မန်စီးတီးနဲ့ပွဲကို ကြားကွင်းမှာ ကစားတာထက် အီတီဟတ်ကွင်းမှာ ကစားရတာ ပိုကြိုက်တယ်လို့ လီဗာပူးနည်းပြ ဆို

24-6-2020-yyl-011.jpg

မန်စီးတီးနဲ့ ကစားရမယ့် အဝေးကွင်းပွဲစဉ်ကို ကြားကွင်းမှာ ကစားရတာထက် အီတီဟတ်ကွင်းမှာ ကစားရမှာကို ပိုကြိုက်တယ်လို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့က ပြောပါတယ်။ ဇူလိုင်လ ၂ ရက်မှာ ကစားဖို့ စီစဉ်ထားတဲ့ မန်စီးတီး-လီဗာပူးပွဲစဉ်ကို အီတီဟတ်ကွင်းမှာ ကစားမလား၊ မကစားဘူးလားဆိုတာနဲ့ပတ်သက်ပြီး လာမယ့်ကြာသပတေးနေ့မှာ မန်ချက်စတာမြို့ကောင်စီရဲ့ လုံခြုံရေးအကြံပေးအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချမှာပါ။ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်ရတဲ့အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲကို ကြားကွင်းမှာ ကစားဖို့ ရဲတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

” ကျွန်တော်ကတော့ မန်ချက်စတာကွင်းမှာ ကစားရတာ ပိုကြိုက်တယ်။ ကြားကွင်းမှာကစားရရင် စုစည်းဖို့ ပိုခက်တယ်။ ဘယ်လိုဖြစ်လာမလဲတော့ မသိသေးဘူး။ ဒါပေမဲ့ လီဗာပူးမြို့မှာ ကစားမှာတော့ မဟုတ်ပါဘူး။ ကြားကွင်းမှာကစားရရင် သူတို့အသင်းရော၊ ကျွန်တော်တို့အသင်းရော ဟိုတယ်မှာ တည်းဖို့လိုတယ်”လို့ ဂျာဂန်ကလော့က ပြောပါတယ်။ လီဗာပူးဟာ နောက်ထပ် ၅ မှတ်ရရှိရင် နှစ် ၃၀ အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်တော့မှာဖြစ်ပြီး ဇွန်လ ၂၅ ရက် မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၄၅ မိနစ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ကစားရမှာပါ။ မန်စီးတီးကတော့ လီဗာပူးထက် အမှတ် ၂၀ နည်းနေပြီး လာမယ့်သောကြာနေ့ နံနက်မှာ ချဲလ်ဆီးအသင်းနဲ့ ကစားရမှာပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top