ဆေးမင်ကြောင်ထိုးခြင်းရဲ့ ဆိုးကျိုး (၁၀) ချက်

man-doing-a-tattoo-in-a-tattoo-salon-ULP2BFG.jpg

သဘာဝနဲ့ဆန့်ကျင်ပြီး ပြုလုပ်တဲ့အရာတွေက လူတို့ရဲ့ အသက်ရှင်နေထိုင်မှုကို တစ်နည်းတစ်ဖုံ အကျိုးမပေးတာကို အထူးတလည်ပြောဖို့မလိုပါဘူး။ ဘာကြောင့်လဲဆိုရင် အားလုံးသိနေတာက အရာတိုင်းမှာ ကောင်းကျိုး ဆိုးကျိုးဒွန်တွဲနေတာကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်လို့ပါပဲ။ အခုလဲ (၂၁) ရာစုရဲ့ ခေတ်အစားဆုံးဖြစ်တဲ့ ဉီးတည်ရာအထူးသဖြင့်လူငယ်တွေနဲ့ လူလတ်တန်းကြားမှာ ရေပန်းစားနေတဲ့ ဓလေ့ကိုပြောရရင် ဆေးမင်ကြောင်ထိုးခြင်းအလေ့အထပဲဖြစ်သည်။ အခြားတစ်ဖက်မှာလည်း ဆေးမင်ကြောင်ထိုးထားတဲ့လူများကို အမြင်တစ်မျိုးနဲ့ လူအချို့က မြင်ကြသည်။

အချို့ကလည်း အနုပညာသဘောမျိုးဖြင့်မြင်ပြန်သည်။ ဒါ့အပြင် အချို့ကလည်း ကိုယ်ပိုင်ရွေးချယ်မှုကြောင့်ဟု ရှုမြင်ကြသည်။ မည်သိုဆိုစေ သေချာတာတစ်ခုကတော့ ဆေးမင်ကြောင်ထိုးခြင်းက ကောင်းကျိုးထက် ဆိုးကျိုးများ ပိုမိုမြင်သာ စေသည့်အချက်ကိုတော့ ငြင်းမယ်မရပါ။ ဒါကြောင့် ထိုဆိုးကျိုးအများကြီးထဲမှ (၁၀)ချက်ကို မျှဝေချင်ပါသည်။ သင့်အနေနဲ့ဆေးမင် ကြောင်ထိုးထားတဲ့သူ ဆိုရင်တော့ ဒီသတင်းက သိပ်မကောင်းပေမယ့် ဗဟုသုတရပြီး ပြင်ဆင်နိုင်တာတွေကို ပြင်ဆင်လို့ရမှာသေချာပါသည်။ ဒါဆို ထို ဆိုးကျိုး(၁၀) ချက်ကဘာတွေလဲဆိုတာကို ဖတ်ကြည့်ကြရအောင်။

