မနက်ခင်း တရားထိုင်ခြင်းရဲ့ ကောင်းကျိုး (၃) ခု

6-7-2020-yyl-053.jpg

လူတန်းစားမရွေး၊ အသက်အရွယ်မရွေး တရားထိုင်ပေးသင့်ပါတယ်။ တရားထိုင်တာက ဘယ်လောက်အရေးပါလဲဆိုတာ သင်တို့သိသွားမယ်ဆိုရင် အံ့သြသွားကြမယ်ထင်ပါတယ်။ တရားထိုင်ခြင်းက သူတို့ကို ဘယ်လိုကူညီပေးနေတယ်၊ စိတ်ဖိစီးမှုကို ဘယ်လိုတွန်းလှန် ပစ်နိုင်တယ်ဆိုတာကို တချို့လူတွေ ပြောတာကိုလည်း ကြားဖူးကြမယ်ထင်ပါတယ်။ တိဗက်ဘုန်းကြီးဆိုရင်လည်း အသက်အရွယ်ထက် ဦးနှောက်ကြီးရင့်မှုနှေးကွေးနေတာက တရားထိုင်ခြင်းကြောင့်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုများတဲ့ လောကကြီးမှာ စိတ်သက်သာရာရဖို့အတွက် တရားထိုင်ပေးတာ အကောင်းဆုံးပါပဲ။ တရားထိုင်မယ်ဆိုရင် မနက်အိပ်ရာထတာနဲ့ မိနစ်အနည်းငယ်လောက် တရားထိုင်ပေးတာက ပိုပြီး ထိရောက်နိုင်ပါတယ်။ ဒါပေမဲ့ မနက်ခင်း တရားထိုင်မယ်ဆိုရင် တိတ်ဆိတ်တဲ့၊ အနှောင့်အယှက်ကင်းတဲ့ နေရာကိုတော့ ရွေးချယ်ဖို့လိုအပ်ပါတယ်။ တရားထိုင်တာက ဘယ်အချိန်မဆိုလုပ်လို့ရပေမယ့် မနက်ခင်းပိုင်း တရားထိုင်တာက သင့်ကို ဘယ်လိုမျိုး ကောင်းကျိုးတွေ ပေးလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

(၁) ကော်ဖီ သောက်သုံးမှုပမာဏကို လျော့ချဖို့အတွက် ကူညီပေးနိုင်တယ်

မိနစ် (၂၀) လောက် တရားထိုင်တာက သင့်ကို စိတ်သက်သာပေါ့ပါးစေတဲ့ Parasympathetic အာရုံကြောစနစ်ကို နိုးထစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာထပြီးနောက် ပင်းပန်းနေသလို လေးလံထိုင်းမှုန်းနေသလို ခံစားနေရရင်တောင် မိနစ် (၂၀) လောက် တရားထိုင်ပေးတာက ကော်ဖီသောက်စရာမလိုဘဲ တစ်နေ့တာကို စတင်နိုင်မယ့် ခွန်အားပြည့်ဝစေတဲ့ Endophins ဟော်မုန်းဓာတ်တွေကို ထုတ်လွှင့်ပေးပါတယ်။ တစ်နေ့ကို ကော်ဖီခွက်အကြီး (၂) ခွက်သောက်နေကျကနေ ကော်ဖီအသေး (၁)ခွက်ပဲ သောက်ဖြစ်လာနိုင်ပါတယ်။

(၂ ) အာရုံစူးစိုက်အားကောင်းစေတယ်

ကျွန်တော်တို့အများစုက မနက်ခင်းအိပ်ရာထဖို့အတွက် နှိုးစက်ထားရတာကြိုက်ကြပါတယ်။ မနက် နှိုးစက်မြင်ရင်တောင် ပိတ်ပြီး ပြန်အိပ်တတ်ကြပါတယ်။ ပထမရက်အနည်းငယ်မှာတော့ အိပ်ရာထရတာက ခက်ခဲပါလိမ့်မယ်။ သင့်တစ်နေ့တာကို တရားထိုင်ခြင်းနဲ့စတင်မယ်ဆိုရင် တစ်နေ့တာလုံး အားအင်ပြည့်ဝစွာနဲ့ လန်းဆန်းနေမှာပါ။ တရားထိုင်ခြင်းက သင့်ကို အာရုံစူးစိုက်နိုင်အားကောင်းအောင်၊ အကောင်းမြင်စိတ်ကောင်းအောင် ကူညီပေးပါလိမ့်မယ်။ စစချင်းကို (၁၀-၁၅) မိနစ်လောက်ပဲ တရားထိုင်ပြီး နောက်ကျမှ တဖြည်းဖြည်းချင်း (၂၀-၃၀) မိနစ်လောက် တိုးသွားကာ တရားထိုင်ကြည့်သင့်ပါတယ်။

(၃) သန့်ရှင်းပြီးကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေ စားချင်လာအောင် ကူညီပေးတယ်

အလုပ်ခွင်မှာ စိတ်ဖိစီးတာနဲ့ အလုပ်ပင်ပန်းတာတွေက ကယ်လိုရီဓာတ်များတဲ့ အစားအစာတွေကို စားချင်စိတ်ဖြစ်လာစေပါတယ်။ ဒါပေမဲ့ တရားထိုင်တာက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို သက်သာသွားစေဖို့ ကူညီပေးတဲ့အတွက် သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေကို ရွေးချယ်စားသုံးဖို့ အလိုအလျောက်ကူညီပေးပါတယ်။ အရမ်းအစာစားချင် စိတ်မဖြစ်အောင်လည်း ကူညီပေးနိုင်ပါတယ်။

Ref: 3 amazing benefits of morning meditation

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top