တိရစ္ဆာန်လေးတစ်ကောင်ရဲ့ဘဝကို လူတစ်ယောက်က ပြောင်းလဲပေးခဲ့ပါတယ်။ အဲဒီလူက တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ ကက်သရင်း အာပူလီဆိုသူပါပဲ။ သူက ဝေဝေ ဆိုတဲ့ ကြက်တူရွေးလေးကို အမြင့်မှာ ပျံ့သန်းနိုင်ဖို့အတွက် ဖြည့်ဆည်းပေးခဲ့တာပါ။.
ပျံမသွားအောင်လို့ ဝေဝေကို တစ်စုံတစ်ယောက်က အတောင်ပံတွေကို ညှပ်ထားတာပါ။ အခုဆိုရင် ဒေါက်တာ အာကူလီရဲ့အကူအညီနဲ့ ဝေဝေဟာ ကောင်းကင်မှာ ပျံ့သန်းနိုင်တော့မှာဖြစ်ပါတယ်။ သူ့ကို အတောင်ပံအသစ်တပ်ပေးဖို့က နာရီအနည်းငယ်သာအချိန်ယူခဲ့ရပြီး လှူဒါန်းထားတဲ့ အမွှေးအတောင်တွေ၊ ကော်နဲ့ သွားကြားထိုးတံတို့လည်း လိုအပ်ခဲ့ပါတယ်။ အမွှေးတောင် အသစ်တပ်ပေးတဲ့ဖြစ်စဉ်က ကြက်တူရွေး ဝေဝေကို လုံးဝမနာကျင်စေခဲ့ပါဘူး။
ဒေါက်တာက ဝေဝေ အိပ်ပျော်နေစဉ်မှာ ထပ်ပြီး ကောင်းကင်မှာ ပျံသန်းနိုင်ဖို့အတွက် အမွှေးတွေတပ်ပေးခဲ့ပါတယ်။ လှပတဲ့အတောင်ပံတစ်စုံ ဖန်တီးပေးဖို့အတွက် အခြားသူတွေ လှူဒါန်းထားတဲ့ အမွှေးအတောင်တွေကို အသုံးပြုခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်မှ အတောင်ပံကို ကော်နဲ့တပ်ဆင်ပေးခဲ့တာပါ။ အတောင်ပံအသစ်ကို တပ်ဆင်ဖို့ရာ ပျက်စီးနေတဲ့ အမွှေးအတောင်တွေကို ပြင်ဆင်ခဲ့ရပြီး အကူအညီအနေနဲ့ သွားကြားထိုးတံကို အသုံးပြုခဲ့ပါတယ်။
ငှက်မွှေးတဲ့သူတွေက သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်လေး ထွက်ပြေးမသွားဖို့အတွက် အမွှေးအတောင်တွေကို ညှပ်ပစ်ကြပါတယ်။ ဝေဝေကလည်း အဲဒါကြောင့် အခုလိုအမွှေးအတောင်တွေညှပ်ခံခဲ့ရတာပါ။ အရင်က ပျံသန်းဖို့ကြိုးစားတဲ့အခါတိုင်း မြေကြီးပေါ်ပဲ ပြုတ်ကျခဲ့ရပါတယ်။
ကြက်တူရွေးလေးကို ကိုင်ထားတဲ့သူက အမွှေးအတောင်တွေ ဖန်တီးပေးခဲ့တဲ့ ဒေါက်တာကက်သရင်း အာပူလီပါပဲ။ အခုဆိုရင် ကြက်တူရွေးလေးဝေဝေက အမွှေးအတောင်အသစ်လေးနဲ့ လှပနေပါပြီ။ ဝေဝေရဲ့အမွှေးအတောင်တွေကို သူ့ရဲ့အရင်ပိုင်ရှင်က ညှပ်ပစ်ခဲ့တာလား ဒါမှမဟုတ် အိမ်မွှေးတိရစ္ဆာန်ရောင်းတဲ့ဆိုင်က ညှပ်ထားတာလားဆိုတာ သေသေချာမသိဘူးဖြစ်နေပါတယ်။
Ref: Vet Gives Parrot New Wings After Someone Severely Trims Them
WL (ရိုးရာလေး)