အများပြည်သူဆိုင်ရာ နေရာတွေကို သွားရင် နှာခေါင်းစည်းတပ်ဖို့ ဘရာဇီးသမ္မတကို တရားသူကြီး ညွှန်ကြား

24-6-2020-yyl-010.jpg

သမ္မတ ဘော်ဆိုနာရိုအနေနဲ့ ဘရာဇီးနိုင်ငံမြို့တော် ဘရာစီလီယာမြို့နဲ့ ပတ်ဝန်းကျင်ပြည်ထောင်စုခရိုင်ရဲ့ အများပြည်သူဆိုင်ရာနေရာတွေကို သွားရင် နှာခေါင်းစည်းတပ်ရမယ်လို့ တရားသူကြီးတစ်ယောက်က ညွှန်ကြားခဲ့ပါတယ်။ လက်ယာစွန်းရောက်ဝါဒရှိတဲ့ သမ္မတ ဘော်ဆိုနာရိုဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဘေးသင့်နိုင်ခြေကို လျှော့ချပြောဆိုတဲ့အတွက် ဝေဖန်ခံခဲ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင်ချိန်မှာ ဘော်ဆိုနာရိုက ကိုရိုနာဗိုင်းရပ်စ်ကို အအေးမိဖျားနာရုံလောက်ပဲလို့ ပြောခဲ့ဖူးပါတယ်။

ဘရာဇီးနိုင်ငံဟာ ကမ္ဘာပေါ်မှာ အမေရိကန်နိုင်ငံပြီးရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၁.၁ သန်းကျော်၊ သေဆုံးသူ ၅၁,၀၀၀ ကျော် ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သိသိသာသာ မြင့်တက်နေပမဲ့ ဘော်ဆိုနာရိုကတော့ လူမြင်ကွင်းမှာ နှာခေါင်းစည်းမပါဘဲ သွားလာနေဆဲပါပဲ။ စုဝေးပွဲတစ်ခုမှာ ဘော်ဆိုနာရိုက ပါးစပ်ကို လက်နဲ့မအုပ်ဘဲ ချောင်းဆိုးခဲ့သလို နောက်တစ်ကြိမ်မှာလည်း သူက လက်နဲ့အုပ် နှာချေပြီး အဲဒီလက်နဲ့ပဲ အမျိုးသမီးကြီးတစ်ဦးကို လက်ဆွဲနှုတ်ဆက်ခဲ့တာ တွေ့ရပါတယ်။ ဧပြီလ ၃၀ ရက်နေ့ကတည်းက ပြည်ထောင်စုခရိုင်မှာ နှာခေါင်းစည်းဝတ်ဖို့ စတင်အကျုံးဝင်လာခဲ့ပြီး နောက်ပိုင်းမှာ တစ်ရက်ကို ဒဏ်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၃၈၇ ဒေါ်လာ ဒဏ်ရိုက်သွားမယ်လို့ စည်းမျဉ်းတင်းကျပ်ခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top