၂၀၁၉ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုဆွတ်ခူးသွားတဲ့ ရာမီ မဲလစ်ခ် (Rami Malek)

bohemian-rhapsody.jpg

ကမ္ဘာကျော် Queen တေးဂီတအဖွဲ့ရဲ့ အဆိုတော် ဖရက်ဒီ မာကျူရီ (Freddie Mercury) အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ Bohemian Rhapsody ရုပ်ရှင်ကားမှာ ဖရက်ဒီ မာကျူရီအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ရာမီ မဲလစ်ခ်ကတော့ ဒီနှစ်ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုကို ရရှိပိုင်ဆိုင်သွားခဲ့ပါပြီ။

မဲလစ်ခ်ဟာ ဒီဆုကို A Star is Born ဇာတ်ကားက ဘရက်ဒ်လေ ကူးပါး၊ At Eternity’s Gate ဇာတ်ကားက ဝီလျံဒေးဖိုး၊ Boy Erased ဇာတ်ကားက လူးကပ်စ် ဟက်ဂျက်စ်နဲ့ BlacKkKlansman ဇာတ်ကားက ဂျွန် ဒေးဗစ် ဝါရှင်တန် တို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးရရှိခဲ့တာလည်း ဖြစ်ပါတယ်။

“ဒါဟာ ခင်ဗျားကြောင့်သာပါ ခမ်းနားကြီးကျယ်သူကြီး (ဖရက်ဒီ မာကျူရီ) ရေ” လို့ ဆုကိုလက်ခံအပြီးမှာ မဲလစ်ခ်က ပြောကြားခဲ့ပါတယ်။ အကောင်းဆုံး ဒရာမာရုပ်ရှင်ဇာတ်ကားဆုကိုလည်း ဖရက်ဒီ မာကျူရီအဖြစ် မဲလစ်ခ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Bohemian Rhapsody ရုပ်ရှင်ကပဲ ဆွတ်ခူးသွားခဲ့တာ ဖြစ်ပါတယ်။

Ref: goldenglobes.com

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top