Jonghyun ခံစားချက်နဲ့ထပ်တူ Idolsတွေခံစားနေရကြောင်း Apink အဖွဲ့ဝင် အွန်းဂျီထုတ်ဖော်

e.jpg

Jonghyun ရဲ့ suicide letter ကိုဖတ်ပြီးတဲ့နောက်မှာ သူ့ရဲ့စကားလုံးတွေက  တခြားကျန်တဲ့ K-Pop idols တွေခံစားချက်နဲ့ ကွက်တိဖြစ်နေတာ တွေ့ရပါတယ်။

APINK အဖွဲ့ဝင်အွန်းဂျီက သူမနဲ့ သိတဲ့ သူငယ်ချင်းတွေနဲ့ အနုပညာရှင်တွေတော်တော်များများကတော့ စိတ်ဓာတ်ကျတယ်ဆိုတာနဲ့  ဒါက ဘယ်လောက်ခက်ခဲတယ်ဆိုတာ နားလည်ပေးနိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။

“Jonghyun သေသွားပြီဆိုတဲ့  သတင်းကြားကြားချင်း ဒါကသတင်းအမှားကြီးဖြစ်ပြီး ညာနေတာပဲဖြစ်ပါစေလို့ မျှော်လင့်ခဲ့တာ။ Jonghyun နဲ့ လူချင်းတော့ မရင်းနှီးပါဘူး။ ဒါပေမဲ့ သူနဲ့ ကလုပ်ဖော်ကိုင်ဘက်တွေဆိုတော့ အခုထိစိတ်မကောင်းဖြစ်နေရတုန်းပဲ။ မရင်းနှီးကြဘူးဆိုပေမဲ့ သတင်းကြားကြားချင်း မျက်ရည်ကျမိတယ်။မနေ့က ထုတ်ဖော်ခဲ့တဲ့Jonghyun ရဲ့ suicide letter ကိုဖတ်ပြီး ဘာကိုကြောက်မိလဲဆိုတော့ Jonghyun ရဲ့စာသားတွေနဲ့ ကျွန်မပတ်ဝန်းကျင်က သူငယ်ချင်းတွေ၊ အနုပညာရှင်တွေရဲ့ ရင်ထဲကခံစားချက် သွားတူနေတာကိုပါပဲ။ စိတ်ဓာတ်ကျမှုက အတွင်းမှာ တဖြည်းဖြည်း အနည်ထိုင်လာပြီး နောက်ဆုံးဒီလိုလုပ်ရပ်မျိုးထိဖြစ်သွားတဲ့ Jonghyun ရဲ့ ခံစားချက်ကို နားလည်တယ်လို့ပြောလာတဲ့ Idols တွေကိုကြည့်ပြီး ကျွန်မဒီလိုမျိုး မခံစားဖူးပေမယ့်ကြောက်မိတယ်။ SHINee အဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ဘယ်လောက်တောင်ခံစားနေရမလဲ မပြောပြတတ်ပေမဲ့ အနုပညာလောကသားတွေလည်း ကျွန်မလို မျိုးခံစားနေရမယ် ယုံကြည်ပါတယ်။ ဒီလိုအလားတူဖြစ်ရပ်မျိုးတွေ နောက်နောင်ထပ်မဖြစ်ပါစေနဲ့ လို့ဆုတောင်းပါတယ်။ ပြီးတော့ အနုပညာလောကနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေဆိုတာ လူတိုင်း စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်စွာလုပ်ကိုင်နိုင်တဲ့ နေရာ တစ်ခုဖြစ်ပါစေလို့လည်းမျှော်လင့်ပါတယ်။” လို့ APINK အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ အွန်းဂျီကပြောဆိုခဲ့ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply