COVID-19 ရောဂါလက္ခဏာတွေ ဆိုးရွားလာလို့ ဗြိတိန်ဝန်ကြီးချုပ်ကို အထူးကြပ်မတ်ခန်း ပို့ထားရ

6-4-2020-yyl-042.jpg

ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေ ဆိုးရွားလာလို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကို အထူးကြပ်မတ်ခန်းမှာ ပြောင်းရွှေ့ကုသပေးနေရတယ်လို့ ဒေါင်းနင်းလမ်းနေအိမ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဘောရစ်ဂျွန်ဆင်ဟာ သူ့ကျန်းမာရေးအဖွဲ့ရဲ့ အကြံပေးချက်အရ အထူးကြပ်မတ်ခန်းကို ရွှေ့ပြောင်းခဲ့ပြီး အကောင်းဆုံးကုသစောင့်ရှောက်မှုခံယူနေတယ်လို့ ဆိုပါတယ်။

တကယ်လို့ လိုအပ်လာရင် သူ့ရဲ့လက်ထောက်အဖြစ် တာဝန်ယူဆောင်ရွက်ပေးဖို့ ဘောရစ်ဂျွန်ဆင်က နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရက်ဘ်ကို တောင်းဆိုထားတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အသက် ၅၅ နှစ်ရှိတဲ့ ဘောရစ်ဂျွန်ဆင်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ ညနေခင်းက COVID-19 ရောဂါလက္ခဏာတွေ ခံစားခဲ့ရလို့ လန်ဒန်မြို့ဆေးရုံကို တက်ရောက်ကုသခဲ့ရသူပါ။ ဘောရစ်ဂျွန်ဆင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး အမှတ် ၁၀ ၊ ဒေါင်းနင်းလမ်းနေအိမ်က ဘုရင်မကြီးကို အဆက်မပြတ်သတင်းပေးပို့နေတယ်လို့ ဘက်ကင်ဟမ်နန်းတော်က ပြောပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့ မွန်းလွဲပိုင်းက ဘောရစ်ဂျွန်ဆင်ကို အောက်ဆီဂျင်ပေးခဲ့ရပြီး အထူးကြပ်မတ်ခန်းကို ပြောင်းရွှေ့ပေးခဲ့တာပါ။ ဒါပေမဲ့ သူ့ကို အသက်ရှူစက် တပ်ပေးရခြင်းမရှိဘူးလို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top