သားအိမ် အစားထိုးလုပ်ဆောင်မှုနဲ့ ကိုယ်ဝန်ဆောင်ပြီး မွေးဖွားနိုင်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ ပထမဦးဆုံးသော ကလေးငယ်

190709170646-baby-born-transplanted-uterus-0709-exlarge-169.jpg

အမေရိကန်နိုင်ငံရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အနေနဲ့ သားအိမ်အစားထိုးမှု လုပ်ဆောင်ပြီး ကလေးငယ်တစ်ဦးကို အောင်မြင်ကျန်းမာစွာနဲ့ မွေးဖွားပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သားအိမ်အစားထိုးမှုအတွက် လုပ်ဆောင်ခဲ့ပုံက ဒီလိုပါ။ သေဆုံးသွားသူတစ်ဦးက လှူဒါန်းပေးခဲ့တဲ့ သားအိမ်ကို ခွဲစိတ်ထုတ်ယူပြီး ကိုယ်ဝန်ဆောင်လို့တဲ့ သားအိမ်ထုတ်ထားရသူ အမျိုးသမီးအတွက် ပြန်လည်အစားထိုးပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒါဟာ သားအိမ်မရှိသူ (သို့) သားအိမ်ချို့ယွင်းပြီး မြုံနေသူ အမျိုးသမီးတွေအတွက် ကိုယ်တိုင် ကိုယ်ဝန်လွယ်ခွင့် ရစေနိုင်တော့မယ့် ဆေးပညာသတင်းကောင်းတစ်ခု ဖြစ်ခဲ့တာ အမှန်ပါ။ သားအိမ်အစားထိုးမှုကိုရော၊ ကလေးမွေးဖွားမှုကိုပါ ကလေ့ဗ်လန်းဆေးရုံ (Cleveland Clinic) က စွမ်းဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မွေးရာပါ သားအိမ်မပါဝင်လာခဲ့သူ အမျိုးသမီးဟာ အခုလို သားအိမ်အစားထိုး ကလေးမွေးဖွားအပြီးမှာတော့ အဲ့ဒီ အစားထိုးထားတဲ့သားအိမ်ကို ပြန်လည်ဖယ်ထုတ်ပေးရမှာပဲဖြစ်တယ်လို့ ဒေါက်တာ Tommaso Falcone က ဆိုခဲ့ပါတယ်။

“သေဆုံးပြီးသွားသူရဲ့ သားအိမ်ကိုယူပြီး အစားထိုးလို့ ကလေးမွေးဖွားနိုင်ပြီဆိုတဲ့သဘောပါပဲ။ သေဆုံးပြီးသူရဲ့ သားအိမ်ဟာ ဒီအတွက် ကောင်းမွန်စွာ လုပ်ဆောင်ပေးနိုင်တာကို တွေ့ရပါတယ် ” သူက ဆက်လက်ပြောပြာသွားခဲ့ပါတယ်။

ကမ္ဘာမှာတော့ ဒီလို သားအိမ်အစားထိုးပြီး ကလေးမွေးဖွားပေးခြင်းကို ဘရာဇီးနိုင်ငံက ပထမဆုံးအဖြစ် အောင်မြင်အောင် စွမ်းဆောင်ခဲ့တာဖြစ်ပြီး အမေရိကန်က ဒုတိယအကြိမ် အောင်မြင်တဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

Ref: CNN “A woman delivered the first baby in the US born from the transplanted uterus of a dead donor”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top