မက်ဆီကို ကမ္ဘာ့အကောင်းဆုံးလို့ ဆိုခဲ့ပြီး CR7 ကို ထိပ်တန်း ၅ ဦးစာရင်းထဲ မထည့်ခဲ့တဲ့ ရော်နယ်ဒို

2-6-2020-yyl-022.jpg

ဘရာဇီးဂန္ထဝင်ကစားသမားဟောင်း ရော်နယ်ဒိုက ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကို မျက်မှောက်ခေတ် ဘောလုံးလောကရဲ့ အငြင်းပွားစရာမရှိ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့ပေမဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုကိုတော့ သူအကြိုက်ဆုံး ကစားသမား ၅ ယောက်စာရင်းမှာ ထည့်သွင်းခဲ့ခြင်းမရှိပါဘူး။ မက်ဆီက Ballon d’Or ဆုကို ၆ ကြိမ် ဆွတ်ခူးခဲ့ပြီး ခရစ္စတီယာနိုရော်နယ်ဒိုက အဲဒီဆုကို ၅ ကြိမ် ဆွတ်ခူးခဲ့သူပါ။ သူတို့နှစ်ယောက်က ဒီနေ့ခေတ် ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတွေလို့ သတ်မှတ်ခံထားရပါတယ်။ ဒါပေမဲ့ ရော်နယ်ဒိုကတော့ သူအကြိုက်ဆုံး ကစားသမားတွေထဲမှာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အမည်ကို ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပါဘူး။

ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလား ၂ ကြိမ် ဆွတ်ခူးခဲ့ဖူးတဲ့ ရော်နယ်ဒိုဟာ ဘောလုံးအသင်းရဲ့အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူပါ။ ” မက်ဆီက နံပါတ်(၁) ကစားသမားပါ။ သူ့ရဲ့ပါရမီလိုမျိုး မြင်ရဖို့ နှစ် ၂၀၊ ၃၀ လောက် စောင့်ရလိမ့်မယ်။ ဆာလာ၊ ဟာဇက်၊ နေမာတို့ကိုလည်း ကြိုက်ပါတယ်။ အမ်ဘာပေရဲ့ပွဲတွေ စောင့်ကြည့်ရတာလည်း သဘောကျတယ်”လို့ ရော်နယ်ဒိုက ပြောပါတယ်။ အမ်ဘာပေက သူနဲ့တူတဲ့ စွမ်းဆောင်ရည်တွေရှိပေမဲ့ မျိုးဆက်မတူရင် ကြုံတွေ့ရတဲ့ အခြေအနေမတူညီလို့ မျိုးဆက်မတူတဲ့ ကစားသမားတွေကို နှိုင်းယှဉ်တာ သဘောမကျဘူးလို့ ရော်နယ်ဒိုက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top