စေတနာပါလျှင် ကမ္ဘာကျော်မည့် မြန်မာ့ လမ်းဘေး အစားအစာများ

street-food.gif

Myanmar Streed Food လို့ခေါ်တဲ့ မြန်မာ လမ်းဘေးအစားစာများလို့ ပြောလ်ိုရင် အားလုံး သိထားကြမှာက အကြော်စုံ၊ ခေါက်ဆွဲသုတ်၊ မုန့်တီ၊ မုန့်ဘီးတောင့်၊ မုန့်ပြားတစ်လက်၊ ဘီးမုန့်၊ မုန့်လင်မယား အစရှိသဖြင့် မြောက်မာ်းစွာသော အစားအသောက် များကို မြင်ကြမှာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ မြန်မာ့ လမ်းဘေး အစားအစာများကို သေချာ ရေတွက်မယ်ဆိုရင် အမျိုးပေါင်း ၁၀၀ မက ရှိပါလိမ့်မယ်။

စင်္ကာပူလို နိုင်ငံရပ်ခြားမှာ ၆ လလောက်နေထိုင်ပြီး မြန်မာ့ လမ်းဘေးအစားအသောက်တွေကို လွမ်းတော့ အသုပ်ဝယ်စားလိုက်တာ ၇ ရက် ဝမ်းလျောရတဲ့ ဖြစ်ရပ်မျိုးကို ရွှေမြန်မာ အချို့လည်း ကြုံဖူးကြပါလိမ့်မယ်။ န်ိုင်ငံရပ်ခြား တိုင်းတပါးကနေ မြန်မာပြည် ရောက်လာတဲ့ နိုင်ငံခြားသားများ အနေနဲ့လည်း Food Poison ဖြစ်လို့ ဆေးရုံ၊ ဆေးခန်းတွေကို သွားနေကြတာ ဆေးရုံကြီးတွေ၊ နာမည်ကြီး ဆေးခန်းတွေမှာ ပုံမှန် မြင်ရပါလိမ့်မယ်။ တကယ်တမ်း ကြည့်လိုက်တဲ့အခါ မြန်မာ့ ရိုးရာ အစားအစာတွေဟာ စားချင်စဖွယ်အင်မတန် ကောင်းသော်ငြား စားပြီးရင် ကြုံရမယ့် ဝမ်းပျက်ဝမ်းလျော၊ အစာအဆိပ်သင့်ခြင်း အစရှိသဖြင့်တို့ကို ကြုံရန် များပါတယ်။

ဒီတော့ မိတ်ဆွေတွေက ပြောပါတယ်။ ငါတို့ကျ ဘာမှ မဖြစ်ဘူး မင်းက ဖြစ်တယ်ပေါ့။ တကယ်တန်းကျတော့ local က လူများက immune ဖြစ်သွားတာပါ။ ဒီအစားသောက်တွေကို နေ့စဉ်စားသုံးခြင်းကြောင့် ကိုယ်တွင်းမှ သွေးဖြူဥများက တိုက်ဖြတ်ခြင်း၊ ခုခံခြင်းတို့ကို လုံးဝ မလုပ်ပေးတော့ပဲ သူ့နေရာနဲ့သူ ဓာတ်တွေကို ဥထားစေဖို့ လမ်းကြောင်း ဖွင့်ပေးလိုက်ခြင်းပါ။ လမ်းဘေးအဆီကြော် များစွာ စားသုံးသူဟာ နှစ်ကြာလေလေ ကိုယ်တွင်း တစ်နေရာမှာ ကင်ဆာ အကြိတ်ဖြစ်အောင် စုထားလေလေ ဖြစ်ပါတယ်။ အချိုမှုန့်ပါသော အစားအသောက်များကို နေ့စဉ်စားသုံးသူဟာ အရိုးပျော့ရောဂါ၊ လေဖြတ်ရောဂါ၊ ဥာဏ်ထိုင်းရောဂါ၊ အယ်ဇိုင်းမားတို့ ဖြစ်ဖို့အတွက် disease တွေကို စုစည်းပေးနေခြင်း ဖြစ်ပါတယ်။

