူးဆိုရင် သင့်တင်ပါးက မနိုင်ဝန်ထမ်းရတဲ့အတွက် တင်ပါးနာတာ၊ ခါးအောက်ပိုင်းနာတာတွေဖြစ်လာရပါတယ်။ အရင်ဆုံးအဓိက ကြွက်သားတွေ ကြံ့ခိုင်လာဖို့ အာရုံစိုက်သင့်ပါတယ်။

Ref: Not able to hold the plank? Here is what it tells about your body

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top