အပြည်ပြည်ဆိုင်ရာ ပြတိုက်နေ့ကို နှစ်စဉ် မေလ ၁၈ ရက်နေ့ဝန်းကျင်မှာ “ယဉ်ကျေးမှုဖလှယ်ခြင်း၊ ယဉ်ကျေးမှုများ တိုးပွားလာစေလိုခြင်းနဲ့ လူတွေအကြား နားလည်မှု ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာစေလိုခြင်း” စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ကြပါတယ်။ ဒါဟာ လူတွေရဲ့ မတူကွဲပြားတဲ့ ဓလေ့နဲ့ အရာအားလုံးကို တစ်စုတစ်စည်းတည်း ဖော်ပြတာလို့လည်း ဆိုနိုင်ပါတယ်။
အသက် ၂၄ နှစ်အရွယ် တက်စမင် ဟန်ဖာရီ (Tasmin Humphries) ကတော့ သူမရဲ့ အလွန်များပြားလှတဲ့ Super Man အမှတ်တရ ပစ္စည်း အမျိုးမျိုးကို ပြသခဲ့ပါတယ်။
အသက် ၄၁ နှစ်အရွယ် ကော်လိုရိုက် (Colorite) ကတော့ ဘာဘီရုပ်ပုံစံမျိုးစုံကို ဖလော်ရီဒါမှာ ပြသခဲ့ပါတယ်။ သူဟာ ဒေါ်လာ ၈၀၀၀၀ ဖိုးတန်ကြေးရှိတဲ့ အရုပ် ၂၀၀၀ အတွက် သူ့အိမ်ရဲ့ အိပ်ခန်းလေးခန်းကို အသုံးပြုပြီး သိမ်းဆည်းထားတဲ့ သူပါ။ ဒီအရုပ်တွေကို သူဟာ လွန်ခဲ့တဲ့ ၁၆ နှစ်ကျော် ကတည်းက စုဆောင်းလာခဲ့တာပဲ ဖြစ်ပါတယ်။
ကလေး ၄ ယောက်အဖေ အသက် ၅၃ နှစ်အရွယ် ဂယ်ရီ ကေရီ (Gary Kaye) ကတော့ ပါကင်လုပ်တဲ့ အိတ် ၈၀၀၀ ကျော်ကို စုဆောင်းကာ ပြန်လည်ရောင်းချပြီး ရရှိတဲ့ငွနဲ့ အလှူအတန်းတွေ ပြုလုပ်ခဲ့ပါတယ်။
ဂျက်လီဗိုး (Jeff Levo) လို့ခေါ်တဲ့ အသက် ၅၃ နှစ်အရွယ် ပုဂ္ဂိုလ်ကတော့ ထူးထူးခြားခြား ဘီယာသံဘူးတွေကို အသုံးပြုပြီး အားလပ်ရက် အပန်းဖြေစရာ သုခကမ္ဘာလေးကို တည်ဆောက်ထားသူပါ။ အမေရိကန်နိုင်ငံ ပန်ဆယ်လ်ဗေးနီးယား (Pennsylvania) ပြည်နယ် York Heaven မှာ Brewhouse Moutain အမည်ရှိတဲ့ တည်းခိုအပန်းဖြေစရာ အိမ်ကို နှစ်ပေါင်း ၄၀ ကျော်စုဆောင်းထားခဲ့တဲ့ ဘီယာသံဘူး ၈၇၀၀၀ ကျော်ကို သုံးပြီး တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။
Ref : CGTN “Folk Collectors on International Museum Day”
Cj (ရိုးရာလေး)