စာရေးသူအနေနဲ့လည်း လမ်းဘေးစာ လုံးဝမစားတော့ဘူးလို့ စိတ်ဒုန်းဒုန်းချပြီး တစ်နှစ်လောက်နေလာနိုင်ပြီး တစ်ရက်ကျ မြို့ထဲမှာ လမ်းဘေးတစ်နေရာမှာရောင်းတဲ့ ပုရစ်ကျော်ကို ဝယ်စားမိပါတယ်။ ကိုယ်တိုင်က အားကစားလိုက်စားသူ ဖြစ်တာကြောင့် သုံးရက်လောက် ဓာတ်စားသောက်ပြီးတော့ ဝမ်းလျှောခြင်းကို ဖြေရှင်နိုင်ခဲ့ပါတယ်။ ဒီတော့ အဖေနဲ့ ပြောပါတယ်။ ဒါဆို မင်းဆက်စားလို့ရပြီတဲ့။ ဘာလို့လဲလို့ ကျနော်က ထပ်မေးတော့ သူက ဖြေတယ်။ အဲ့လို့ပဲ မစားတာကြာပြီး ခုမှ ပြန်စစားလို့ ဖြစ်တာ။ ဒီတိုင်း ဆက်စားသွားရင် ဘာမှ မဖြစ်တော့ဘူး လို့ ဆိုပါတယ်။

ဘုရားဘုရား။ ကျွန်တော်တို့ မြန်မာလူမျိွဳးများ ရောဂါကို immune ဖြစ်အောင် အသက်ရှင်နေထိုင်နေကြတာ အင်မတန် ကြောက်စရာ ကောင်းပါတယ်။ နိုင်ငံတကာမှာ ဖွံ့ဖြိုးတိုးတက်မှုကြောင့် လူသားတွေ သက်တမ်း ရှည်လာတာနဲ့အမျှ မြန်မာဟာ သက်တမ်းတိုလာပါတယ်။ အသက် ၆၀ လောက်ရှိပြီဆိုရင်ကို ဆုံးခန်းတိုင်တော့မလား ကြောက်နေကြရပါတယ်။ တကယ်တန်းလူဆိုတာ သေချိန်တန်ရင် အခုလည်းသေသွားနိုင်ပါတယ်။ တို့အဖွားတွေများ တစ်သက်လုံး ဒီအစာတွေစားလာတာ၊ ဆေးလိပ်သောက်လာတာ၊ ခု အသက် ၈၀ ကျော်ထိ ဘာမှ မဖြစ်ဘူးလို့လည်း အချို့တွေ ပြောကောင်းပြောပါမယ်။ ဟုတ်ကဲ့။ ကမ္ဘာမှာ လူပေါင်း ၇ ဘီလျံမှာ လူအနည်းစု ကံကြောင့်သော်လည်းကောင်း အသက်ရှည်ရကိန်းတွေ ရှိပါတယ်။ Scientic နည်းကျကျ တွေးမယ်၊ တွက်မယ်ဆိုရင် လူတစ်ယောက်ဟာ မကျန်းမာတာ စားရင် အသေစောမှာ ကြိမ်းသေ ပါတယ်။ ဒီတော့ မကျန်းမာစေတာ ဘာတွေလဲ –

– စားအုန်းဆီ၊ နှစ်ပြန်ဆီ

စားအုန်းဆီဟာ ဈေးသက်သာပါတယ်။ ဒါပေမယ့် များများ စားရင် ကျန်းမာရေး ဘေးထွက်ဆိုးကျိုး များပါတယ်။ လမ်းဘေးစာများဟာ ဈေးသက်သာစေရန်အတွက် စားအုန်းဆီကို အသုံးပြုပါတယ်။ အိုကေ။ စားအုန်းဆီသုံးလည်း မရှောင်နိုင်တော့ စားမယ်ပေါ့။ မရသေးပါ။ ဘာကြောင့်လဲဆို ယင်း စားအုန်းဆီကိုတောင်မှ တစ်ပတ်လုံး မလှဲပဲ သုံးနေကြခြင်းကြောင့် ဘယ်လိုမှ ကျန်းမာရေး မညီညွတ်စေ ပါဘူး။ မဲညစ်သွားတဲ့ ဆီတွေကို ဖြူအောင် လုပ်တဲ့ ဆေးတွေလည်း အများကြီး ရှိပါတယ်။ သံပုရာရည်ညစ်လိုက်ရင်လည်း မဲတာတွေ အနယ်ထိုင်ပြီး ယင်း အမဲရောင်တွေကို ဖယ်လိုက်ရင် အဖြူတိုင်း ပြန်ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်ရှိတဲ့ ဆီဟာ စားရန်သင့်တော်တဲ့ ဆီမဟုတ်တော့ ပါဘူး။ စားရင် အဆိပ်ဖြစ်စေမယ့် ဆီတွေသာ ဖြစ်ပါတော့တယ်။
– အချိုမှုန့်

