ဇရာကို အံတု၊ ရော်နယ်ဒိုကို ကျော်ဖြတ်ပြီး ရွှေဖိနပ်ဆုဆွတ်ခူးခဲ့တဲ့ ကွာဂလီရယ်လာ

61471721_2350033685039870_830808676917837824_n.jpg

ဆမ်ဒိုးရီးယားတိုက်စစ်မှူး ကွာဂလီရယ်လာကတော့ ပေါင်သန်း (၁၀၀) တန်တိုက်စစ်မှူး ရော်နယ်ဒိုကို ကျော်ဖြတ်ပြီး စီးရီးအေရဲ့ ဂိုးသွင်းဘုရင်အဖြစ် ရွှေဖိနပ်ဆု ဆွတ်ခူးခဲ့ပါတယ်။ အသက် (၃၆) နှစ်ရှိတဲ့ ကွာဂလီရယ်လာဟာ စီးရီးအေသွင်းဂိုး (၂၆) ဂိုး သွင်းနိုင်ခဲ့ပြီး ရော်နယ်ဒိုထက် (၅) ဂိုး ပိုများခဲ့ပါတယ်။ ဒါ့အပြင် စီးရီးအေရဲ့ ဂိုးသွင်းအများဆုံး ကစားသမား (၅) ယောက်ထဲမှာ ကွာဂလီရယ်လာက ဂိုးဖန်တီးမှု အများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဂျူဗင်တပ်ကို ပေါင်သန်း (၁၀၀) နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်နဲ့အတူ စကူဒတ်တိုဖလား ဆွတ်ခူးနိုင်ခဲ့ပြီး စီးရီးအေပြိုင်ပွဲရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ဆွတ်ခူးနိုင်ခဲ့ပေမဲ့ သူကစားတဲ့ လိဂ်ပြိုင်ပွဲမှာ ရွှေဖိနပ်ဆုမရခဲ့တာ (၄) နှစ်တိုင်တိုင် ရှိလာခဲ့ပါပြီ။ ဒီရာသီ စီးရီးအေပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံး ကစားသမားစာရင်းမှာ ရော်နယ်ဒိုက အဆင့် (၄) ပဲ ချိတ်ခဲ့ပါတယ်။

ကွာဂလီရယ်လာဟာ ဥရောပဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ မက်ဆီနဲ့ အမ်ဘာပေတို့ရဲ့နောက် တတိယနေရာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ဆမ်ဒိုးရီးယားအတွက် ခြေစွမ်းပြနေတဲ့ ကွာဂလီရယ်လာကို အီတလီလက်ရွေးစင်အသင်းက ခေါ်ယူခဲ့ပါတယ်။ ကွာဂလီရယ်လာက ကစားသမားဘဝကို နာပိုလီမှာ အဆုံးသတ်ချင်ရင် အသင်းပြောင်းလာခဲ့ဖို့ နာပိုလီဥက္ကဋ္ဌ လော်ရန်တစ်ကလည်း ဖိတ်ခေါ်ထားပါတယ်။

Ref:Dailymail
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top