OLED လောင်ကျွမ်းမှုကြောင့် ဈေးကွက်အတွင်း အကျပ်အတည်းနှင့်ရင်ဆိုင်နေရသည့် LG Display

ImageGen.ashx_.jpg

(၇) နှစ်တာကာလပတ်လုံး ဈေးကွက်တွင်းသတိပေးချက်များကိုလျစ်လျူရှုခဲ့သော LG Group သည် ယခုနှစ်ပိုင်းတွင် ပြိုင်ဘက် Samsung က MicroLED နှင့် QD-OLED panel များဖြင့် ဈေးကွက်အတွင်း ဝင်ရောက်လာသည့်အတွက် LG ဦးဆောင်သူများအနေဖြင့် LG Display ၏ OLED တီဗီလုပ်ငန်းကို ပြန်သုံးသပ်နေပြီး ဈေးကွက်တွင်လည်းစောင့်ကြည့်လျက်ရှိသည်။

ယမန်နှစ်က တီဗီလုံးရေ (၂.၉) သန်းခန့် ကမ္ဘာတစ်ဝန်းသို့ ဖြန့်ချိရောင်းချခဲ့ပြီးနောက် ယခု ၂၀၁၉ ခုနှစ်တွင် (၄) သန်းခန့် ရောင်းချသွားနိုင်ရန်မျှော်မှန်းထားခဲ့သော LG သည် လက်ရှိတွင် ကမ္ဘာ့အကြီးဆုံး Liquid Crystal Display (LCD) ထုတ်လုပ်သူအဖြစ် ရပ်တည်နေသော်လည်း LCD ဈေးနှုန်းများကမူ ဆက်တိုက်ကျဆင်းလျက်ရှိသောကြောင့် LG အနေဖြင့် စိုးရိမ်ထိတ်လန့်မှုများကို ရင်ဆိုင်နေရဖွယ်ရှိသည်။

ယမန်နှစ်က တီဗီလုံးရေ (၂.၉) သန်းခန့် ကမ္ဘာတစ်ဝန်းသို့ ဖြန့်ချိရောင်းချခဲ့ပြီးနောက် ယခု ၂၀၁၉ ခုနှစ်တွင် (၄) သန်းခန့် ရောင်းချသွားနိုင်ရန်မျှော်မှန်းထားခဲ့သော LG

ထို့အပြင် အမြတ်အစွန်းပိုင်းတွင်လည်း LG သည် မျှော်မှန်းထားသလောက် မအောင်မြင်ခဲ့ပြန်ပါ။ ၎င်း၏ နှစ်စဉ်လုပ်ငန်းလည်ပတ်မှုအမြတ်အစွန်းသည် ၂၀၁၈ ခုနှစ်တွင် ယခင်နှစ်ကထက် (၉၆.၂) ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ထို့အပြင် OLED တီဗီသည် မျှော်လင့််ထားသည်ထက် ရောင်းအားနှေးခဲ့ပြန်သည်။

တစ်ချိန်တည်းမှာပင် LCD ဈေးနှုန်းများကျဆင်းခြင်းက LG ၏ အကြီးမားဆုံးပြိုင်ဘက်ဖြစ်သူ Samsung Electronics ကို အခွင့်သာစေခဲ့သည်။ Samsung မှ QLED ဟုအမည်ပေးထားသော quantum dot (QD) အလွှာပါဝင်သော LCD တီဗီ များသည် ဈေးကွက်အတွင်းတွင် ထင်ထားသည်ထက် ပိုမိုကောင်းမွန်စွာစွမ်းဆောင်နိုင်ခဲ့သည်။ ယခုနှစ်အစောပိုင်းက Samsung Display သည် quantum-dot organic light emitting diode (QD-OLED) ကို စတင်တိုးမြှင့်ဆောင်ရွက်နေဖြစ်ကြောင်း အတည်ပြုခဲ့သည်။

LCD ဈေးနှုန်းများကျဆင်းခြင်းက LG ၏ အကြီးမားဆုံးပြိုင်ဘက်ဖြစ်သူ Samsung Electronics ကို အခွင့်သာစေခဲ့

LG အနေနှင့် စိုးရိမ်ရဖွယ်ရှိသည့် အချက်မှာ ပြိုင်ဘက် Samsung မှ နောက်ဆုံးပေါ် QLED ကုန်ပစ္စည်းဖြင့် LCD ဈေးကွက်ကို သိမ်းပိုက်သွားမည့် အချက်ပင်ဖြစ်သည်။ ရေရှည်တွင် Samsung ကLG ကိုယ်တိုင်တီထွင်ထားသော OLED များကို ဈေးနှုန်းကျဆင်းချိန်တွင် ဝယ်ယူပြီး ၎င်း၏ QD-OLED များတွင် အဆင့်မြှင့် အသုံးပြုကာ စီးပွားရေးနယ်ပယ်တွင် အောင်မြင်စွာ မိတ်ဆက်ရောင်းချနိုင်ခဲ့ပါက LG အနေဖြင့် အရှက်ရနိုင်မည့် အချက်ဖြစ်သည်။

LG Display နှင့် LG Electronics တို့သည် ၂၀၁၂ ခုနှစ်မှစ၍ ဈေးကွက်ဝေစုကို အများဆုံး သိမ်းပိုက်ထားနိုင်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် ၂၀၀၇ ခုနှစ်တွင် Sony ကို ကျော်ဖြတ်ကာ တီဗီအရောင်းဈေးကွက်တွင် ထိပ်တန်းဖြစ်ခဲ့သော ပြိုင်ဘက် Samsung Electronics အပေါ် အမြဲနှာတစ်ဖျားသာရန် လိုအပ်ခဲ့သည်။ Samsung ဘက်မှ၂၀၁၄ ခုနှစ်တွင် ၎င်း၏ flagship တီဗီများအစား OLED ကို အသုံးပြု၍ QD-LCD တီဗီများကို ထုတ်လုပ်လာသောအခါ LG သည် ၎င်း၏ပြိုင်ဘက်ဖြစ်သူ Samsung ကမစွမ်းဆောင်နိုင်သော နည်းပညာထိုးဖောက်မှုများကို ပြုလုပ်နိုင်ရန် ရည်မှန်းထားဖွယ်ရှိခဲ့သည်။

LG သည် စမတ်ဖုန်းဈေးကွက်တွင် အတော်နောက်ကျကျန်ခဲ့ပြီး OLED ကို ဆုပ်ကိုင်ထားရန် ဆုံးဖြတ်ချက်ကလည်း ၎င်း၏ဈေးကွက်အတွင်း ကာလရှည်ကြာရပ်တည်နိုင်ခဲ့ဖူးသော မာနကြောင့်ဖြစ်နိုင်

ထိုစဉ်ကSamsung သည် “blue pixel ပြဿနာ” ဟုခေါ်တွင်သော OLED pixels သည် အခြား pixel များထက် အလင်းထုတ်လွှတ်မှု အရည်အသွေး၊ ကြာရှည်ခံမှုနည်းသောကြောင့် ပုံရိပ်အရည်အသွေး လုံးဝကျဆင်းမှု(သို့မဟုတ်) လောင်ကျွမ်းမှုများ ဖြစ်လာနိုင်ပြီး ယင်းပြဿနာကို အချိန်တိုအတွင်း ဖြေရှင်းနိုင်မည်မဟုတ်ဟု Samsung က ကောက်ချက်ချခဲ့သည်။ ထို့အပြင် OLED သည် တီဗီများကဲ့သို့ လုပ်ငန်းတာဝန်မများပြားဘဲ screen ပိုသေးပြီး ကုန်ပစ္စည်းသက်တမ်းပိုတိုသည့်အပြင် လျှပ်စစ်အားသုံးမှု ပိုနည်းပါးသောေ စမတ်ဖုန်းများအတွက် ပို၍သင့်တော်သည်ဟု Samsung အနေဖြင့် ယုံကြည်ခဲ့သည်။

LG သည် စမတ်ဖုန်းဈေးကွက်တွင် အတော်နောက်ကျကျန်ခဲ့ပြီး OLED ကို ဆုပ်ကိုင်ထားရန် ဆုံးဖြတ်ချက်ကလည်း ၎င်း၏ဈေးကွက်အတွင်း ကာလရှည်ကြာရပ်တည်နိုင်ခဲ့ဖူးသော မာနကြောင့်ဖြစ်နိုင်ခြေ ရှိပြီး OLED သည် LG အတွက် အနာဂတ်ဟုဆိုလျှင်လည်း မှားမည်မထင်ပါ။
သို့သော်၂၀၁၆ တွင် Apple မှ ၎င်း၏ စမတ်ဖုန်းများအတွက် OLED သန်း (၁၀၀) ကို Samsung ထံမှာ ဝယ်ယူလိုက်မှုသည် Samsung မှ LG ထက် ခြေတစ်လှမ်းဦးသည့် သိသာသောအနိုင်ရရှိမှုဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မူလထုတ်လုပ်သူ LG ဘက်မှ တီဗီများတွင် အဆင်ပြေသည့် အခြေအနေမရောက်သေးချိန်တွင် Samsung မှ မူလထုတ်လုပ်သူထက်အရင်စော၍ စမတ်ဖုန်းဈေးကွက်သို့ ဝင်ရောက်ခဲ့သောကြောင့် ဖြစ်သည်။ ယနေ့ခေတ်တွင် Samsung၊ Apple နှင့် Huawei စမတ်ဖုန်းအားလုံးသည် ၎င်းတို့ flagship ထုတ်ကုန်များတွင် OLED ကို အသုံးပြုနေကြပြီဖြစ်သည်။ ထို့ကြောင့် တီဗီဈေးကွက်တွင် Samsung ရှုံးနိမ့်ခဲ့သော်လည်း တစ်ဖက်တွင် အနိုင်ရလိုက်သည်ဟု ဆိုနိုင်သည်။

နည်းပညာအပိုင်းတွင်လည်း Samsung က LCD ၏ အားသာချက်ဖြစ်သော အလင်းရောင်ကို အသုံးချနိုင်ခဲ့သည်။ OLED ကို LCD ထက်သာလွန်စေသောအားသာချက်သည် aperture ratio (သို့မဟုတ်) display ဧရိယာတွင် အလင်းထွက်နှုန်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် OLED သည် အလင်းကို ကိုယ်တိုင်ထုတ်လွှင့်နိုင်သောကြောင့် LCD များနှင့်ယှဉ်လျှင် အလင်းတောက်ပမှုသည် ပို၍အန္တရာယ်ကင်းသည်။

သို့သော် aperture ratio ကို ပိုမိုမြှင့်တင်ပြီး အလင်းကိုပိုတင်ခြင်းဖြင့် လျှပ်စစ်ဓာတ် ပိုလိုအပ်မည်ဖြစ်ပြီး ထိုသို့ စွမ်းအင်ပိုမိုအသုံးပြုခြင်းက diode ၏ သက်တမ်းကို ပိုတိုစေကာ “ လောင်ကျွမ်းမှု” ကိုဖြစ်စေနိုင်သည်။ တီဗီ၏ပုံရိပ်အရည်အသွေးကို အထူးသဖြင့် Full HD မှ UHD၊ 8K သို့ တိုးမြှင့်ချင်သောအခါ စွမ်းအင်ပို၍ လိုအပ်မည်ဖြစ်သည်။

ထိုအခြေအနေတွင် Samsung မှ ၎င်း၏ QLED တီဗီကို အလင်းပိုတောက်ပသော အမြင့်ဆုံးအရည်အသွေးကိုတိုးမြှင့်နိုင်ခဲ့သည့်အပြင် LCD တီဗီများတွင် လိုအပ်သော စွမ်းအင်အလုံးအရင်းအသုံးပြုမှု ပြဿနာကိုလည်း ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့သည်။ ဤအကြောင်းအရင်းကြောင့်ပင် Samsung သည် LG ထက်စောလျင်စွာ 8K resolution တီဗီကို မိတ်ဆက်နိုင်ခဲ့ခြင်းဖြစ်သည်။

LG သည်ဈေးကွက်အတွင်း OLED တီဗီများကို စတင်မိတ်ဆက်ရောင်းချခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သော်လည်း အပြာရောင် pixel သည် ပျက်စီးနေဆဲဖြစ်ပြီး ၂၀၁၇/၂၀၁၈ တွင် ထုတ်လုပ်သောမော်ဒယ်များတွင်လည်း လောင်ကျွမ်းမှုများဖြစ်ပေါ်လျက်ရှိ

LG အတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုမှာ ပြဿနာတစ်ရပ်ဖြစ်သော အပြာရောင် pixel ကို Samsung က quantum dot အလွှာများကိုအသုံးပြုကာ QD-OLED တီဗီတွင် အလင်းထုတ်လွှတ်သည့်နေရာအတွက်သာ အသုံးချကာ အနီနှင့် အစိမ်းတို့ကို QD အလင်းစစ်အလွှာအဖြစ်အသုံးပြုခြင်းဖြင့်လောင်ကျွမ်းနိုင်ခြေကိုအမြောက်အမြားလျှော့ချနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် LG အနေဖြင့် ၎င်း၏ OLED တီဗီများ၏ ရောင်းအားကို တိုးမြင့်လာနိုင်မည်ဆိုလျှင်တောင် ၎င်းတို့စတင်အောင်မြင်ချိန်တွင် ပြိုင်ဘက် Samsung မှာ အတော်ခရီးပေါက်နေလောက်ပြီဖြစ်သည်။

LG သည်ဈေးကွက်အတွင်း OLED တီဗီများကို စတင်မိတ်ဆက်ရောင်းချခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သော်လည်း အပြာရောင် pixel သည် ပျက်စီးနေဆဲဖြစ်ပြီး ၂၀၁၇/၂၀၁၈ တွင် ထုတ်လုပ်သောမော်ဒယ်များတွင်လည်း လောင်ကျွမ်းမှုများဖြစ်ပေါ်လျက်ရှိသေးသည်ကို တွေ့ရသည်။

LG Display သည် ရေတိုဖြေရှင်းနည်းများကြောင့် ၎င်းတို့ကိုယ်တိုင် အကျပ်အတည်း တွေ့နေရကြောင်း တွေ့ရသည်။ LG သည် LCD ဈေးနှုန်းများကျဆင်းခြင်းနှင့် လောင်ကျွမ်းခြင်းဖြစ်စဉ်များကိုမျက်ကွယ်ပြုကာ တီဗီများတွင် OLED ထည့်သွင်းအသုံးပြုခြင်းသည် နောင်နှစ်အနည်းငယ်တွင် အကျပ်အတည်းများထပ်မံဆိုက်ရောက်လာရန် အားပေးရာရောက်မည်ဖြစ်ကြောင်း သုံးသပ်ချက်များ ရှိနေပါသည်။

Ref: zdnet “Fear and trembling LG display faces the axe for OLED TV burn in and market squeeze”
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top