(၁)။ မလိုလားအပ်သည့် ဓာတ်မတည့်မှုများဖြစ်လာနိုင်သည်။

ဆေးမင်တွေနဲ့ မထိုးဖူးတဲ့ သူတွေအတွက် မိမိတို့နဲ့ တည်မတည့် ကိုသေချာလေ့လာဖို့ လိုပါမည်။ မဟုတ်ရင်ကိုယ်နဲ့မတည့်ပဲ ထိုးပြီးတော့ ပြဿနာတက်သွားနိုင်လို့ပါ။ ဒီလိုမတည့်တဲ့ အလေ့အထက တော့ လူအချို့အတွက် အနည်းအများရှိကြသည်။ အချိုအတွက်တော့ ရေတိုအတွင်းမှာပင် ပြဿနာပြေလည်သွားနိုင်သလို ကျန်လူအချိုအတွက်ကတော့ ရေရှည် ဖြေရှင်းရမည့်ပြဿနာပင်ဖြစ်သည်။ ထိုကြောင့် မိမိအနေနဲ့ဆေးမင်ကြောင်မထိုးခင် မေးမြန်းလေ့လာပြီ မည်သည့်မင်မျိုုးသုံသင့်မသုံးသင့် ကို နှစ်ခါပြန်စဉ်းစားသင့်သည်။ မိမိအနေနဲ့ ထိုးလိုက်သည် ကာလအတွင်း မည်သည့် လက္ခဏာမှ မပြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ လူအချို့အတွက် မတည့်သည့် အရိပ်အရောင်ပြလာတက်သည်ကို မမေ့သင့်ပါ။ ဒီလိုဖြစ်လေ့ရှိတဲ့ ဆေးမင် အချိုကတော့ အဝါရောင်နဲ့ အစိမ်းကဲ့သို့သော ဆေးမင်းများဟာ နေရာင်ခြည်ထိရုံဖြင့် ဓာတ်မတည့်မှုများဖြစ်လာနိုင်သည်။ အရောင်ရင့်သော အပြာ၊ ခရမ်းနဲ့ အမည်း ရောင်ဆေးမင်များကတော့ ထိုသို့သော ဓာတ်မတည့်မှုများ ဖြစ်ခဲကြသည်။ ထိုးချင်လှသည်ဆိုလျှင်အမည်းရောင်ကိုသာရွေးချယ်သင့်သည်။

(၂)။ HIV နဲ့ အသည်းရောင်ရောဂါများအတွက် သတိရှိပါ။

ဆေးမင်ကြောင်ထိုးသွင်းသည့် နေရာများ ပိုးမွှားသန့်စင်မှုမရှိခြင်း၊ ဆေးထိုးပြီး သား အပ်များကို ပြန်လည်အသုံးပြုခြင်း များသည် အလွန်သတိထားရမည့်ကိစ္စဖြစ်သည်။ ထိုသို့ သုံးစွဲပြီးသား အပ်များပြန်လည်အသုံးပြုခြင်းသည် HIV နဲ့ အသည်းရောင် ရောဂါများဖြစ်ပွားစေနိုင်သည်။ ဒါကြောင့် ဆေးမင်ကြောင် အရမ်းထိုးချင်သည့် စိတ်အားထက်သန်သောသူ များအနေနဲ့ ကောင်းမွန်သင့်လျော်သော ၀န်ဆောင်မှုရှိသည့်နေရာများကိုသာ သွားသင့်သည်။ အချို့သော ကျောင်းသား လူငယ်များအနေနဲ့ ဆေးမင်ကြောင် ထိုးသည့်အခါ ကုန်ကျစရိတ် ချွေတာ ချင်သည်အတွက်ကြောင့် စျေးပေါသည့် ဆိုင် (သို့) နေရာများကိုသာ သွားလိုကြသည်။ ကုန်ကျစရိတ် ထက် ရောဂါ ကူးစက်မှုက ပိုအရေးကြီးတာကို သိစေချင်သည်။ ထို့အတွက်ကြောင့် ကျန်းမာရေးအတွက် ရှေ့ရှုသည့်အနေဖြင့် သန့်စင်တဲ့ ဆေးမင် နဲ့ အပ်များကိုသာ သုံးစွဲရမည်။

