လီဗာပူးက စက်ယန္တရားတစ်လုံးပါလို့ အမ်ဘာပေ ချီးကျူး

27-5-2020-yyl-014.jpg

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေက လီဗာပူးအသင်းကို စက်ယန္တရားတစ်လုံးပါလို့ ချီးကျူးခဲ့ပြီး နည်းပြဂျာဂန်ကလော့ရဲ့ စွမ်းဆောင်မှုကိုလည်း ချီးကျူးခဲ့ပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို ၂၅ မှတ်ဖြတ်ပြီး ဒီရာသီ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း စပါးကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးအမြောက်အများနဲ့ လီဗာပူးကို ပြောင်းလာလိမ့်မယ်လို့ သတင်းထွက်နေတဲ့ အမ်ဘာပေက လီဗာပူးအသင်းကို အခုလို ချီးကျူးခဲ့တာပါ။

” ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ လီဗာပူးက စက်ယန္တရားတစ်လုံးပါပဲ။ သူတို့က နိုင်ပွဲတွေ အလွယ်တကူရနေပုံပါပဲ။ ဒါပေမဲ့ အမှန်တကယ်တော့ နိုင်ပွဲရဖို့ လွယ်တယ်ဆိုတာ မရှိပါဘူး။ သူတို့အသင်းရဲ့ ခြေစွမ်းမျိုးက နေ့ချင်းညချင်းဖြစ်လာတာ မဟုတ်ပါဘူး။ အပြင်းအထန် လေ့ကျင့်မှုနဲ့ နည်းပြကောင်းတစ်ယောက်ဆီကနေ မြစ်ဖျားခံလာတာပါ”လို့ အမ်ဘာပေက ပြောပါတယ်။ လီဗာပူးနည်းပြ ဂျာဂန်ကလော့ကတော့ သူ့ရဲ့လက်ရှိကစားသမားစာရင်းကို အားကျကျေနပ်တယ်လို့ ပြောခဲ့ပြီး အမ်ဘာပေရဲ့အပြောင်းအရွှေ့သတင်းတွေကို ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top