ကွင်းလယ်လူ အန်ဒွန်ဘီလီနဲ့ ပြဿနာ မရှိဘူးလို့ စပါးနည်းပြ မော်ရင်ဟို ငြင်းဆန်

24-6-2020-yyl-012.jpg

ကွင်းလယ်လူ အန်ဒွန်ဘီလီနဲ့ ပဋိပက္ခဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတွေကို စပါးနည်းပြ မော်ရင်ဟိုက ငြင်းဆန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ စပါးအသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် လိုင်ယွန်ကနေ ပေါင် ၅၄ သန်းနဲ့ ခေါ်ယူထားတဲ့ အန်ဒွန်ဘီလီဟာ ဝက်စ်ဟမ်းကို ၂ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း အရန်ခုံထိုင်ခဲ့ရပြီး ပွဲကစားခွင့်မရခဲ့ပါဘူး။ အန်ဒွန်ဘီလီက မော်ရင်ဟိုနဲ့ ဆက်ပြီးအလုပ်တွဲမလုပ်ချင်တော့ဘူးလို့ ပြောခဲ့ကြောင်း ပြင်သစ်မီဒီယာတွေက ဖော်ပြပါတယ်။ ဒါပေမဲ့ မော်ရင်ဟိုကတော့ အဲဒီသတင်းတွေကို ပယ်ချခဲ့ပါတယ်။

” အဲဒီသတင်းတွေ မဟုတ်ပါဘူး။ အန်ဒွန်ဘီလီရော၊ ဆက်ဆီနွန်ရော၊ အယ်ဒါဝီရာရော၊ ဗာတွန်ဂန်ရော အရန်ခုံထိုင်ရတာပါပဲ။ ဂက်ဒ်ဆန်ဖာနန်ဒက်စ်လည်း ရှိသေးတယ်။ သူတို့ပွဲကစားခွင့်မရဘူး။ ဒါက ဘောလုံးလောကရဲ့ သဘောတရားပါပဲ။ ကျွန်တော့်အတွက်တော့ ဘာမှမထူးဆန်းပါဘူး။ ဒါက သူတစ်ယောက်တည်း ကိစ္စမဟုတ်ဘူး။ ကျွန်တော်က အသင်းအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတာပါ။ ကစားသမား ၁၂ ယောက်၊ ၁၃ ယောက်နဲ့မှ ပွဲထွက်ခွင့်မရတာ”လို့ မော်ရင်ဟိုက ဆိုပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top