လဆင်းယာဉ်ကို လရဲ့တောင်ဘက် ဝင်ရိုးစွန်းဆီ ဆင်းသက်‌‌စေဖို့ အိန္ဒိယရဲ့ ကြိုးပမ်းမှု မအောင်မြင်

yyl099004.jpg

ကမ္ဘာမြေက ထိန်းချုပ်နေတဲ့ အင်ဂျင်နီယာတွေဟာ ချန်ဒရာရန်း -၂ ရဲ့လဆင်းယာဉ်က ထိန်းချုပ်ရေး အစိတ်အပိုင်းတစ်ခုနဲ့ အဆက်အသွယ် ပြတ်တောက်သွားပြီးတဲ့နောက်မှာတော့ လရဲ့ တောင်ဝင်ရိုးစွန်းကို ပထမဆုံးဆင်း သက်လေ့လာနိုင်ဖို့ အိန္ဒိယရဲ့ ကြိုးပမ်းမှုက အချည်းနှီး ဖြစ်သွားခဲ့ရပါတယ်။

အိန္ဒိယအာကာသ လေ့လာရေး အဖွဲ့အစည်းက သိပ္ပံပညာရှင်တွေဟာ လမျက်နှာပြင်ပေါ်မှာ ညင်သာစွာဆင်းသက်လိုက်ရမယ့်အစား တဝဲလည်လည်ဖြစ်နေတဲ့ လဆင်းယာဉ်ဆီက အချက်ပြမှုတစ်ခုကိုမှ မရရှိတော့တာပါ။

လဆင်းယာဉ်အစိတ်အပိုင်းဟာ စီစဉ်ထားတဲ့အတိုင်း ဆင်းသက်နိုင်ခဲ့ပြီး (၂.၁) ကီလိုမီတာရောက်တဲ့အထိလည်း လုပ်ဆောင်ချက်တွေက ပုံမှန်ရှိခဲ့ပါတယ်။ အဲဒီနောက်မှ ရုတ်တရက်ကြီး မြေပြင်အခြေစိုက်စခန်းနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တာပါ လို့ ISRO ထိန်းချုပ်ရေးဌာနက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ သန်း (၁၅၀) ကုန်ကျတဲ့ ဒီစီမံကိန်းမှာ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြတဲ့ အဖွဲ့သားအားလုံးအတွက် ဂုဏ်ယူမိကြောင်းနဲ့ နောက်ထပ်လုပ်ဆောင်မှုတွေအတွက် လတွန်းအားပေးလိုက်တဲ့ဖြစ်ရပ်လို့ အိန္ဒိယဝန်ကြီးချုပ်မိုဒီက ပြောပါတယ်။

အိန္ဒိယနိုင်ငံက ဖန်တီးထားတဲ့ နေစွမ်းအင်သုံး လေ့လာရေးယာဉ် ချန်ဒရာရန်း -၂ ကို လရဲ့ နှစ် (၄) ဘီလျံသက်တမ်း မြေသားနမူနာတွေ စုဆောင်းသရုပ်ခွဲဖို့ စေလွှတ်ခဲ့တာဖြစ်ပါတယ်။

လရဲ့ တောင်ဝင်ရိုးစွန်းနေရာနဲ့ (၃၇၅) မိုင်အကွာက မီးတောင်နှစ်လုံးကြားမှာ အောင်အောင်မြင်မြင်ဆင်းသက်နိုင်မယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့ အခုလိုမျိုး မမျှော်လင့်တဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတာက အိန္ဒိယသိပ္ပံပညာရှင်တွေအဖို့ မချိတင်ဖြစ်စရာပါ။

ဆိုဗီယက်ယူနီယံ (ရုရှား)နဲ့ အမေရိကန်တို့ရဲ့ကြိုးပမ်းမှုတွေတုန်းကလည်း အကြိမ်ပေါင်းများစွာ အခုလိုမအောင်မမြင်ဖြစ်ခဲ့ကြဖူးပါတယ်။ ရုရှား၊ အမေရိကန်နဲ့ တရုတ်နိုင်ငံတွေသာ လပေါ်ကိုအောင်မြင်စွာ ဆင်းသက်ထားနိုင်ခဲ့တာဖြစ်ပြီး အိန္ဒိယကလည်း အဲဒီနိုင်ငံတွေလိုဖြစ်ဖို့ ကြိုးပမ်းခဲ့တာပါ။

လက်ရှိမှာ လဆင်းယာဉ်ရဲ့ တည်နေရာကို ပြန်ရှာတွေ့ထားပြီဖြစ်ပြီး အဆက်အသွယ်ပြန်ရရှိဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top