မြန်မာ့ အစားအသောက်များဟာ အချိုမှုန့်ရဲ့ လွမ်းမိုးခြင်းကို ခံရတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ မကတော့ ပါဘူး။ ဟင်းချိုမှုန့်ခေါ် MSG ဟာ လူကို အတိတ်မေ့ခြင်း၊ ဦးနှောက်ချို့ယွင်းခြင်း၊ လေဖြတ်ခြင်း၊ နှလုံး သွေးတိုးဖြစ်စေခြင်းအပြင် မြောက်များစွာသော ကျန်းမာရေး ဘေးထွက်ဆိုးကျိုးဖြစ်ပေါတယ။် အဆိုးဆုံးကတော့ လူတွေကို ဥာဏ်ထိုင်းစေခြင်း ဖြစ်ပါတယ်။

– ဆေးသကြား

လမ်းဘေးမှာ ချိုပါတယ်ဆိုတဲ့ မြန်မာမှုန့်အချို့မှာ ဆေးသကြားကို မြောက်များစွာ အသုံးပြုထားကြပါတယ်။ သရက်သီးဆိပ် ကို တွန်းလှဲဖြင့်ရောင်းတဲ့ ရောင်းသည် တစ်ယောက် ပြောပြတုန်းက ဆိုရင် အံ့ဩသွားပါတယ်။ သူ ဘယ်လောက်တောင် ဆေးသကြားသုံးသလဲဆို သူရောင်းတဲ့ သရက်သီးလှဲက သစ်တိုင်တွေတောင် လျှာနဲ့ လျက်ကြည့်ရင် ချိုနေတယ်တဲ့။ ချို့သယောင်လုပ်ထားတဲ့ ဆေးသကြားတွေဟာလည်း အချို့မှုန့်နဲ့မထူးမခြားနား ကျန်းမာရေး ဆိုးကျိုး ရှိစေ ပါတယ်။

– မသန့်ရှင်းမှု

ဆေးသကြား၊ အချိွဳ႕မှုန့်၊ နှစ်ပြန်၊ ဆယ်ပြန်ဆီများ သုံးမှုအပြင် အသုံးပြုတဲ့ ဟင်းရွက်၊ အသီး၊ အစာပလာများလည်း သေချာမဆေးပဲ ထည့်သုံးကြ ပါတယ်။ ရောင်းသူ၊ ကြော်သူ စီမံသူကိုယ်တိုင်ကလည်း လက်မဆေးပဲ လုပ်တယ်။ ရေကိုလည်း ဆယ်ပြန် အပြန်တစ်ရာ သုံးပါတယ်။ ဒီတော့ သန့်ရှင်းမှုရှိသလားမေးရင် အမှတ်က သုည ပါပဲ။