(၃)။ ဒဏ်ရာ တွေနဲ့ အမာရွတ်တွေက ထင်သလို မလန်းပါ။

ကံဆိုးချင်ရင် မိမိရဲ့ ဆေးမင်ကြောင် ကြောင့် ထိုးထားတဲ့ ဧရိယာတစ်၀ိုက်တွင် ဒဏ်ရာ ဒဏ်ချက်တွေ နဲ့ အမာရွတ်တွေဖြစ်လာနိုင်သည်။ ပုံမှန်အားဖြင့်တော့ အမာရွတ်တွေက အချိန်ကြာလာရင် ပျောက်သွားပေမယ့် အချို့အချိန်တွေမှာတော့ ကျန်နေခဲ့ပြီး ထိုအမာရွတ်တွေနေရာမှာ ပြန်ပြီး ဆေးမင်ကြောင် နဲ့ ပြန်ထိုးပြီး ဖုံးကာရတဲ့အချိန်တွေရှိနိုင်သည်။ အလွန်ကံခေ တဲ့လူဆိုရင်တော့ အသားပို အမာရွတ်တွေ နဲ့ ကျန်ရှိနေခဲ့နိုင်သည်။ အသားပို အမာရွတ်များသည် အသားပိုများစုပုံပြီး အနီရောင် (သို့) ထိခိုက်ဒဏ်ရာသဖွယ် ကြည့်ရဆိုးတဲ့ အသွင်ဖြစ်နေတတ်သည်။ ဆေးမင်ကြောင်ထိုးတိုင်း အမာရွတ် များဖြစ်နိုင်တာမဟုတ်ပေမယ့် လူတွေအနေနဲ့ ထိုဆိုးကျိုးများကို ဗဟုသုတအနေဖြင့် သိထား သင့်သည်။ ဒါ့ကြောင့် မြန်မြန်ဆန်ဆန်ထိုးခြင်းနဲ့ လက်လွတ်စပယ် မပြုလုပ်သင့်ပါ။

(၄)။ အရေပြား ကူးစက်ရောဂါဖြစ်ပွားနိုင်ခြင်း။

အမာရွတ် တင်မကပဲ ဆေးမင်ကြောင်ကြောင့် အဖုအပိန့် တက်နိုင်ပါသည်။ ဒီလိုဖြစ်လာသည့်အခါ ဆေး၀ါးများဖြင့် ကုသပျောက်ကင်းနိုင်သည်။ သို့သော် ဒီလို ဘေးထွက်ဆိုးကျိုးများ ဖြစ်တတ်ခြင်း ကိုတော့ လူအများ သိရှိနားလည်သင့်ပါသည်။ ထိုးထားတဲ့ ဆေးမင်ကြောင် နေရာအနားတ၀ိုက်မှာလည်း ရောဂါပိုးရှိသည့် ဆေးထိုး အပ်များကြောင့် အရေးပြားကူးစက်ရောဂါဖြစ်ပွားနိုင်သည်။ သို့သော် လူအချို့အတွက် ထိုသို့ သော လက္ခဏာပြသ ဖို့ အချိန် အတိုင်းအတာတစ်ခုအထိကြာမြင့်နိုင်သည်။

(၅)။ ဓာတ်မှန်များရိုက်သည့်အခါ ရှုပ်ထွေးမှုရှိစေနိုင်ခြင်း။

ဆေးမင်ကြောင်ထိုးထားသည့် လူများအနေဖြင့် X rays သို့ MRIs ရိုက်သည့်အခါ ရလဒ် ထွက်ရှိမှု ရှုပ်ထွေးစေနိုင်သည်။ ထို ထိုးထားသည့် အခါ ဓာတ်မှန်ရိုက်ရာတွင် ဆေးမင်ကြောင် ကြောင့် ရုပ်ပုံရရှိမှု အပြောင်းအလဲဖြစ်စေနိုင်သည်။ ဆက်လက်ပြီး သံလိုက်ဓာတ်နဲ့ UV rays ဓာတ်ရောင်ခြည်တွေကြောင့် ရောဂါရှာဖွေမှုကို အနှောက်အယှက်ဖြစ်စေပြီး ထိုးထားသည့် နေရာများတွင်လည်း ဓာတ်ရောင်ခြည်ကြောင့် ရောဂါကူး စက်မှုဖြစ်စေနိုင်သည်။

