ဥရောပအာကာသအေဂျင်စီ (European Space Agency) ရဲ့ Aeolus ဂြိုဟ်တုနဲ့ Space X ရဲ့ Starlink – 44 ဂြိုဟ်နာတို့ဟာ သူတိုရဲ့ ကမ္ဘာပတ်လမ်းကြောင်းတစ်နေရာမှာ တိုက်မိကြဖို့အခြေအနေရှိတယ်လို့ အငြင်းပွားနေကြကာ အခြေအနေတွေတင်းမာနေပါတယ်။
ESA ရဲ့ ကျွမ်းကျင်သူတွေဟာ ကမ္ဘာပတ်လမ်းကြောင်းနှစ်ခုဆုံမိတဲ့နေရာမှာ ဂြိုဟ်တုအချင်းချင်းတိုက်မိနိုင်ချေက ၁/၁၀၀၀ပုံ ရှိနေကြောင်းတွက်ချက်ရရှိခဲ့ပြီး ဖြစ်နိုင်ချေအရနည်းပါးတယ်ဆိုပေမဲ့လည်း ဖြစ်ဖို့အလားအလာကလည်းရှိနေတဲ့အတွက် Space X ကို ဂြိုဟ်တုတည်နေရာရွှေ့ပြောင်းဖို့ အသိပေးတောင်းဆိုခဲ့တာပါ။
“အသိပေးခဲ့ပေမဲ့ သူတို့မှာ အဲဒီလိုလုပ်ဖို့အစီအစဉ်မရှိဘူးလို့ပဲ အကြောင်းပြန်လာတယ်” လို့ ESA ရဲ့ အာကာသတွင်းအပျက်အစီးရှင်းရေးစီမံကိန်းခေါင်းဆောင် ဟိုလ်ဂျာ ကရက်ဂ် (Holger Krag)က ပြောပါတယ်။
Space X ရဲ့ ဂြိုဟ်တုဟာ အလိုအလျောက်အတားအဆီးရှောင်နိုင်တဲ့စနစ်မျိုးကို တပ်ဆင်ထားသင့်လျက်နဲ့ မတပ်ထားတဲ့အကြောင်းရင်းကိုတော့ ရေရေရာရာမသိရပါဘူး။
သတိပေးမှုကိုလျစ်လျူရှုနေတဲ့ Space X ရဲ့လုပ်ရပ်ကြောင့် ESA က Aeolus ဂြိုဟ်တုရဲ့ ယာဉ်တွန်းအင်ဂျင်တွေကို ဂြိုဟ်တုနှစ်လုံးမတိုက်မိနိုင်ခင် ပတ်လမ်းတစ်ဝက်လောက်မှာ ဖြုတ်ပစ်ခဲ့ရပါတယ်။ ESA အနေနဲ့ လာမယ့်ကာလတွေမှာ AI နည်းပညာသုံးအလိုအလျောက်အတားအဆီးရှောင်ရှားတဲ့စနစ်ကို အသုံးပြုသွားဖို့ရှိနေပေမဲ့ လက်ရှိအထိတော့ အင်ဂျင်နီယာတွေကပဲ ကမ္ဘာမြေပေါ်ကနေ ထိန်းချုပ်မောင်းနှင်ပေးနေကြတာဖြစ်ပါတယ်။
“မရွှေ့ပေးဘူး လို့ ပြောတဲ့အတွက်ကို ကျွန်တော်တို့ဘာမှမစိုးရိမ်ပါဘူး” လို့ ဟိုလ်ဂျာကဆိုပြီး “ကျွန်တော်တို့စိုးရိမ်နေတာက အနာဂတ်မှာဖြစ်လာနိုင်တဲ့ဖြစ်ရပ်တွေအတွက်ပါပဲ။ အခု ကိစ္စမှာကတော့ ဂြိုဟ်တု ၂ လုံးတည်းပါ။ တကယ်လို့ သူတိုစီစဉ်ထားသလိုသာ အလုံးပေါင်း (၁၂၀၀၀) ထိလွှတ်တင်လိုက်မယ်ဆိုရင် ပတ်လမ်းကြောင်းတွေအများကြီးဖြစ်လာပြီး တိုက်မိလို့ပျက်စီးရတာတွေလည်း အဆမတန်များလာပါလိမ့်မယ်။ စည်းမျည်းတွေ၊ ဥပဒေတွေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းပေးမလဲ ဆိုတာတွေက သူတို့မှာ အရင်ကမရှိခဲ့ဖူးလို့ အခုလည်း မျှော်လင့်ထားလို့မရနိုင်ပါဘူး” လို့လည်း ဝေဖန်ခဲ့ပါတယ်။
TH (ရိုးရာလေး)