ပြေးခွင့်ရရင်တော့ မန်ယူအသင်းက ကမ္ဘာ့အကောင်းဆုံးအသင်းပါလို့ ဂာဒီယိုလာ ချီးကျူး

yyl-080.jpg

မန်ယူအသင်းက ပြေးခွင့်ရရင်တော့ ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းဖြစ်တယ်လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ချီးကျူးခဲ့ပါတယ်။ မန်ယူဟာ ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဒန်နီယယ်ဂျိမ်းစ် စတဲ့ တိုက်စစ်ကစားသမားတွေကြောင့် တိုက်စစ်ပိုင်း မြန်နှုန်းကောင်းနေပြီး မန်ယူအသင်းရဲ့ မြန်နှုန်းနဲ့ သက်လုံပိုင်းကို ဂွာဒီယိုလာက ချီးကျူးသွားခဲ့ပါတယ်။ အင်္ဂါနေ့ကျရင် အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားရမယ့် ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မတိုင်ခင် ဂွာဒီယိုလာက အခုလို ပြောခဲ့တာပါ။

”အိုးထရက်ဖို့ဒ်မှာ ကစားရမယ့်ပွဲစဉ်က အီတီဟတ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်နဲ့ ကွာခြားမှာပါ။ ဒါပေမဲ့ မန်ယူအသင်းက ပြေးအားပေါ် အခြေခံတည်ဆောက်ထားတဲ့ အသင်းပါ။ ပြေးပြေးလွှားလွှား ကစားခွင့်ရရင် မန်ယူက အင်္ဂလန်မှာတင်မကဘဲ ကမ္ဘာမှာပါ အကောင်းဆုံးအသင်းတစ်သင်း ဖြစ်ပါတယ်။ အခုလိုပြောရတာက ဒန်နီယယ်ဂျိမ်းစ်၊ ဂရင်းဝုဒ်၊ မာရှယ်၊ ရက်ရှ်ဖို့ဒ်၊ လင်ဂတ်တို့ရဲ့ ပြေးအားကြောင့်ပါပဲ။ ဝုဗ်နဲ့ပွဲစဉ်မတိုင်ခင် သူတို့အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းကို ကြည့်ရတာ အပြောင်းအလဲတော်တော်လုပ်ထားတာ တွေ့ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့နဲ့ပွဲစဉ်ကို သူတို့အာရုံစိုက်နေတယ်လို့ ယူဆတယ်။ ဒါပေမဲ့ (၂)ပွဲကစားရမှာပါ။ အိုးထရက်ဖို့ဒ်မှာ ရလဒ်ကောင်းအောင် ကြိုးစားပြီး ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်ကျရင် ကာရာဘောင်းဖလား ဗိုလ်လုပွဲကို (၃)နှစ်ဆက် ကစားခွင့်ရအောင် ကြိုးစားသွားမယ်။ သူတို့က တတ်နိုင်သမျှ ပြေးလွှားကစားခွင့်ရအောင် ကြိုးစားလာမယ်လို့ ခံစားမိတယ်။ အဲဒီအတွက် ကစားကွက်တည်တဲ့နေရာမှာ အမှားနည်းအောင် လျှော့ချပြီး ဒီပွဲအတွက် ပြင်ဆင်သွားမယ်”လို့ ဂွာဒီယိုလာက ပြောပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့လက မန်စီးတီးနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မာရှယ်၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ ဂိုးတွေနဲ့အတူ (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top