ဟိုတယ်ဓာတ်လှေကားမှာ ပိတ်မိပြီး သူတို့ရဲ့မင်္ဂလာညစာစားပွဲ မကျင်းပလိုက်ရတဲ့ ကြင်စဦးဇနီးမောင်နှံ

24.2.2023-image-1.jpg

လက်ထပ်ပြီးခါစ စုံတွဲတစ်တွဲဟာ ဓာတ်လှေကားထဲ (၂) နာရီကြာ ပိတ်မိခဲ့ပြီးနောက် သူတို့ရဲ့မင်္ဂလာညစာစားပွဲကို လွတ်သွားခဲ့ရပါတယ်။ ဗစ်တိုရီးယားနဲ့ ပါနာဗ် ဂျေဟာတို့စုံတွဲက မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ချားလော့တ်မြို့က Grand Bohemian Hotel ရဲ့ ၁၆ လွှာမှာ ပြုလုပ်မယ့် သူတို့ရဲ့မင်္ဂလာညစာစားပွဲဆီ ဦးတည်သွားနေစဉ်မှာ သူတို့စီးလာတဲ့ ဓာတ်လှေကားက ရပ်တန့်သွားခဲ့ပါတယ်။

သူတို့နှစ်ဦးအပြင် ဗစ်တိုရီးယားရဲ့ညီမနဲ့ဧည့်သည် (၃) ဦးလည်း ဓာတ်လှေကားထဲမှာ ရှိနေခဲ့ပါတယ်။ အစကတော့ သူတို့တွေက ခဏလေးပဲ ဓာတ်လှေကားထဲပိတ်မိနေမယ်ထင်ခဲ့တာပါ။ ချားလော့တ်မီးသတ်တပ်ဖွဲ့က သူတို့ကို လာပြီးမကယ်တင်ခင် တော်တော်ကြာသွားခဲ့ပါတယ်။ သူတို့တွေက ဓာတ်လှေကားထဲ (၂) နာရီကြာ ပိတ်မိနေခဲ့တာပါ။ ဓာတ်လှေကားထဲကနေ ကယ်တင်ခဲ့ပြီးတဲ့အချိန်မှာ သူတို့ရဲ့မင်္ဂလာညစာစားပွဲပါတီက ပြီးသွားခဲ့ပါပြီ။ ကံကောင်းထောက်မစွာနဲ့ အဲ့ဒီအဖြစ်အပျက်အတွင်း ဘယ်သူမှ ထိခိုက်မှုမရှိခဲ့ပါဘူး။

ကြင်စဦးဇနီးမောင်နှံက သူတို့ကို ကယ်တင်ပေးခဲ့တဲ့ မီးသတ်သမားတွေနဲ့ ဓာတ်ပုံရိုက်ခဲ့ပြီး မီးသတ်ဌာနကလည်း သူတို့ဇနီးမောင်နှံအတွက် မင်္ဂလာဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ ဗစ်တိုရီးယားက ဓာတ်လှေကားထဲ သူတစ်ယောက်တည်းမဟုတ်ဘဲ သူတို့ဇနီးမောင်နှံနှစ်ဦးစလုံး ပိတ်မိခဲ့တဲ့အတွက် စိတ်သက်သာရာရခဲ့တယ်။ မင်္ဂလာညစာစားပွဲမဆင်နွှဲနိုင်ခဲ့တာ၊ ဧည့်သည်တွေကို နှုတ်မဆက်နိုင်ခဲ့တာတွေအတွက်တော့ စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ခံရတာက ဂျိမ်းစ်ဘွန်းထဲက ဇာတ်ဝင်ခန်းတစ်ခုလို ခံစားရတယ်လို့ ပါနာဗ်က ပြောပါတယ်။

Ref: Newlyweds miss their own wedding reception after getting trapped in hotel lift

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top