တပ်မတော် ဌာနချုပ်၊ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးက တပ်တွင်းနေ တပ်မိသားစုဝင်များ နဲ့ စစ်မှုထမ်းဟောင်းများ၊ တပ်ပြင်နေ တပ်မတော်သား မိသားစုဝင်များအနေနဲ့ မဲဆန္ဒရှင်စာရင်း သွားရောက်ကြည့်ရှု စစ်ဆေးခြင်းတွေကို ပြုလုပ်ကြဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်ရုံး က အသိပေးနှိုးဆော် ထုတ်ပြန်လိုက်ပါတယ်။
တပ်မိသားစုဝင်များအနေနဲ့ မဲစာရင်းမှာ မိမိအမည် မပါဝင်ပါက ပုံစံ(၃)နဲ့ အမည်ထည့်သွင်းပေးရန်တောင်းဆိုတာ၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄) နဲ့ ကန့်ကွက်တာ၊ အချက်အလက်ပြင်ဆင်လိုပါက ပုံစံ(၄-ဂ) နဲ့ ဖြည့်စွက်ပြင်ဆင်တာတွေကို ပြုလုပ်သွားရန် လိုအပ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ရုံး ထပ်မံ အသိပေးနှိုးဆော်ထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရမယ့် မဲဆန္ဒရှင်စာရင်းတွေကို ပထမဆုံးအကြိမ်အနေနဲ့ ဇူလိုင်လ (၂၅) ရက်နေ့ မှ သြဂုတ်လ (၁၄) ရက်နေ့ အထိ ကြေငြာကပ်ထားမှာဖြစ်ပြီး သက်ဆိုင်ရာ၊ ကျေးရွာ၊ ရပ်ကွက် ရုံးတွေမှာ မနက် (၇) နာရီကနေ ည (၉) နာရီအထိ ကြည့်ရှုနိုင်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာ (၈) ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး ပထမဆုံးအကြိမ် မဲပေးခွင့်ရမယ့် လူဦးရေ (၅) သန်းနီးပါး နဲ့ မဲပေးနိုင်မယ့် မဲဆန္ဒရှင် စုစုပေါင်း (၃၇) သန်းကျော်ရှိနေပါတယ်။
Cherry(ရိုးရာလေး)