ဒါတောင် အခြား ချန်ထားတဲ့ အချက်တွေများစွာ ရှိပါတယ်။ မမဲ့တဲ့ ငှက်ပျောသီးကိုမှည့်အောင် ဆေးရည်စိမ်တာတွေ၊ ဓာတုဟင်းခတ်မွေးကြိုင်တွေ၊ ငပိတ်ကို ခပ်မြန်မြန် ဖြစ်ဖို့သုံးတဲ့ chemical တွေ၊ မြစ်ချဉ်ကို အရောင်ရွှင်စေဖို့ သုံးတဲ့ ဓာတု ဆေးရည်တွေ ပြောမယ်ဆိုရင် မြန်မာပြည်မှာ သန့်ရှင်းပါတယ် ဆိုတဲ့ အစားအစာဟာ အင်မတန် ရှာရ ပါတယ်။ သန့်ရှင်းတယ်ဆိုရင်တောင် အချိုမှုန့် ရှောင်တဲ့ အစားအစာ ရှာရခက်ပါသေးတယ်။
ကဲ။ ဒီတော့ ဘာလုပ်ကြမလဲ။ ရောင်းသူများကလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များ ရောင်းချနိုင်ဖို့အတွက် ကြိုးစားရပါမယ်။ ဆီသန့်သုံးခြင်း၊ အချိုမှုန့်ရှောင်ခြင်းတို့က အစပိုင်းမှာ ခက်ပါတယ်။ ဖောက်သည်တွေ နည်းကောင်း နည်းသွားနိုင်ပါတယ်။ ဒါပေမယ့် မိမိဟာ စေတနာအမှန်ဖြင့် သူတစ်ဖက်သားကို ကောင်းစေခြင်း အကျိုးငှာ ရောင်းချတဲ့ သမာအာဇီဝ ဖြစ်တာကြောင့် ဘယ်တော့မှ မဆင်းရဲတာ အာမခံ ပါတယ်။ အလေးမခိုးပဲ သမာသမတ်ကျကျ ရောင်းချလို့ သူဌေးဖြစ်သွားတဲ့ အသီးရောင်းတဲ့ လမ်းဘေးဈေးသည် သူငယ်ချင်းတစ်ဦး ရှိပါတယ်။ စိတ်ဓာတ်က အသက်မွေးဝမ်းကျောင်းမှာ အရောင်းပါပုံကို ပြောချင်တာပါ။ မြန်မာအစားအစာတွေဟာ တကယ် စေတနာထားရင် ကမ္ဘာကျော်မယ့်အစားအစာများ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက Street Food များဟာဆိုရင်လည်း နာမည်ကြီးလှ ပါတယ်။

စားသုံးသူများကလည်း စားချင်တဲ့စိတ်၊ အရသာကို ခံစားတဲ့ စိတ်တို့ကို ထိမ်းနိုင်ဖို့ လိုအပ် ပါတယ်။ မထိမ်းနိုင်လို့ စားလည်း စာရေးသူ မတားနိုင်ပါ။ အဲ့ဒီအချိန်ကျ မိမိဟာ သာမန်လူတွေထက် အသေစောမယ့်သူတစ်ယောက်အဖြစ်သာ ခံယူထားပါတယ်။ အဲ့လိုမဟုတ်ရင် ကျန်းမာစေတဲ့ သန့်ရှင်းတဲ့ အစားအသောက်မာ်းကိုသာ ရှာစားရန် သင့်လျော်အပ်ပါပေတယ်။ ဆိုင်ကြီးလည်း အချိုမှုန့်မသုံးဘူး မထင်ပါနဲ့။ သုံးကြတဲ့ဆိုင်များ အင်မတန်များပါတယ်။ ဒီတော့ ကိုယ်တာဝန်က ဘာပဲ မှာမှာ အချို့မှုန့် ထည့်သုံးခြင်း ရှိမရှိကို သေချာ စစ်ဆေးဖို့ပါ။ တရုတ်ပြည်မှာဆိုရင် ဆင်းရဲသားအစားအစာတွေပဲ အချို့မှုန့်သုံးပြီး အလယ်လတ်တန်းနဲ့ ချမ်းသာသူများဟာ ဆင်းရဲသားများ စားတဲ့ စားသောက်ဆိုင်တွေကို ရှောင်နေကြ ပါပြီ။ စင်္ကာပူတို့လို တိုင်းပြည်ဆိုရင် သုံးခွင့် လုံးဝလုံးဝ မရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါတွေကို သိထားစေချင်ပါတယ်။

မြန်မာပြည်သူများ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိစေဖို့ စေတနာဖြင့် နိုးဆော်တိုက်တွန်း ရေးသားလိုက်ရ ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top