ဧပြီလ ၆ ရက်က ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်အတွင်း စံချိန်တင်လူသေဆုံးမှုအဖြစ် လူ ၈၃၃ ယောက် သေဆုံးခဲ့ပါတယ်။ အဲဒီအတွက် ပြင်သစ်နိုင်ငံမှာ COVID-19 ကြောင့် သေဆုံးရသူ ၈၉၁၁ ယောက် ရှိလာခဲ့ပြီး ရောဂါကူးစက်ခံရသူ ၉၈၀၁၀ ယောက် ရှိလာခဲ့ပါပြီ။
” ကျွန်တော်တို့ ရောဂါကူးစက်ပျံ့နှံ့မှု အထွတ်အထိပ်ကာလရဲ့ အဆုံးသတ်ကို မရောက်သေးပါဘူး”လို့ ပြင်သစ်ကျန်းမာရေးဝန်ကြီး အိုလီဗီရာဗီရန်က သတိပေးထားပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း COVID-19 ကြောင့် လူသေဆုံးမှု ကျဆင်းခဲ့တဲ့ အီတလီနိုင်ငံဟာလည်း ပြီးခဲ့တဲ့တနင်္လာနေ့မှာ လူသေဆုံးမှု တစ်ကျော့ပြန် မြင့်တက်လာခဲ့ပါတယ်။ ဒါပေမဲ့ စပိန်နိုင်ငံကတော့ ၄ ရက်ဆက်တိုက် လူသေဆုံးမှု ကျဆင်းခဲ့ပါတယ်။
တူရကီနိုင်ငံမှာလည်း COVID-19 ကူးစက်ပျံ့နှံ့မှု ရုတ်တရက်မြင့်တက်လာလို့ တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ခဲ့ပါတယ်။ အများပြည်သူ ပို့ဆောင်ရေးယာဉ်တွေ၊ ဈေးတွေ၊ လူထူထပ်တဲ့နေရာတွေကို သွားရင် နှာခေါင်းစည်းမဖြစ်မနေ ဝတ်ဆင်ဖို့ လိုအပ်တယ်လို့ အမိန့်ချမှတ်ထားပြီး တူရကီနိုင်ငံရဲ့ မြို့ ၃၁ မြို့လုံးကို မဖြစ်မနေ သွားရမယ့်ကိစ္စမျိုးကလွဲပြီး အသွားအလာပိတ်ဆို့ထားပါတယ်။
Nz (ရိုးရာလေး)