(၆)။ သင့်အနေနဲ့ သွေးအလှူရှင်တစ်ဦးဖြစ်သလား။

မိမိအနေနဲ့ ဆေးမင်ကြောင်ထိုးထားခဲ့ရင် အချိန်အတိုင်းအတာတစ်ခုအထိ သွေးလှူဖို့ စောင့်ဆိုင်းရ မှာဖြစ်ပါတယ်။ အချို့ ဆေးရုံ ဆေးခန်းများအနေနဲ့ တစ်ပတ် (သို့) လနဲ့ ချီကြာအောင်စောင့်ရပါတယ်။ ဒါ့အပြင် ဆေးမင်ကြောင် ထိုးတဲ့ ဆိုင်တွေအနေနဲ့ တရား၀င် စည်းမျဥ်းစည်းကမ်းချက်များနဲ့အညီ ဖွင့်လှစ်ထားမှု ရှိမရှိ တဲ့ကိစ္စသည်လည်းမူတည်ပါသည်။ ထိုသို့မဟုတ်လျင် မိမိထိုးထားတဲ့ ဆေးမင်ကြောင် ကြောင့် သွေးလှူဒါန်းမှု ကို လုံး၀ပြုလုပ်နိုင်တော့မှာမဟုတ်ပါ။ ထို့ကြောင့် မိမိအနေနဲ့ ဆေးမင်ကြောင် ထိုး ဖို့ ရှိပေမယ့် သွေးလှူဒါန်းမှုလည်းပြုလုပ်လိုလျင် မိမိ ထိုးတဲ့ ဆိုင်များကို တရား၀င်ဖွင့် မဖွင့်ထား သေချာစစ်ဆေးဖို့လိုသည်။ ထိုသို့မဟုတ်ပါက သွေးအလှူရှင် အဖြစ်မှ အခွင့်အ ရေးဆုံးရှုံးနိုင်သည်။

(၇)။ ကျန်းမာရေးနဲ့ မညီသော ပွန်းပဲ့ဒဏ်ရာများ ရရှိနိုင်ခြင်း။

သွေးကြောများသို့ အပ်ဖြင့် ဆေးမင်ကြောင်ထိုးသည့် အတွက်ကြောင့် သွေးများ ခဲနိုင်ပြီး ရောင်ရမ်းနိုင်သည်။ ဆိုလိုသည်မှာ အပ်ဖြင့် ထိုးမှုကြောင့် ထိုထိုးသွင်းမှုအောက်တွင်ရှိသည့် သွေးကြောများ၌ သွေးများ ခဲနေခြင်းဖြစ်သည်။ အချိန်ကြာလာသည့်နဲ့ ထိုပွန်းပဲ့ ဒဏ်ရာများဟာ ပျောက်သွားနိုင်ပေမယ့် သေချာ ဆေးစစ်ပြီး စိတ်ပူပန်မှု မဖြစ်အောင် လုပ်ဆောင်ရမည်။

(၈)။ လူတိုင်း ကင်ဆာ အဖြစ်မခံနိုင်ကြပါ။

မည်သို့ပဲ ရောဂါကင်းစင်ကြောင်း ထောက်ခံမှုရရှိတဲ့ (HIV နဲ့ အသည်းရောင်ရောဂါကင်းစင်ကြောင်း) ဆေးမင်ကြောင် ထိုးပေးသည့်ဆိုင်များဖြစ်ပါစေ လူတွေအနေနဲ့ ဆေးမင်ကြောင် ကြောင့် ဖြစ်ပွားတတ်တဲ့ ကင်ဆာ ဖြစ်စေနိုင်သည် ကိုတော့ မမေ့သင့်ပါ။ အများအားဖြင့် ဖြစ်လေ့ရှိတဲ့ ကင်ဆာက တော့ အရေပြားကင်ဆာ ဖြစ်သည်။ ၄င်းအနေနဲ့ အချိန်နှောင်းမှပဲ လက္ခဏာ ပေါ်ပေါက်လာသည် ဆိုတာကို သတိထားသင့်သည်။ ဆေးမင် ကြောင့် သွေးထဲသို့ အဆိပ်များ ယူဆောင်သွားပြီး ကင်ဆာဖြစ်စေနိုင်မှုကို တွန်းအားပေးရာရောက်သည်။ ထိုသို့သော ထင်ကြေးများကို မထောက်ခံကြပေမယ့် ကျွမ်းကျင်ပညာရှင်များကတော့ ဆေးမင်ကြောင် ကြောင့်ကင်ဆာ ကိုဖြစ်စေနိုင်သည်ကို တော့ ယုံကြည်ထားကြပါသည်။

