စင်ကာပူနှင့် လေထု ညစ်ညမ်းမှု ဘေးအန္တရာယ် အခြေအနေ

may-article_01.jpg

စင်ကာပူနိုင်ငံတွင် လက်တလော တွေ့ကြုံ ရင်ဆိုင်နေရသည့် မီးခိုးမြူများကြောင့် ဖြစ်ပေါ်လာသည့် လေညစ်ညမ်းမှု ဖြစ်စဉ်သည် စက်တင်ဘာလ ၁၅ ရက်နေ့အထိ ပိုမို ဆိုးရွား၍ လာခဲ့ပါသည်။

စင်ကာပူနိုင်ငံ ၏ အမျိုးသား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ ပတ်ဝန်းကျင် ညစ်ညမ်းခြင်း တိုင်းတာသည့် အညွှန်း စံနှုန်း (Polutant Standard Index) PSI တိုင်းတာချက်သည် ၅၀ နှင့် အောက် ရှိလျှင် အရည်အသွေး ကောင်းမွန်သော လေထု ဟု သတ်မှတ်ပြီး၊ PSI တိုင်းတာချက် ၅၁ မှ ၁၀၀ ကြား ရှိလျှင် အတန်အသင့်ရှိသော လေထု ဟု သတ်မှတ်သည်၊ PSI တိုင်းတာချက် ၁၀၁ မှ ၂၀၀ အတွင်း ရှိလျှင် ကျန်းမာရေးအတွက် သင့်တော်မှုမရှိသော လေထုဟု သတ်မှတ်သည်၊ တိုင်းတာချက် ၂၀၁ မှ ၃၀၀ အထိရှိလျှင် ကျန်းမာရေးအတွက် အလွန်ပင်သင့်စိုးရွားစွာ ထိခိုက်နိုင်သော လေထု ဟု သတ်မှတ်ပြီး၊ ၃၀၀ နှင့် အထက်ရှိလျှင် ဘေးအန္တရာယ်ရှိသော ညစ်ညမ်းလေထု ဟု သတ်မှတ်ကြောင်း ဖော်ပြထားပါသည်။

စင်ကာပူ တစ်နိုင်လုံး၏ PSI တိုင်းတာချက် အရ စင်ကာပူ အနောက် အရပ်တွင် လေထုအရေအသွေး ၁၁၆ ၊ တောင်အရပ်တွင် လေထုအရေအသွေး ၁၁၃ ၊ အရှေ့အရပ်တွင် လေထုအရေအသွေး ၁၀၄၊ မြောက်အရပ်တွင် လေထုအရေအသွေး ၁၀၃ ၊ အလယ်ပိုင်းတွင် လေထုအရေအသွေး ၉၈ ရှိခဲ့သည်ဟု တိုင်းတာချက်များ ထုတ်ပြန်ခဲ့ပါသည်။

ပြီးခဲ့သော စက်တင်ဘာလ ဒုတိယ အပတ်တွင် လေထုတိုင်းတာမှုသည် ကျန်းမာရေး နှင့် မညီညွှတ်သော အတိုင်းအတာ အထိသို့ ဆိုးရွား မြင့်တက်လာသည့် အတွက်ကြောင့် စင်ကာပူနိုင်ငံ၏ ပညာရေးဝန်ကြီး ဌာနမှ အခြေခံ နှင့် အထက်တန်းကျောင်းများ ခေတ္တပိတ် ရန် ညွှန်ကြားမည်ဟု စက်တင်ဘာလ ၁၅ရက်နေ့ မွှန်းလွဲပိုင်းတွင် ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် နိုင်ငံအတွင်းရှိ သူငယ်တန်းကျောင်း၊ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် သီးသန့် ပညာရေး သင်တန်းကျောင်းများ တွင် ယခုကဲ့သို့ လေထုညစ်ညမ်းမှု စိုးရိမ်နေရချိန်တွင် ကျောင်းသားလေးများ အတွက် ကျန်းမာရေး အထောက်အကူ ဖြစ်စေရန်နှင့် သက်တောင့်သက်သာ ရှိစေရန် လေသန့်စင်ပေးသော စက်ကရိယာများ တပ်ဆင် ပေးထားသည်ဟု ပြောကြားခဲ့ပါသည်။ ဆရာ ဆရာမများ အနေနှင့်လဲ အဆုတ်ရောဂါနှင့် နှလုံးရောဂါ အခံရှိသော ကျောင်းသား ကျောင်းသူများ အား အထူးကြီးကြပ် စောင့်ရှောက်ရန် နှင့် မိဘများကိုလဲ ပန်းနာရင်ကျပ်ရှိသူ ကျောင်းသား ကျောင်းသူ ကလေးငယ်များ အတွက် လိုအပ်သော ဆေးဝါးနှင့် အသက်ရှုသွင်း ရာတွင် အထောက်အကူပြု ဆေးဝါးကရိယာများ ကို ကျောင်းများပြန်လည်ဖွင့်ချိန်တွင် သတိထား ထည့်ပေးရန် ထပ်လောင်း လုံ့ဆော် ညွှန်ကြား ခဲ့ပါသည်။

ထိုသို့ လေထုညစ်ညမ်းမှု ဖြစ်ပေါ်ရခြင်း၏ အဓိက အကြောင်းအရင်းမှာ များမကြာမီက အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း နှင့် ကလီမန်တန်ကျွန်းတွင် ဖြစ်ပေါ်သော တောမီးလောင်ကျွမ်းမှု ကြောင့်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံတွင် ထိုကဲ့သို့ မီးခိုးမြူ များကြောင့် ဖြစ်ပေါ်လာ လေညစ်ညမ်းမှုများ ကြုံတွေ့နေရသည်မှာ ၁၉၇၀ ခုနှစ်ပိုင်း ကတည်းကပင် ဖြစ်ပါသည်။ စင်ကာပူ၏ လေထုညစ်ညမ်းမှု ဖြစ်စဉ်များ သည် ၁၉၇၁ ခုနှစ်၊ ၁၉၉၇ ခုနှစ်၊ ၂၀၀၂ ခုနှစ်၊ ၂၀၀၆ ခုနှစ်၊ ၂၀၁၃ ခုနှစ်၊ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်း နှင့် ယခုတစ်ခါ ၂၀၁၉ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည် ဟု မှတ်တမ်းများတွင် ဖော်ပြထားပါသည်။

ယင်းဖြစ်စဉ်ကြောင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နှင့်အနီးတစ်ဝိုက်တွင် အလားတူ ကျန်းမာရေး နှင့် မညီညွှတ်သော လေထုညစ်ညမ်းမှု တိုင်းတာချက်များ မြင့်တက်လာသည်ဟု မလေးရှားနိုင်ငံ အစိုးရ အဖွဲ့အစည်းမှ ထုတ်ပြန်ထားပါသည်။
ကျန်းမာ ပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

မေ (ရိုးရာလေး)
#May_YYL #Article_YYL
Source: Channel New Asia

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top