တပည့်အပေါ်ထားတဲ့ ဆရာတစ်ဦးရဲ့မေတ္တာ

yyl-2-10-008.jpg

အသက် (၁၀) နှစ်အရွယ် ရိုင်ယန် ကင်း (Ryan King) ဆိုတဲ့ကလေးမလေးက မွေးရာပါကျောရိုး အမြှေးကျွံရောဂါရှိပြီး ဝှီးချဲအသုံးပြုနေရတာပါ။ တစ်ရက်မှာ သူကကျောင်းအလည်အပတ်ခရီးစဉ်လိုက်ဖို့ ခွင့်ပြုချက်စာရွက်ရခဲ့ပါတယ်။ တစ်ခါတရံ ကျောင်းခရီးတွေမှာပါဝင်ဖို့ သူ့အတွက်ခက်ခဲပြီး အလှည့်ကျလှုပ်ရှားမှုတွေ လုပ်ဆောင်ဖို့အတွက် ကျောင်းကသူ့ကို မကြာခဏကူညီပေးကြရပါတယ်။ အရင်တုန်းက ပျက်ကွက်ခဲ့တာတွေရှိခဲ့ပါတယ်။

ကျောင်းက အိုဟိုင်းယိုးပြည်နယ်အနီးနားက ရေတံခွန်ဆီ ခရီးထွက်ဖို့စီစဉ်ထားတာဖြစ်ပြီး အဲဒီကိုရောက်ဖို့အတွက် တောင်တတ်ဖို့လိုပါတယ်။ ရိုင်ယန်ရဲ့မိခင်က သူ့သမီးလေး ကျောင်းခရီးစဉ်ကို လိုက်လို့ရအောင် သူ့သမီးနဲ့အတူ လိုက်သွားပေးပြီး တောင်တတ်တဲ့အခါရိုင်ယန်ကို ကျောပိုးသွားမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ရိုင်ယန်ရဲ့မိခင်က ခရီးစဉ်မှာ အဖော်အဖြစ်လိုက်ဖို့အတွက်ပြင်ဆင်ခဲ့ပြီး တစ်လမ်းလုံးရိုင်ယန်ကို ကျောပိုးခဲ့ပါတယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်က သူ့သမီးကို ကျောပိုးခေါ်သွားပေးမယ်လို့ ခွင့်တောင်းလာခဲ့ပါတယ်။ သူက ဂျင်မ် ဖရီးမန်း (Jim Freeman) ဆိုတဲ့ဆရာတစ်ယောက်ပါ။ ဖရီးမန်းက ရိုင်ယန်ကိုကျောပိုးခေါ်ရတာ ကိုယ်လက်လှုပ်ရှားမှုလုပ်သလိုပါပဲ ပြောပါတယ်။ သူက (၉၀)ဒီဂရီရှိတဲ့ရာသီဥတုနဲ့ ဂမ်ကို (၁) နာရီလောက် ကျောပိုးခေါ်ဆောင်လာခဲ့ပါတယ်လို့ ရိုင်ယန်ရဲ့မိခင်က ပြောခဲ့ပါတယ်။

ခါတိုင်း သူ့မိခင်လုပ်ပေးတဲ့အရာတွေကိုလည်း ဖရီးမန်းကလုပ်ပေးရှာပါတယ်။ အခုလို ဖရီးမန်းရဲ့ကူညီမှုက တကယ်ကို ကျေးဇူးတင်စရာကောင်းတယ်လို့ ရိုင်ယန်ရဲ့မိခင်က ဆိုပါတယ်။ ရိုင်ယန်ရဲ့မိခင်က ဆရာတစ်ဦးက သူ့သမီးလေးကို ကျောပိုးသယ်ပေးတယ်ဆိုတာကို ဖေ့စ်ဘွတ်ခ်မှာ ပုံတွေနဲ့အတူတင်ခဲ့ပါတယ်။ အဲဒီပုံတွေက ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ရိုင်ယန်က ကျောင်းခရီးစဉ်မှာ ပျော်ရွင်ခဲ့ရပြီး သူ့ကို အခြားကလေးတွေက မနာလိုဖြစ်နေတယ်လို့ပြောပါတယ်။ “ဒီခရီးစဉ်ကို သူစောင့်ဆိုင်းနေခဲ့ရတာပါ” လို့ ကျောင်းခရီးစဉ်နဲ့ပတ်သက်ပြီးရိုင်ယန်က ပြောပြသွားခဲ့ပါတယ်။

Ref: CBSNews “Teacher carries 10-year-old with spina bifida on his back so she doesn’t miss out on field trip”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top