ရော်နယ်ဒိုကို သက်ရှင်ထင်ရှား ဘောလုံးနတ်ဘုရားလို့ ရီယိုဖာဒီနန် ချီးကျူး

ronaldo-cung-giong-nhu-mot-chai-ruou-vang-hao-hang_5280370956879914485.jpg

အက်သလက်တီကိုနဲ့ပွဲမှာ ဟက်ထရစ်သွင်းပြီး ဂျူဗင်တပ်ကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပို့ဆောင်ပေးခဲ့တဲ့ ရော်နယ်ဒိုက ဘောလုံးလောကရဲ့ သက်ရှိထင်ရှား ရှိနေတဲ့ နတ်ဘုရားတစ်ပါးလို့ မန်ယူအသင်းဖော်ဟောင်း ရီယိုဖာဒီနန်က ချီးကျူးခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ခေါင်းတိုက်ဂိုး (၂) ဂိုး၊ ပင်နယ်တီဂိုး (၁) ဂိုးနဲ့ ဟက်ထရစ်ရယူခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဟက်ထရစ်အများဆုံး သွင်းယူထားတဲ့ မက်ဆီရဲ့စံချိန်နဲ့ တူညီခဲ့သူပါ။

ရော်နယ်ဒိုဟာ မန်ယူမှာ ကစားခဲ့တုန်းက ရီယိုဖာဒီနန်နဲ့ တွဲဖက်ကစားခဲ့ဖူးပါတယ်။ အက်သလက်တီကိုနဲ့ပွဲမှာ ရော်နယ်ဒိုသွင်းယူတဲ့ ပထမဂိုးဟာ ခေါင်းတိုက်ဂိုးသွင်းရာမှာ အရမ်းကျွမ်းကျင်တဲ့ ဒွန်ကန်ဖာဂူဆန်ရဲ့ သွင်းဂိုးအတိုင်းပဲလို့ ရီယိုဖာဒီနန်က ဆိုပါတယ်။

”သူက သက်ရှိထင်ရှားရှိနေတဲ့ ဘောလုံးနတ်ဘုရားတစ်ပါးပါ။ ယုတ္တိကျကျ တွေးရင် မဖြစ်နိုင်ဘူးလို့ ထင်လောက်တဲ့ကိစ္စတွေကို သူ စွမ်းဆောင်ပြနေတာပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲက သူ့ရဲ့စံချိန်မှတ်တမ်းတွေ၊ သူ့ကစားသမားဘဝတစ်လျှောက် ရေးထိုးနိုင်ခဲ့တဲ့ စံချိန်သစ်တွေကို တွေးကြည့်လိုက်ပါ။ သူက မက်ဆီနဲ့အတူ ဟက်ထရစ်အများဆုံး သွင်းယူနိုင်သူဖြစ်နေပါတယ်။ ရော်နယ်ဒိုရဲ့ ပထမဂိုးက ဒွန်ကန်ဖာဂူဆန် လျှမ်းလျှမ်းတောက်နေတဲ့အချိန်က သွင်းဂိုးလိုမျိုးပါပဲ”လို့ ရီယိုဖာဒီနန်က ချီးကျူးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top