(၉)။ သွေးဖြူဆဲလ် များ လုပ်ဆောင်မှုစနစ်ကို ထိခိုက်စေခြင်း။

ဆေးမင်ကြောင် ထိုခြင်းသည် သွေးဖြူဆဲလ်များ၏ လုပ်ဆောင်မှုစနစ်ကို လွန်စွာထိခိုက်စေသည်။ ထိုသို့ဖြစ်လာမှုကို ပုံမှန်အားဖြင့် ဆေးမင်ကြောင် ထိုးထားသည် ဧရိယာတစ်လျှောက်တွင် အသားအရေ ဖူးရောင်လာသည့် အချိန်တွင်သိရှိနိုင်သည်။ အဖုအထစ်များ ထွက်ပေါ်လာပြီး ရောင်ရမ်းမှုရှိသည့် အခါ အဖုအဖိတ်များ ထလာပြီး အနာများ ဖြစ်ပွားတတ်သည်။ အချို့အခြေအနေမှာတော့ ထိုအနာများဟာ ရာသက်ပန် ဘေးထွက်ဆိုးကျိုးများဖြစ်စေနိုင်သည်။ အများအားဖြင့် ဆေးမင်ကြောင် ထိုးမှု ကြောင့် ထိုသို့သော အဖုအဖိတ် အနာများဖြစ်စေမှုများကို တွေ့မြင်နိုင်သည်။

(၁၀)။ မကြာခဏ ​ဝေဖန်ခံရနိုင်ခြင်း။

ကျန်းမာရေး ရှု့ထောင့်မှ အပ ဆေးမင်ကြောင် ထိုးထားခြင်းသည် စိတ်ပိုင်းဆိုင်ရာ၌လည်း မွန်းကျပ်မှု တစ်နည်းတစ်ဖုံဖြစ်စေသည်။ မိမိအနေနဲ့ လူအများစုရဲ့ အယူအဆများ နဲ့ ဘောင်ကျော်ပြီး ထိုးဖို့ စိတ်ကူးရှိထားသော်ငြားလည်း မထိုးခင် သေချာ ဆုံးဖြတ် သုံးသပ်သင့်သည်။ ရှေးရိုးစွဲ လူမှုအသိုင်းအ၀ိုင်းကနေ ဆင်းသက်လာကြတဲ့ လူအများအနေနဲ့ ဆေးမင်ကြောင် အပေါ် အပျက်သဘောဆောင်တဲ့ အမြင်များဖြင့်မြင်တတ်ကြပြီး ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေများရဲ့ ​ဝေဖန်ကဲ့ရဲ့မှုများကိုလည်း ခံရနိုင်သည်။ ဒါ့အပြင် ဆေးမင်ကြောင်များရှိသူများအနေဖြင့်အလုပ်ခွင်သို့ ၀င်ရောက်ရာတွင်လည်းမလွယ်ကူလှ၊ ပညာရှိမဆန်တဲ့ အမြင်မျိုး အမြင်ခံရနိုင်သည်။ ဒါကြောင့် ထိုးထားသည့်လူများအနေနဲ့လည်း အမြဲတမ်း ထို ဆေးမင်ကြောင် ကို ဖုံးကာထားရသေးသည်။ ထို့အတွက်ကြောင့် မိမိအနေနဲ့ ထိုးဖြစ်လျင် မည်သည့်နေရာ သို့ ထိုးသင့် သည်ကို သိရှိထားသင့်သည်။

ဆေးမင်ကြောင် များက အရမ်းလှသည်၊ သို့သော် မိမိအနေနဲ့ ဆေးမင်ကြောင်ထိုးဖို့ အားခဲနေသည့် လူမျိုးဆိုလျင် အကောင်းအဆိုး အရာအားလုံးအတွက် အဆင်သင့်ပြင်ထားသင့်သည်။ အမှန်တော့အား လုံးမှာ ကိုယ်ပိုင်ရွေးချယ်မှုရှိကြသည်။ ထိုရွေးချယ်မှုသည် မှန်ကန်တဲ့ရွေးချယ်မှုဖြစ် ဖို့သာလိုသည်။

Ref: Top 10 Negative side-effects of permanent tattoos (listsurge)

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top