အန်ဖီးလ်ကွင်းလယ်စက်ဝိုင်းမှာ ဒူးတစ်ဖက်ထောက်ပြီး လူမျိုးရေးခွဲခြားမှု ဆန္ဒပြပွဲတွေကို ထောက်ခံခဲ့တဲ့ လီဗာပူးအသင်း

2-6-2020-yyl-021.jpg

အမေရိကန်နိုင်ငံ မင်နီယာပိုလစ်မြို့မှာ ရဲအရာရှိကြောင့် လူမည်းအမျိုးသား သေဆုံးခဲ့တဲ့ဖြစ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ လူမျိုးရေးခွဲခြားမှု ဆန္ဒပြပွဲတွေကို ထောက်ခံအားပေးကြောင်း ပြသတဲ့အနေနဲ့ လီဗာပူးအသင်း ကစားသမားတွေက အန်ဖီးလ်ကွင်းရဲ့ ကွင်းလယ်စက်ဝိုင်း ပတ်ပတ်လည်မှာ ဒူးတစ်ဖက်ထောက်ခဲ့ကြပါတယ်။ လီဗာပူးကစားသမား ၂၉ ယောက် ဒူးတစ်ဖက်ထောက်ထားတဲ့ ဓာတ်ပုံကို ” စည်းလုံးခြင်းသည် အင်အား”၊ ”လူမည်းတွေလည်း အသက်နဲ့ပါ”ဆိုတဲ့ ရေးသားဖော်ပြမှုနဲ့အတူ လူမှုကွန်ရက်ပေါ်မှာ ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က လေ့ကျင့်ခန်းဆင်းချိန်မှာ ကစားသမားတွေက ဒူးတစ်ဖက်ထောက်ထားတဲ့ပုံနဲ့ ဓာတ်ပုံရိုက်ပေးဖို့ တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် သြဂုတ်လက ကစားခဲ့တဲ့ အမေရိကန်ဘောလုံးပွဲမှာ San Francisco 49ers အသင်းရဲ့ နောက်ခံလူ ကယ်ပါနစ်က နိုင်ငံတော်သီချင်းဖွင့်နေတုန်း ဒူးတစ်ဖက်ထောက်ပြီး လူမျိုးရေးခွဲခြားမှု၊ ရဲတပ်ဖွဲ့ရဲ့ အင်အားသုံးရက်စက်မှုတွေအပေါ် ဆန့်ကျင်ကြောင်း ပြသခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒူးတစ်ဖက်ထောက်တာက လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားမှုပြယုဂ်တစ်ခု ဖြစ်လာခဲ့တာပါ။ မန်ယူကစားသမားတွေဖြစ်တဲ့ ပေါ့ဘာနဲ့ ရက်ရှ်ဖို့ဒ်တို့ကလည်း လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တိုက်ဖျက်ဖို့ တိုက်တွန်းအားပေးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top