နာမည်ကျော် Bondi ကမ်းခြေမှာကျင်းပခဲ့တဲ့ သြစတေးလျရဲ့ အကြီးမားဆုံး လေတံခွန်ပွဲတော်

yyl099006.jpg

သြစတေးလျနိုင်ငံ၊ ဆစ်ဒနေမြို့ရဲ့ နာမည်ကျော် ဘွန်ဒိုင်းကမ်းခြေ (Bondi Beach) မှာ (၄၁) ကြိမ်မြောက်လေတံခွန်ပွဲတော် ကို မနေ့က (စက်တင်ဘာ ၈) ကျင်းပခဲ့ပြီး ထောင်နဲ့ချီတဲ့စွန်လွှတ်ဝါသနာရှင်တွေ လာရောက်ဆင်နွှဲခဲ့ကြပါတယ်။

ဒီပွဲတော်မှာဝင်ရောက်ဆင်နွှဲဖို့ ပညာရှင်တွေကိုသာမက ဝါသနာရှင်တွေကိုလည်းဖိတ်ကြားခဲ့ပြီး သူတို့ကိုယ်တိုင်ဖန်တီးထားတဲ့ အရောင်စုံ၊ အရွယ်စုံ၊ ပုံစံစုံ စွန်တွေက ပင်လယ်ကမ်းခြေထက်မှာ ဝဲပျံနေခဲ့ကြပါတယ်။

ဒီပွဲတော်မှာ အထင်ရှားဆုံးဖြစ်ခဲ့တာကတော့ နယူးဇီလန်က စွန်ဖန်တီးသူ ခရိတ်ချ်ဟန်ဆန်ဖန်တီးလွှတ်တင်ခဲ့တဲ့ ပကတိအရွယ်အစားဝေလငါးပုံစံစွန်ကြီးပါပဲ။

အစားအသောက်အရောင်းဆိုင်တွေ၊ ကလေးငယ်တွေရဲ့ဖျော်ဖြေတင်ဆက်မှုတွေအပါအဝင် အခြားဖျော်ဖြေရေးအစီအစဉ်တွေနဲ့ စွန်ဖန်တီးမှုဆိုင်ရာဆွေးနွေးပွဲတွေကိုလည်း ဒီပွဲတော်မှာ ထည့်သွင်းကျင်းပခဲ့တာကိုတွေ့ရပါတယ်။

Ref: CGTN “Kite lovers flock to iconic Bondi Beach for Australia’s largest kite festival”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply