တစ်ရက်မှာ ကပ်စေနှဲလူကြီးတစ်ဦးဟာ သူ့ရဲ့ဥယျာဉ်ထဲက လျှို့ဝှက်နေရာလေးတစ်နေရာမှာ ရွှေတွေကို မြှပ်ထားခဲ့ပါတယ်။ နေ့တိုင်း အဲဒီနေရာကို သူဟာ သွားပြီး ရတနာတွေကို ဖော်ကြည့်လိုက် အကုန်လုံးမှ ရှိနေရဲ့လားဆိုတဲ့ စိတ်နဲ့ တစ်ခုချင်း ရေတွက်လိုက် လုပ်ပါတယ်။ သူ့ကို စောင့်ကြည့်နေခဲ့တဲ့ သူခိုးတစ်ယောက်က ဒီလူကြီး ဝှက်ထားတာ ဘာတွေဆိုတာကို ခန့်မှန်းမိသွားပါတယ်။ တစ်ညမှာ သူဟာ တိတ်တိတ်ကလေး ရတနာတွေကို တူးဖော်ပြီး ခိုးယူသွားပါတော့တယ်။
ဦးကပ်စေး သိသွားချိန်မှာတော့ သောကတွေနဲ့ လက်မှိုင်ကျသွားပါတော့သည်။ သူဟာ ညည်းတွားပြီးတော့ ငိုချလိုက်ပါတယ်။ ဖြတ်သွားဖြတ်လာတွေက သူ့ငိုသံကို ကြားပြီး ဘာဖြစ်သလဲ မေးကြပါတယ်။
“ကျုပ်ရဲ့ ရွှေတွေ၊ ကျုပ်ရဲ့ ရွှေတွေ အခိုးခံလိုက်ရလို့ဗျာ” လို့ ဦးကပ်စေးက သွေးရူးသွေးတန်း ပြောလိုက်ပါတယ်။
“ခင်ဗျားရွှေတွေ ဟုတ်လား? ဟိုတွင်းထဲမှာလား? ဘာလို့ ရွှေတွေကို အဲဒီမှာ ထားထားရတာလဲ? ပစ္စည်းတွေ ဘာတွေ ဝယ်တဲ့အခါ အလွယ်တကူ ယူနိုင်မယ့် ခင်ဗျားအိမ်ထဲမှာ ဘာလို့ သိမ်းမထားခဲ့ရတာလဲ?”
ဒီတော့ ဦးကပ်စေးကြီးက “ပစ္စည်းဝယ်ဖို့ ဟုတ်လား? ဘာလို့လဲ? ကျုက် ဒီရွှေတွေကို ထိတောင် ထိခဲ့တာ မဟုတ်ဘူး။ သုံးဖို့ဆိုတာ ဝေလာဝေးပဲ” လို့ ပြန်ပြောလိုက်ပါသတဲ့။
ဒီတော့ ဖြတ်သွားဖြတ်လာ လူစိမ်းကလည်း ကျောက်တုံးကြီးတစ်တုံးကို ကောက်ယူပြီး တွင်းထဲကို ပစ်ပေါက်လိုက်ပြီး ဒီလို ပြောလိုက်ပါသတဲ့။
“အဲဒါက ပြဿနာဆိုရင်လည်း အဲဒီကျောက်တုံးကို ဖုံးပြီး သိမ်းထားလိုက်ပေတော့၊ အဲဒီကျောက်တုံးက အခု ခင်ဗျားပျောက်သွားတဲ့ ရတနာတွေလိုပဲ ခင်ဗျားအတွက်တော့ အဖိုးတန်လိမ့်မယ်” လို့ ပြောလိုက်ပါသတဲ့။
ဒီပုံပြင်လေးကနေ ရရှိတဲ့ သင်ခန်းစာကတော့ ငွေကြေးဥစ္စာတွေကို စုဆောင်းပြီး ပညာရှိရှိ အကျိုးရှိစွာ သုံးစွဲမယ်ဆိုရင် ကောင်းမွန်တဲ့လက္ခဏာပါ။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ပိုင်ဆိုင်မှုပစ္စည်းတွေဟာ ကျွန်တော်တို့ ရှာဖွေရတဲ့ အရာတစ်ခုထက် ဘာမှ ပိုတန်ဖိုးရှိမှာ မဟုတ်ပါဘူး။
Ref : Knowledge : Wealth Without a Value
Htet Htet Tin Zar (ရိုးရာလေး)