စစ်မှုထမ်းကာလပြီးဆုံးသွားလို့ စပါးနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေတဲ့ ဆွန်ဟောင်မင်

19-5-2020-yyl-034.jpg

စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ သူ့ရဲ့မိခင်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ စစ်မှုထမ်းကာလ ပြီးမြောက်သွားတဲ့နောက် စပါးအသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းဖို့ သတင်းပေးပို့ခဲ့ပါတယ်။ အသက် ၂၇ နှစ်ရှိတဲ့ ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ၁၈ လပြည့်အောင် စစ်မှုထမ်းခဲ့ရပြီး စစ်မှုထမ်းစဉ်ကာလအတွင်း ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့လို့ အကောင်းဆုံးစွမ်းဆောင်နိုင်သူ ၅ ဦးစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဆွန်ဟောင်မင်က လန်ဒန်မြောက်ပိုင်းကို ပြန်လာခဲ့ပြီး လေ့ကျင့်ရေးကွင်းကို လာရောက်ခဲ့တာပါ။ ဆွန်ဟောင်မင်ဟာ တောင်ကိုရီးယားနိုင်ငံကနေ ပြန်ရောက်လာပေမဲ့ စစ်ဆေးမှုခံယူရာမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးမတွေ့ရလို့ သီးသန့်ခွဲခြားနေထိုင်ဖို့ မလိုအပ်ခဲ့တာပါ။ ဆွန်ဟောင်မင်ဟာ ဟော့စပါးဝေးလေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခန်းဆင်းခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပြိုင်ပွဲတွေ ရပ်နားထားချိန်မှာ ဆွန်ဟောင်မင်က လက်ကျိုးဒဏ်ရာကနေ အပြည့်အဝသက်သာလာခဲ့သလို စစ်မှုထမ်းကာလကိုလည်း ပြီးမြောက်အောင် ထမ်းဆောင်နိုင်ခဲ့ပါတယ်။ ဆွန်ဟောင်မင်ဟာ ၂၀၁၈ ခုနှစ်က အာရှဖလားပြိုင်ပွဲမှာ တောင်ကိုရီးယားအတွက် ရွှေတံဆိပ် ဆွတ်ခူးပေးနိုင်ခဲ့လို့ ၂၁ လကြာမြင့်တဲ့ စစ်မှုထမ်းကာလကနေ ကင်းလွတ်ခွင့်ရခဲ့ပေမဲ့ ဘောလုံးပြိုင်ပွဲ ရပ်နားထားချိန်မှာ ၄ ပတ်ကြာ စစ်မှုထမ်းခဲ့တာဖြစ်ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top