၂ရက်အတွင်း ဘရာဇီးမှာ သေဆုံးသူအရေအတွက်က အမေရိကန်ထက် ပိုများ

27-5-2020-yyl-012.jpg

လွန်ခဲ့တဲ့ ၂ ရက်အတွင်း ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သူ အရေအတွက်က အမေရိကန်နိုင်ငံမှာ သေဆုံးခဲ့သူအရေအတွက်ထက် ပိုများခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဘရာဇီးနိုင်ငံမှာ အနည်းဆုံး လူ ၁၀၃၉ ယောက် သေဆုံးခဲ့တယ်လို့ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး အလားတူကာလအတွင်း အမေရိကန်နိုင်ငံမှာ အနည်းဆုံး ၆၈၃ ယောက် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့ကလည်း ဘရာဇီးနိုင်ငံမှာ အနည်းဆုံး လူ ၈၀၇ ယောက် သေဆုံးခဲ့ပြီး အမေရိကန်နိုင်ငံမှာ လူ ၄၉၈ ယောက် သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့ညအထိ ဘရာဇီးနိုင်ငံမှာ အနည်းဆုံး သေဆုံးသူ ၂၄၅၁၂ ယောက် ရှိနေပြီး ကူးစက်ခံရသူ ၃၉၁၂၂၂ ယောက်ရှိနေပါပြီ။ ဆက်စပ်သတင်းတစ်ရပ်အရ ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ တိုင်းရင်းသားမျိုးနွယ်တွေကို ကုသပေးနေဖို့အတွက် ပထမဆုံး ဆေးရုံအဆောင်တစ်ခုကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ တိုင်းရင်းသားမျိုးနွယ်ဝင် ၁၂၀၀ ကျော်ရှိနေပြီး အနည်းဆုံး ၁၄၃ ယောက် သေဆုံးခဲ့တယ်လို့ တိုင်းရင်းသားအရေးလှုပ်ရှားပေးနေတဲ့ အဖွဲ့က ဖော်ပြထားပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top