ဘိုင်ယန်မြူးနစ်ကို ချန်ပီယံမဖြစ်အောင် တားဆီးဖို့ အရမ်းခက်ခဲသွားပြီလို့ ဒေါ့မွန်နည်းပြ ဆို

27-5-2020-yyl-013.jpg

ဘိုင်ယန်မြူးနစ်အသင်း ၈ ကြိမ်ဆက် ဘွန်ဒက်စ်လီဂါဖလား မဆွတ်ခူးနိုင်အောင် တားဆီးဖို့ အဆမတန် ခက်ခဲသွားပြီလို့ ဒေါ့မွန်နည်းပြ ဖာဘရီက ပြောပါတယ်။ ဒေါ့မွန်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ဂျိုရှုအာကင်မစ်ချ်ရဲ့ တစ်လုံးတည်းသောဂိုးကြောင့် ရှုံးပွဲကြုံခဲ့လို့ ဘိုင်ယန်ထက် ၇ မှတ်နည်းသွားပါပြီ။ ၆ ပွဲပဲ ကစားဖို့ ကျန်ရှိချိန်မှာ ၇ မှတ်ဖြတ်နိုင်ခဲ့တဲ့အတွက် ဘိုင်ယန်မြူးနစ်အသင်း ချန်ပီယံဖလား ဆွတ်ခူးနိုင်ဖို့ အလားအလာ ပိုကောင်းသွားခဲ့ပါတယ်။

” ပွဲအစ မိနစ် ၃၀ မှာ အစကောင်းခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ခံစစ်အသားပေးလွန်းတယ်။ ဒုတိယပိုင်း ကစားတာလည်း ကောင်းပါတယ်။ အခွင့်အရေးတွေ ရခဲ့တယ်။ ဒါပေမဲ့ အဆုံးသတ်ပိုင်း လွဲချော်ခဲ့တယ်။ အနည်းဆုံးတော့ ကျွန်တော်တို့ သရေရဖို့ ထိုက်တန်ပါတယ်။ ချန်ပီယံဆုအတွက် အရမ်းခက်ခဲသွားပါပြီ။ ၆ ပွဲအလိုမှာ ၇ မှတ်ဖြတ်ခံထားရလို့ အဆမတန်ခက်ခဲသွားပါပြီ”လို့ ဖာဘရီက ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top