လူမှုကွန်ရက်တွေက သူနာပြုတွေရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေ

yyl099003.jpg

လူမှုကွန်ရက်တွေက သုံးစွဲသူတွေအတွက် ကောင်းကျိုးကော ဆိုးကျိုးပါပေးနေတဲ့အကြောင်း ဖော်ပြထားတဲ့ သုတေသနတွေနဲ့ လေ့လာစူးစမ်းမှုများစွာကို ဖတ်ဖူးကြမယ်ထင်ပါတယ်။

အခုလည်း လူမှုကွန်ရက်ကို အလွန်အကျွံ စွဲလန်းနေတဲ့ သူနာပြုတွေအနေနဲ့ သတ်မှတ်တာဝန်တွေအပေါ် အာရုံစူးစိုက်နိုင်စွမ်း နည်းလာပြီး လုပ်ငန်းစွမ်းဆောင်ရည်တွေလည်း လျော့ကျလာတာကို လေ့လာမှုတစ်ခုမှာ ထပ်မံတွေ့ရှိခဲ့ပါတယ်။

ဒီလေ့လာမှုရဲ့ရလဒ်ကို ကမ္ဘာ့နိုင်ငံ (၅၃) နိုင်ငံမှာရှိတဲ့ သူနာပြုတွေရဲ့ အွန်လိုင်းစစ်တမ်းဖြေဆိုမှုက ရရှိလာတဲ့အချက်အလက်တွေအပေါ်မှာ အခြေခံတွက်ချက်ပြီး ထုတ်ပြန်ခဲ့တာပါ။

ဒီလေ့လာမှုဟာ ဆေးရုံစီမံခန့်ခွဲရေး၊ ဆရာဝန်တွေနဲ့ သူနာပြုတွေအတွက် အရေးပါတဲ့ ဆက်စပ်ပတ်သက်မှုတချို့ ရှိနေပြီး ဆေးရုံ စီမံခန့်ခွဲရေးဌာနအနေနဲ့ သူနာပြုတွေရဲ့ လူမှုကွန်ရက် သုံးစွဲမှုကို ကန့်သတ်တာ၊ တစ်ကိုယ်ရည် စီမံခန့်ခွဲမှုသင်တန်းတွေ ပို့ချပေးတာ၊ ဖုန်းမြည်သံနဲ့ အချက်ပေးသံတွေနဲ့ ကင်းဝေးရာ ဝန်းကျင်တစ်ခု ဖန်တီးပေးတာမျိုးတွေကို လုပ်ဆောင်ပေးသင့်ကြောင်း လေ့လာသူတွေက တိုက်တွန်း အကြံပြုထားပါတယ်။

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top